![]() |
ဓါတ်ပုံ၊ Yangon now |
ယနေ့ မေ ၃ရက် ရန်ကုန်မြို့ ညောင်ပင်လေးဈေးမှာကျန်းမာရေး ၀န်ကြီးဌာနမှ သူများနှင့်စည်ပင်သာယာမှ လူများရဲစ ခန်းမှ ယူနီဖောင်းဝတ် ရဲကြီး ရဲလေးများ ကားကြီးငယ် အသွယ် သွယ်ဖြင့်
အပြည့် အ၀နေရာယူပြီး အစား အသောက် များကို စစ်ဆေးကြ ပါသည်။ မြန်မာ့ရုပ်သံအဖွဲ့  မှလဲ ကင်မရာများဖြင့် ရိုက်ကူးနေသည်ကို လူအ များတွေ့ ကြရပါသည်။ ကျွန်တော့်ကိုယ်တွေ့ အရ တိုးတက်သောနိုင်ငံများတွင်အစားအသောက်စစ်ဆေးသည်ဆိုရာဝယ် ဆိုင်များမှ အစားအသောက်အနည်းငယ်စီကို ၀ယ်ယူပြီးဓါတ်ခွဲခန်းတွင်စမ်းသပ်ပြီးလို အပ်ပါကသက်ဆိုင်ရာကိုအ ကြောင်းကြားပြီး အရေးယူမှု ကိုသာပြုလုပ်ကြပါသည်။ အစားအသောက်စစ်ဆေးခြင်း သည်ရဲနှင့် မည်သို့ မျှသက်ဆိုင်သော အလုပ်မဟုတ်ပါ။ ယခုကဲ့သို့ ဟန်ရေးပြတီဗွီရိုက်ပြပြီး နောက်ကွယ်တွင် ဒုံရင်းဒုံရင်းဖြစ်နေ သည်မှာနှစ်ပေါင်းများစွာကြာရှိနေပါပြီး။ ထိုကဲ့သို့ မရောင်ရာဆီလူးသောလုပ် ရပ်များကိုရပ်တန့်ပြီး မိမိတို့ နှင့်သက်ဆိုင်သောအလုပ်ကိုသာမိမိ တို့ လုပ်ကြလျှင်ပြည်သူ့  အခွန်တော်ငွေ များနှင့်ရပ်တည်နေသောထိုအဖွဲ့ စည်း များကိုလူထုကပိုမိုလေးစားလာမည်ဖြစ်ကြောင်းစေတနာဖြင့် တင်ပြလိုက်ပါသည်။ စစ်တပ်မှလဲစစ် တပ်အလုပ်လုပ်ပြီးနိုင်ငံရေးတွင်ကြားနေလျှင် လူထုလေးစား မည်ဖြစ်ပါကြောင်း လည်းကြုံကြိုက်တုန်းလေး အသိပေးချင်ပါသည်။ ယခုကဲ့သို့ ဈေးတန်းအစားသောက် သန့် ရှင်းမှုရှိမရှိစစ်ဆေးရာမျာ မှုးယစ်ဆေး ၀ါးဂိုဏ်းဝင် စီးသကဲ့သိ့ဟန်ရေးပြနေသည် မှာနိုင်ငံတကာ စံချိန်နှင့်ယှဉ်လျှင်လွန်စွာရှက်ဖွယ်ဖြစ်နေပါသည်။ ဘယ်လိုမှ အမြင်မတော်ပါ။
တလောက လမ်းလယ်ကောင်ဒမြမှု ကိုယနေ့ထက်တိုင်ဖြေရှင်းနိုင်မှုမရှိပဲ မလိုအပ်သောနေရာယခုကဲ့သို့ ဟန်ရေးပြခြင်း သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အတွက် လွန်စွာရှက်ဖွယ်ကောင်းသောလုပ်ရပ်ဖြစ်ပါသည်။
Objective -Burma
တလောက လမ်းလယ်ကောင်ဒမြမှု ကိုယနေ့ထက်တိုင်ဖြေရှင်းနိုင်မှုမရှိပဲ မလိုအပ်သောနေရာယခုကဲ့သို့ ဟန်ရေးပြခြင်း သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အတွက် လွန်စွာရှက်ဖွယ်ကောင်းသောလုပ်ရပ်ဖြစ်ပါသည်။
Objective -Burma
No comments:
Post a Comment
ဝေဖန်ရေးတွက်နေရာ