စွယ်စုံကျမ်းလိပ်စာ ပါ ဦးသန်းရွှေအကြောင်းမူရင်း Link
ဦးဆောင်မှု ပုံစံ
ဗိုလ်ချုပ်မှူး ကြီးသန်းရွှေသည် အစပိုင်းတွင် သူ၏ ရှေ့ကလူထက် ပိုမိုပျော့ပျောင်းသည့် သဘောကို ဆောင်ခဲ့သည်။ ၁၉၉ဝ ပြည့်နှစ် ရွေး ကောက်ပွဲကို ဖျက်သိမ်းပြီးကတည်းက နေအိမ်အကျယ်ချုပ်ထားခြင်း ခံရသော ဒီမိုကရေစီခေါင်းဆောင် [ဒေါ်အောင်ဆန်းစုကြည်][1] အား ကန့်သတ် ပိတ်ပင်မှုများကို လျှော့ပေးပြီး နိုင်ငံရေးအကျဉ်းသားများကိုလည်း လွှတ်ပေးခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် တိုင်း ပြည်၏ တရားဝင်အင်္ဂလိပ်အမည် ဘားမားကို(ဘားမားဟူသည့်အမည်သည် နိုင်ငံတော်အတွင်း လူဦးရေအများဆုံးဖြစ်သည့် ဗမာလူမျိုးကိုသာ ကိုယ်စားပြုထားသောကြောင့် တစ်နိုင်ငံလုံးအား ကိုယ်စားပြုစေမည့် အမည်နာမ) မြန်မာဟု ပြောင်းလဲခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် ဖွဲ.စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အသစ် စတင်ရေးဆွဲစေခဲ့သည်။ ဗိုလ်ချုပ်မှူး ကြီးသန်းရွှေသည် စီးပွားရေးကို နိုင်ငံတော်က ထိန်းချုပ်မှုအချို့ ကို လွှတ်ပေးခဲ့ပြီး အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ)သို့ မြန်မာနိုင်ငံ ဝင်ရောက်ရေးအား လိုလားထက်သန်ခဲ့သည်။ နိုင်ငံရေး ခြစားမှုကို ကိုယ်တိုင်ကြီး ကြပ်တိုက်ဖျက်ပြီး ၁၉၉၇ ခုနှစ်တွင် ဝန်ကြီးအချို့ ကို အရေးယူခဲ့သည်။ ၄င်းသည် အာဏာကို နိုင်ငံတော် ဥပဒေပြုရေးနှင့် စီမံအုပ်ချုပ်ရေးတို့ တွင် တွင်ကျယ်စွာအသုံးပြုခဲ့သည်။ဝေဖန်ခြင်းကို လက်မခံသူဟု ရှုမြင်ကြသော်လည်း ကမ္ဘာ့ ကြက်ခြေနီ အဖွဲ. (International Committee of the Red Cross) နှင့် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ. (Amnesty International ) တို့အား မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့်ကို ပြုခဲ့သည်။သတင်းလွတ်လပ်ခွင့်ကိုလည်း ချုပ်ခြယ်ထားသည်ဟု အချို့သော သတင်းသမားများမှ ယူဆကြသည်။ ၁၉၉ဝ ခုနှစ်က [ဒေါ်အောင်ဆန်းစုကြည်အား][2] လွှတ်ပေးခဲ့သော်လည်း ၂ဝဝ၃ခုနှစ်တွင်(နိုင်ငံတော်ဖျက်ဆီးသူများ၏ ရန်မှကာကွယ်ခြင်းဥပဒေဖြင့်) ပြန်လည်ထိန်းသိမ်းခဲ့သည်။မကြာသေးမှီက(၂၀၁၀ နှစ်ကုန်ပိုင်း)တွင် ဒေါ်အောင်ဆန်းစုကြည်အား ပြန်လည်လွှတ်ပေးခဲ့သည်။ မြန်မာ့စီးပွားရေးအား တင်းကျပ်စွာ ထိန်းချုပ်ခြင်းအား လျှော့ချပေးခဲ့သော်လည်း သူ၏စီးပွား ရေးဆိုင်ရာမူများနှင့် ဒီမိုကရေစီဖော်ဆောင်ရေးတို့ မှာ လိုအပ်ချက်များ ရှိနေသေးသည်ဟု အချို့မှထင်မြင်ယူဆကြသည်။ သူသည် ထင်ရှား ပေါ်လွင်စွာ မနေပေ။ နိုင်ငံပိုင်သတင်းစာများတွင် ရုံးပိတ်ရက်နှင့် အခါကြီး နေ့ကြီးများတွင် သဝဏ်လွှာများ ရေးပို့လေ့ရှိပြီး သတင်ဌာနများအား တိုက်ရိုက် စကား ပြောခြင်း မရှိပေ။ သူသည် အနားယူရမည့်အသက်(၆၀) ကျော်လွန်ပြီဖြစ်သော်လည်း တာဝန်ထမ်းဆောင်ဆဲဖြစ်သည်။ ဗိုလ်ချုပ်မှူး ကြီးသန်းရွှေ၏ဇနီး ဒေါ်ကြိုင်ကြိုင်မှာ ပအို့ဝ်တိုင်းရင်းသူတစ်ဦး ဖြစ်သည်။ ၄င်းဧ။်လက်ထက်(၁၉၉၂မှ၂၀၁၀)၁၈ နှစ်တာကာလတွင် ၄င်းဧ။် လက်ထက်တွင် သူဧ။် ဦးဆောင်မှုဖြင့် လမ်းများ တံတားများ ဆည်တာတမံများ ရေအားလျှပ်စစ် စက်ရုံ အလုပ်ရုံများ အဆောက်အအုံများ၊စက်မှုဇုန်များကို တိုးချဲ့ ဆောက်လုပ်ခဲ့ပြီး နိုင်ငံတော် ကာကွယ်ရေး အင်အားစုကို တိုးချဲ့ မွမ်းမံခဲ့သည်။၎င်း အုပ်ချုပ်စဉ် ကာလအတွင်း အမျိုးသား ညီလာခံ ကျင်းပခြင်း၊ တောတွင်းလက်နက်ကိုင် အဖွဲ့ အစည်းများကို ငြိမ်းချမ်းရေးရယူကာ တပ်မတော် အတွင်းသို့ နယ်ခြားစောင့်တပ်အဖြစ်တရားဝင် အသွင်ကူးပြောင်းခြင်း၊ မြန်မာနိုင်ငံ အခြေခံဥပဒေသစ်ကို ပြဌာန်းခြင်းနှင့် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲကျင်းပပေးခြင်း တို့ကိုဖော်ဆောင်ခဲ့သည်။ အုပ်ချုပ်နေစဉ်ကာလအတွင် သဘာဝဘေးအန္တရာယ် ဖြစ်စဉ်များပေါ်ပေါက်ခဲ့ရာ နာဂစ်မုန်တိုင်းသည် အသေအပျောက်အများဆုံး ဘေးအန္တရာယ်ဖြစ်ခဲ့ပြီး မြန်မာ့ဒီရေတောများ ပျက်ဆီးခဲ့ပေသည်။ အတိုက်အခံများမှ ရွှေဝါရောင်တော်လှန်ရေးဟု အမည်ပေးထားသည့် ဆန္ဒပြပွဲလည်း ဖြစ်ခဲ့သေးသည်။ယနေ့အချိန်တွင် နိုင်ငံပိုင်လုပ်ငန်းအားလုံး၏ ကိုးဆယ်ရာခိုင်နှုန်းအား ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပေးခဲ့ပြီးဖြစ်သည်ဟု နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ဖော်ပြထားသည်။ [1]
No comments:
Post a Comment
ဝေဖန်ရေးတွက်နေရာ