Objective Burma Burma blog

Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။


ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။

May 14, 2011

နအဖ ပစ်၊ ၀တစ်ယောက်သေ

ထိုင်းမြန်မာနိုင်ငံနယ်စပ်အနီးတွင် ထရပ်ကားပေါ်လိုက်ပါလာသော ၀တပ်ဖွဲ့ အားနအဖ တပ်သားများပစ်ခတ် မှုကြောင့် ၀တပ်မှ တစ်ဦးသေဆုံးပြီး ကားလဲပျက်စီးသွားဟု ရှမ်းသတင်းမှဖေါ်ပြလိုက်သည်။ မည်သည့်တပ်မှပစ် ခတ်သည်ကိုမူ မသိရှိရကြောင်းနှင့် ၄င်းနေရာတ၀ိုက်တွင် ခလရ ၅၁၉ နှင့်၂၂၅ တို့ လှုပ်ရှားလျှက်ရှိကြောင်း ရွာ သားများမှတဆင့်သိရသည်။


ထိုင်းမြန်မာနယ်စပ် စောင့်ကြည့်သူများကတော့ "ဒီဝတွေကအလကား လေကျယ်နေတာပါ။ အ၇င်နှစ်ကလဲ ပစ်ခံရပြီး မြန်မာနအဖ စစ်တပ်က ပြန်တောင်းပန်လိုက်တော့ဒီတိုင်းပြီးသွားတာပဲ။ သူတို့ ကသိန်းစိန် အ စိုးရနှင့် ပေါင်းပြီး စီးပါးရေးလုပ်စားချင်နေတာပါ စစ်တိုက်ချင်တဲ့သူတွေ မဟုတ်ဖူးဟု" ဝေဖန်သွားသည်။

No comments:

Post a Comment

ဝေဖန်ရေးတွက်နေရာ