Objective Burma Burma blog

Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။


ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။

May 14, 2011

အပြာကားကြိုက်သောဘင်လာဒင်

အိုစမာဘင်လာဒင် အိမ်ကို ၀င်စီးစဉ်တွင် အပြာကားခွေအမြောက်အများကို သိမ်းဆည်းရမိခဲ့သည် ဟု အမည်မဖေါ်လိုသူစစ်ဘက်ဆိုင်ရာအမေရိကန်အရာရှိများမှရိုက်တာသတင်းဌာနသို့  သောကြာနေ့ တွင်
ပြောကြား လိုက် ပါ သည်။


ဘင်လာဒင်နေအိမ်မှ ၄င်းသိမ်းဆည်းရမိသော အပြာကားဗွီဒီယိုများသည် ခေတ်ပေါ်နည်းပညာများဖြင့်ရိုက် ကူးထားသော ဗွီဒီယိုများအမြောက်များပါဝင်ကြောင့်း နှင့် ထိုဗွီဒီယိုများကို ဘင်လာဒင်ကိုယ်တိုင်နှစ်သက်၍ သိမ်းဆည်းထားသည်လား သို့ မဟုတ်တစုံတစ်ဦးမှ သိမ်းဆည်းထားသည်လားဆိုတာကို တော့ ကွဲကွဲပြားပြား မသိရှိနိုင်ဟု ၄င်းအမည်မဖေါ်လိုသူ အရာရှိများမှ ပြောပါသည်။

ဘင်လာဒင်အိမ်တွင် အင်တာနက်နှင့်တယ်လီဖုန်းများတပ်ဆင်ထားခြင်းမရှိမှုကြောင့် ထိုအများအပြား ဗွီဒီယို အပြာကားများကို ကွန်ပျုတာတွင်း နှင့် DVD/CD/Video ခွေများဘယ်သို့ ဘယ်ပုံရရှိသည်မှာမရှင်းမလင်းဖြစ်နေ သည်။ သို့ သော် ဘင်လာဒင် ကိုယ်တိုင် ၄င်းပုံကို ရုပ်သံတွင်လာနေသည်ကို ထိုင်ကြည့်နေသော ဗွီဒီ ယိုခွေ ကို တွေ့ ရှိရမှုကြောင့် ဘင်လာဒင်နေအိမ်တွင်  DVD နှင့် Video ပြစက်ရှိနေသည်ဟုသေချာပေါက်ယူ ဆနိုင် ပါသည်။

အစ္စလံအစွန်းရောက်ဝါဒီအိမ်တွင် ယခုကဲ့သို့ ညစ်ညမ်းခွေများကို တွေ့ ရှိရခြင်းမှာ ထုံးစံမဟုတ်သကဲ့သို့ လွန် စွာစဉ်းစားရခက်ကြောင်းလဲ ၄င်းအရာရှိမှပြောကြားသွားပါသည်။

သတင်းကိုးကား။ ရိုက်တာ

No comments:

Post a Comment

ဝေဖန်ရေးတွက်နေရာ