Objective Burma Burma blog

Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။


ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။

Jun 6, 2011

ဘုရားသုံးဆူစရဖရုံးဗုံးဖေါက်ခံရ

RFA: ဘုရားသုံးဆူစရဖရုံးဗုံးဖေါက်ခံရ (ဖတ်ရန်ကလစ်ပါ)

မြက်မြင်သက်သေအပြော

သုံးနာရီ ခွဲဖို့ ငါးမိနစ် အလိုပေါ့နော်၊ မြန်မာနာရီနဲ့ဆိုရင်။ စရဖ ရုံးက Informer တယောက် ပြေးထွက်လာတယ်။ ကျနော်လည်း ဘာဖြစ်တာလဲဆိုပြီး သွားကြည့်လိုက်တော့ မျက်နှာဖုံးစွပ်နဲ့ လူ နှစ်ယောက် စရဖ ရုံးကို သေနတ်နဲ့ ပစ်ပြီးတော့ ပြန်ထွက်လာတယ်။ ပြန်ထွက်လာတော့ ကျနော်တို့ဘက် ပြေးလာပြီးတော့ ဓမ္မာရုံအရှေ့ ရောက်လာတယ်။ ရောက်လာပြီးတော့ တယောက်က ဓမ္မာရုံထဲ ဝင်သွားတယ်။ လူတွေက အကုန်လုံး ပြေးကုန်ပြီးတော့ သူက လူထုကိုတော့ မပစ်ဘူး။ ဟိုမှာ စရဖ ရုံးက အသံကြားပြီးသား ဆိုတော့ လူတွေက ပြေးကုန်ကြတယ်။ ကျနော်တို့လည်း အိမ်ထဲ ပြန်ပြေးဝင်တာပေါ့။ သူတို့လည်း ထွက်သွားရော ကားတစီးကို သေနတ်နဲ့ ချိန်ပြီးတော့ တားပြီးတော့ သူတို့ပြန်ထွက်သွားတယ်။ သူတို့ ထွက်သွားတဲ့အချိန်မှာ ကျနော်တို့လည်း လိုက်ထွက်လာတော့ ဓမ္မာရုံနားပဲ ရောက်သေးတယ် ဓမ္မာရုံမှာ ထ,ကွဲတာ။ ချိန်ကိုက်ဗုံး ဖောက်ပြီး ထွက်သွားတာပေါ့။ စရဖ ရုံးမှာ အရင်ကွဲတယ်”

No comments:

Post a Comment

ဝေဖန်ရေးတွက်နေရာ