Photo: Yahoo |
သူသည် အိန္ဒိယနိုင်ငံတွင်
ယောဂ ကျင့်စဉ်များကို ရုပ်မြင်သံကြားမှတဆင့် နေ့ စဉ်ထုတ်လွင့်သင်ကြားပေးနေ သူဘာသာရေးခေါင်းဆောင်ဖြစ်ပြီး သူ့ ကို ထောက်ခံလိုက်ပါသော တပည့်များမှာ သန်းနှင့်ချီပြီး ရှိနေသည်။ နယူးဒေလီမြို့ တွင် လွန်ခဲ့သောရက်အနည်းငယ်မှ စတင်ပြီး အင်္ဂလိပ်အစိုးရလက်ကျန် ဥပဒေအားလုံး ၀ ပြောင်းလဲ ပြစ်၇န်နှင့်လဒ်ပေးလဒ်ယူမှုကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်၇န် တောင်းဆိုပြီး အစာငတ်ခံဆန္ဒပြနေခြင်းဖြစ်သည်။ သူသည် လွန်စွာ နာမည်ကျော်ကြားသူ ဖြစ်ပြီး တိုင်းပြည်မှ လေးစား ရသည့် ဘာသာရေးခေါင်းဆောင်ဖြစ်နေခြင်းကြောင့် အိန္ဒိယအစိုးရအနေနှင့် လွန်စွာ အကြပ်တည်းတွေ့ နေ သည်။
၎င်း၏ပြောခွင့်ရပုဂ္ဂုလ်မှ ထိုယောဂီနှင့် နောက်လိုက်များ အစာငတ်ခံဆန္ဒပြနေမှုကို အိန္ဒိယအစိုးရအနေနှင့် အကြမ်းဖက်နှိမ်နင်းလာပါက လိုအပ်လျှင်၎င်းတို့ ကိုယ့် ကိုယ်ကိုကာကွယ်ရန် စစ်သည်အင်အား ၁၁၀၀၀ ကို လက်နက်တပ်ဆင်ရန် အသင့်ရှိနေသည်ဟု ဘာသာရေး ရုပ်မြင်သံကြားလိုင်းမှတဆင့် အိန္ဒိယအစိုးရ အား ပေါ်ပေါ်တင်တင် ယနေ့ စိမ်ခေါ်လိုက်သည်။
No comments:
Post a Comment
ဝေဖန်ရေးတွက်နေရာ