Objective Burma Burma blog

Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။


ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။

Jul 1, 2011

ဗြိတိန်နိုင်ငံမှာ အစိုးရ၀န်ထမ်းများ အကြီးကျယ်ဆန္ဒပြနေ

ဗြိတိန်နိုင်ငံမှာ ပင်စင်ပေးသက် နောက်ဆုတ်ခြင်းတွက် လူဝင်မှုကြီးကြပ်ရေး၊ အကောက်ခွန် နှင့် ပညာရေးဝန် ထမ်းများ အလုပ်မှရပ်နားပြီး ဆန္ဒပြနေကြပါသည်။ ယခုဆန္ဒပြမှုသည် ၁၉၂၆ ခုနှစ်နောက်ပိုင်း ဗြိတိန်နိုင်ငံ၏ အကြီးမားဆုံးသော အလုပ်သမားသပိတ်ဖြစ်သည်။

ဗြိတိန်နိုင်ငံသို့ ဝင်ရောက်မည့်သူများ အနေနှင့် လေဆိပ်တွင် ၀န်ထမ်းများ သပိတ်မှောက်မှုကြောင့် လုပ်ငန်းများ ရပ်ဆိုင်းနိုင်သည်ဖြစ်သောကြောင့် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရန်တွက် ကြိုတင်ပြင်ဆင်ကြပါရန် အစိုးရမှ နှိုးဆော်ထားသည်။

No comments:

Post a Comment

ဝေဖန်ရေးတွက်နေရာ