Objective Burma Burma blog

Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။


ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။

Jul 1, 2011

သြစတေးလျ နိုင်ငံသား မြန်မာတိုင်းပိုင်ရှင် ဒန်ကလေ ပြန်လွှတ်လာ

Photo Reuter
မြန်မာတိုင်မ်းစ် သတင်းစာတိုက်ပိုင်ရှင် မစ္စတာ ဒန်ကလေ ယနေ့ ပြန်လွှတ်ပေးလိုက်သည်။ သူသည် ပြည့်တန်ဆာ မှုနှင့် ရင်ဆိုင်နေရပြီး နောက် တရားရုံးမှ သူ့ အား အခြားသော စွပ်စွဲချက်များကို ပယ်ဖျက်ပြီး အမျိုးသမီး အား အတင်းအကြပ်မူးယစ်ဆေးတိုက်ကျွေးမှုနှင့်သာ အမိန့် ချလိုက်သည်။ သူ့ အား တရားရုံးမှ ထောင်ဒဏ် ရက်သုံးဆယ် ကျခံစေရန် အမိန့်ချလိုက်သည်။ သို့ သော် သူသည် အကျဉ်းခန်းတွင် ရက်ပေါင်း ၄၇ ရက်ခန့် နေပြီးပြီး ဖြစ်သောကြောင့် ထောင်ဒဏ်ရက်သုံးဆယ်အား ထိုအကျဉ်းကျရက် မှထုတ်နှုတ်မှုကြောင့်ပြန်လွတ်လာခြင်းဖြစ်သည်။


မှတ်ချက်။  ။ မူးယစ်ဆေးဝါးလက်ဝယ်ရှိမှုနှင့်ပင် သာမန်နိုင်ငံသားတစ်ဦး ထောင်၆လ ခန့်ကျနိုင်သည် ယခု လက်ဝယ်ရှိမှုအပြင် သူတပါးအား အတင်းကျပ်တိုက်ကျွေးမှု ဟုဆိုပြီး ထောင် ရက်သုံးဆယ်ဆို သည်မှာ မြန် မာနိုင်ငံ၏ တရားစီရင်ရေးကို ပြန်လည်မေးခွန်းထုတ်စရာဖြစ်နေပါသည်။

No comments:

Post a Comment

ဝေဖန်ရေးတွက်နေရာ