ယနေ့ လူ့ အခွင့်အရေး အဖွဲ့ များက ထိုင်းနှင့် သြစတျေးသျှနိုင်ငံတို့ ၏ မြန်မာနိုင်ငံအာဆီယံဥက္ကဌအဖြစ် သင့်၊မသင့် ဆိုသည့် ဝေဖန်ချက်အပေါ် ကြိုဆိုလိုက်ပါသည်။
မြန်မာနိုင်ငံသည် အာဆီယံ ဥက္ကဌအဖြစ်ဆောင်ရွက်ရန်မှာ လူ့ အ ခွင့်အရေးတိုးတက်မှုကိုယခုထက်ပိုမိုလေး စား ရန်လိုအပ်သေးကြောင်း နိုင်ငံရေးအကျဉ်းသားများ နှစ်ထောင်ကျော် ကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် လိုကြောင်း ထိုင်းနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး Mr. Kasit Piromya နှင့်သြစတျေးသျှနိုင်ငံခြားရေးဝန်ကြီး Mr.
Kevin Rudd တို့ ကပြောကြား လိုက်သည်။ နိုင်ငံရေးကျွမ်းကျင်သူ ပညာရှင်များမှလဲ မြန်မာနိုင်ငံတွင် ပါလီ မန်အသစ်ပေါ်ပေါက်လာသော် လည်း စစ်အုပ်ချုပ်ရေးသည်အဓိကနေရာ မှနိုင်ငံရေးအာဏာကိုကြိုး ကိုင် ခြယ် လှယ်နေသေးကြောင်း၊စစ်မှန်သည့် ဒီမိုကရေစီသည် မြန်မာနိုင်ငံတွင်သိသာထင်ရှားခြင်းမ ရှိသေးကြောင်းကောက်ချက်ချနေကြသည်၊
မြန်မာနိုင်ငံ သို့ ၂၀၁၁ ခုနှစ်တွင်း သွားရောက်ရန်အစီစဉ်ရှိသော သြစတျေးသျှနိုင်ငံခြားရေးဝန်ကြီး မှ လည်း မြန်မာနိုင်ငံသည် နိုင်ငံရေးရာတွင် ပိုမိုလွတ်လပ်မှုရှိသည့် အသိုင်းအ၀ိုင်းတစ်ခုမြန်မာနိုငံ တွင်ဖြစ်ပေါ် ရန် လိုအပ်နေသေးကြောင်း၊ ထိုင်းမြန်မာနယ် စပ်ရှိ တစ်သိန်းတစ်သောင်းကျော်ရှိနေသော မြန် မာပြည် မှ နိုင်ငံရေး ဒုက္ခသည်များအရေးသည်လည်း အရေးတယူဆောင်ရွက်ရန်လိုအပ်နေသေးကြောင်း အင်ဒိုနီး ရှားနိုင်ငံတွင်ကျင်း ပနေသောအာဆီယံအစည်းဝေးတွင်ပြောကြားသွားပါသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးမှလည်း မြန်မာနိုင်ငံအနေနှင့် အာဆီယံတွင် ဥက္ကဌအဖြစ်တာဝန်ယူလိုပါက အာဆီ ယံနိုင်ငံများ၏ သတ်မှတ်ချက်အတိုင်း နိုင်ငံတွင်း လူ့ အခွင့်အရေးတိုးတက်မှုကို အများအသိမှတ်ပြုလက်ခံနိုင် သည့် အဆင့်ထိတိုးတက်လုပ်ဆောင်မှုလိုအပ်ကြောင်း၊ အထူးသဖြင့် အာဆီယံနိုင်ငံတွင်းတွင် အားလုံးခြုံငုံပြီး လက်ခံနိုင်မှုရှိသည့်အဆင့်ထိတိုင်အောင်လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောကြားသွားသည်။
အခြားသော အစိုးရမဟုတ်သည့် အာဆီယံမူကွဲ ကွန်ယက်အဖွဲ့ မှတာဝန်ရှိသူ Ms. Debbie Stothard မှထိုင်းနိုင်ငံနှင့် သြစတျေးသျှနိုင်ငံတို့ ၏ရပ်တည်မှုအပေါ်ကြိုဆိုပြီး မြန်မာနိုင်ငံသည် နိုင်ငံရေးအကျဉ်းသား များအားလုံးကိုလွတ်ပေးပြီး တိုင်းရင်းသားလူနည်းစုများအပေါ် စက်ဖက်ရေးရာအရ နှိပ်ကွပ်နေမှုကို မရပ် တန့် သေးမချင်း အာဆီယံဥက္ကဌတာဝန်ကိုယူရန်မသင့်ကြောင့်း၊ အာဆီယံအနေနှင့်မြန်မာနိုင် ငံ မှ နိုင် ငံရေးအကျဉ်းသားများအား ခြွင်းချက်မရှိလွှတ်ပေးခြင်းမရှိသေးပဲ ဥက္ကဌတာဝန်ပေးအပ်ခြင်းဖြင့် အာဆီ ယံတွက် မည်သည့်ဂုဏ်သိက္ခာအကျိုးမှမရှိပဲ နာမည်ကောင်းထွက်မည် မဟုတ်ဟုပြောကြားသွားပါသည်။
အခြားသောအာဆီယံအဖွဲ့ ဝင်နိုင်ငံများဖြစ်သော ဖိလစ်ပိုင်၊ အင်ဒိုနီးရှား မှလည်း မြန်မာလက်ရှိဦးသိန်းစိန် အစိုးရ အနေဖြင့်အာဆီယံဥက္ကဌတာဝန်ကို လက်ခံယူချင်ပါလျှင်ပိုမိုသိသာထင်ရှားသောနိုင်ငံရေးရာတိုး တက်ပြောင်းလဲ မှု မြန်မာနိုင်ငံတွင်းရှိ ဖို့ လိုသေးကြောင်းပြောကြားသွားသည်။
ယခုကဲ့သို့ အာဆီယံတွင်းဝေဖန်နေချိန်မှာပင် မြန်မာနိုင်ငံတွင်း သတင်းမီဒီယာ များကို တင်းကျပ် စွာပိတ် ပင်ခြင်း။ ဂျာနယ်တစ်ခုအားထုတ်ဝေခွင့် နှစ်ပတ်ပိတ်ပင်ခြင်း၊ ဦးကျော်သူ၏နိုင်ငံရေးနှင့် မပတ် သက်သော လူမှုရေး၊နာရေး မှတ်တမ်းခွေများကိုပင် ဆင်ဆာအဖွဲ့ သို့ တင်သွင်းရန်အတင်းကျပ် ဖိအားပေးမှုများ၊ အင်တာ နက်ဆိုင်များတွင် မိမိကိုယ်ပိုင် USB ကဲ့သို့ သောဖိုင်သိုလှောင်သည့် ကရိယာများကို သုံးစွဲခြင်းမှပိတ်ပင်ခြင်း အစရှိသော အသေးဖွဲ လူ့ ဘောင် အဖွဲ့ စည်း၏နေ့ စဉ်လုပ်ရပ်များကိုပင် သိန်းစိန်အစိုးရမှ ပိတ်ပင်ခြင်း များရှိလာနေသည်ဟု သတင်းများက ဖေါ်ပြနေကြပါသည်။
No comments:
Post a Comment
ဝေဖန်ရေးတွက်နေရာ