Objective Burma Burma blog

Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။


ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။

May 17, 2011

ဗိုလ်သိန်းစိန်သို့ အကြံပြုချက် (မြန်မာသံရုံးများမှ ၀င်ကြည့်နေသူများ ပြန်လည်သံတော်ဦးတင်သင့်သည်။)

 သမ္မတဆိုသည်မှာ ပြည်သူများမှ ခိုင်းစားရန်တာဝန်ပေးထားခြင်းသာဖြစ်သည်။ ထိုင်ရှိခိုးရန်မဟုတ်။


ဦးသိန်းစိန် (သို့ ) သမ္မတကြီး သိန်းစိန်နှင့်သံဝန်ထမ်းများခင်ဗျား

အာဆီယံက ဥက္ကဋ္ဌဖြစ်ချင်ဇောနှင့် အာဆီယံကအနည်းငယ်ညာသံပေးလိုက်တာ ဦးသိန်းစိန် အနေနှင့် ယနေ့ လို အပေါ်ယံအကျဉ်းသားလွှတ်ပြခြင်းဟာ လွန်စွာရယ်စရာကောင်းနေသောကြောင့် အမြင်မတော်သောကြောင့် အချိန်မှီပြန်လည်ပြုပြင်နိုင်ရန် စေတနာကောင်းနှင့်တင်ပြအပ်ပါသည်။

အာဆီယံမှ မြင်ချင်သည်မှာ နိုင်ငံရေးအရ နှိပ်ကွပ်ခံထားရသော နှစ်ရှည်နိုင်ငံရေးအကျဉ်းသား ကိုချွင်းချက်မရှိ လွှတ်ပေးရန်ဖြစ်ပါသည်။ ယခုကဲ့သို့ လူရယ်စရာဖြစ်အောင် စတိသဘောနှင့် အချို့ သောအကျဉ်းသားများကို လွှတ်ပေးခြင်းဖြင့် မည်သို့ မျှမထိရောက်ပါ။ မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ နှိပ်ကွပ်ခံထားရသော နိုင်ငံရေးအ ကျဉ်းသားနှစ်ထောင်ကျော်ရှိကြောင်းကမ္ဘာက စာရင်းအတိကျနှင့်သိရှိထားပါသည်။ နာမည်ကြီး များဖြစ် သော ခေါင်းဆောင်များ နှင့်တကွ အားလုံးသော နိုင်ငံရေးအကျဉ်းသားများအားလွှတ်ပေးခြင်းနှင့် အတူ လူကြီးမင်းတို့ ၏ ချုပ်ချယ်မှုစံနစ်ကြီးတစ်ခုလုံးပြောင်းလဲပါ။ တိုင်းရင်းသားများ ဖိနှိပ်မှုရပ်တန့် ပါ။
ထိုသို့ ဆိုလျှင် ဦးသိန်းစိန်ကြီး တို့ လွန်စွာမှလိုချင်နေသော ဂုဏ်သိက္ခာ (သို့ ) ဥက္ကဋ္ဌ တာဝန်ကို ရရှိကောင်းရပါလိမ့်မည်။ ယခုကဲ့ သို့ နအဖလက်ထွက်ပီပီ ခွေးမြီးကောက် ကျဉ်ထောက်စွပ် သကဲ့သို့  ဆက်လက်လုပ်ဆောင်နေပါလျှင် အာဆီယံလည်း ခွေးဘ၀ရောက်ပါလိမ့်မည်။ အာဆီယံနှင့်တကွ ကမ္ဘာကြီး သည်ငတုံးများမဟုတ်သောကြောင့် လူကြီးမင်းတို့ ၏ လုပ်ရပ်များကိုအချိန်မှီပြုပြင်နိုင်ရန် အကြံပြုအပ် ပါသည်။

No comments:

Post a Comment

ဝေဖန်ရေးတွက်နေရာ