
ရန် ဖြစ်သည်ဟုပြောပါသည်။ ပါကစ္စတန်မှ တဆင့်တရုတ်အစိုးရသို့  ၄င်းဟယ်လီကော်ပတာ အစိတ်ပိုင်း များကိုရောင်းချမည်ကိုလဲ US မှစိုးရိမ်မိကြောင်း ထင်ကြေးပေး နေ ကြပါသည်။ တရုတ်အစိုးရသည် ယခင် Stealth Jet တိုက်လေယဉ်၏ပုံစံကိုခိုးယူပြီး ၄င်းတို့ မူပိုင်ဟန်ဖြင့်ပုံတူကူးခိုးချထားမှုရှိခဲ့သောကြောင့် US ၏တရုတ်ခိုး ချမှုကို စိုးရိမ်မှုသည် ဖြစ်နိုင်ကောင်းသည်ဟုလည်း အများကသုံးသပ်နေကြသည်။
ယခု Stealth Black Hawk (ဘလက်ဟော့ခ်) ရဟတ်ယဉ်သည် အသံမှာသာမန် ရဟတ်ယဉ်ထက်ကို လွန်စွာအ သံတိုးပြီး ညင်သာပေါ့ပါးစွာမောင်းနှ င် နိုင်ပြီး ရေဒါနှင့်လွယ်လွယ်ကူကူထောက် လှမ်းနိုင် ချင်းမရှိအောင် တည်ဆောက်ထားသည်။ ထို့ ကြောင့်ပါကစ္စတန် ကာကွယ်ရေးတပ်မှပင် အိုစမာဘင် လာဒင်အိမ် နားထိ ကပ်လာ သည့် တိုင်အောင် ၄င်းဟယ်လီကော်ပတာများ ပျံသန်းလာမှုကို မသိရှိ လိုက်ခြင်းဖြစ်ပြီး အနား ကပ်မှသာ အနီးပတ်ဝန်းကျင်မှလူများ အသံကြားသတိထားမိကြကြောင်း။
ထို Stealth Black Hawk နှင့်လိုက်ပါသော တပ်ဖွဲ့ အား လွန်ခဲ့သော လအနည်းငယ်ကပင်စတင်ပြီး ဘင်လာဒင် ၏အိမ်ပုံစံတူကို တည်ဆောက်ကာ ၀င်ရောက်စီးနင်းမှုကိုအပြင်းထန်လေ့ ကျင့်ပေးထားသည်။ ၄င်းတို့ သည် မိနစ်အနည်းငယ်အလိုမှသာ ၄င်းတို့ ဝင်ရောက်စီးနင်းရမည့် အိမ်သည် ဘင်လာဒင်၏အိမ်ဖြစ် ကြောင်း သိရှိ လိုက်ကြသည်။
အိုဘားမားမှယနေ့ ဘင်လာဒင်၏အလောင်းဓါတ်ပုံကိုထုတ်ပြရန်မသင့်ဟု ပြောဆိုလိုက်သည်။ ဘင်လာဒင် သည် ဦးခေါင်းတွင် အပစ်ခံရမှုကြောင့်ထိုဓါတ်ပုံကိုအသုံးပြုပြီး အကြမ်းဖက်သမားများမှ သွေးကြွ တိုက်ခိုက် ရန်လျှို့ ဆော်မှုဖြစ်ပေါ်နိုင်သောကြောင့်ဟုဆိုပါသည်။
See also : နှစ်ဆယ့်တစ်ရာစု၏ကွန်ပျုတာဂိမ်းနည်းပညာများ
စတီးလ်တိုက်လေ ယဉ်
ReplyDeleteIt's not စတီးလ်.
It's စတက်လ်.
H^ealth.
St^ealth.
SEE.