Objective Burma Burma blog

Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။


ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။

Jul 2, 2011

ထူးခြားသော ဗုံးပေါက်မှုများ

ရွေလီရှိရေအားဓါတ်အားပေး ခြံစည်းရိုးနားမှာ ၂၉ ဇွန် ညကဗုံးပေါက်သွားပါတယ်။ ပြီး မပေါက်သေးတဲ့ အခြားဗုံး နှစ်လုံးကိုလဲ ထပ်ဆင့်ဖေါ်ထုတ်ခဲ့တယ်လို့ဆိုပါသည်။

တိုက်ဆိုင်မှုတစ်ခုလူတွေ သတိမထားမိတာရှိတယ်ဗျ။ မြန်မာပြည်မှာ ဗုံးပေါက်တိုင်းပေါက်တိုင်း အောက်ပါအချက်များကို တွေ့ ရှိရမှာဖြစ်ပါသည်။

၁) အသံလွန်စွာ ကျယ်လောင်ပြီး ထိခိုက်မှုမရှိခြင်း
၂) တစ်လုံးပေါက်ပြီးပါက နောက်ထပ်မပေါက်သေးသော ဗုံးများကို ထပ်မံတွေ့ ရှိကြောင်းပြောကြားခြင်း (လွန်စွာထူးဆန်းသော အမြဲတမ်းတိုက်ဆိုင်မှုဖြစ်သည်)
၃) ဗုံးပေါက်ပြီးတိုင်း နေ့ခြင်းပင် မည်သူမည်ဝါ ပြုလုပ်သည်ကို မည်သို့ မည်သည့်အချိန်မှ ထောင်သွားသည်ကို ရှာဖွေတွေ့ ရှိခြင်း။ သို့ သော်မည်သောအခါမှ လူသိရှင်ကြားဖမ်းမမိခြင်း။ လူထုသို့ ကူညီအကြောင်းကြားရန်တောင်းခံခြင်း။
၎) အတိုက်ခံ သို့ မဟုတ်ပြည်ပအဖွဲ့ စည်း သို့မဟုတ် လက်နက်ကိုင် အဖွဲ့ သို့ မဟုတ် တိုင်းရင်းသားတို့အား အပြစ်ပုံချခြင်း။
၅) လုံခြုံရေးလွန်စွာမှ တင်းကျပ်စွာ လှန်လှောရှာဖွေ စစ်ဆေးခြင်း စသည်တို့ ဖြစ်ပါသည်။

ဘာကြောင့် ဗုံးပေါက်တိုင်းယခုကဲ့သို့ တိုက်ဆိုင်မှုများ အမြဲတမ်းဖြစ်နေပါသနည်း။ ကြေငြာသူများတွင်သာ အဖြေရှိပါမည်။

1 comment:

  1. AnonymousJuly 06, 2011

    စောက်ရူးပဲဗုံးပေါက်တာမင်းအမေလင်သောင်းကျမ်းသူ
    တွေမထောင်လို့ဘယ်သူထောင်မှာလဲ..
    မအေလိုးလေး...

    ReplyDelete

ဝေဖန်ရေးတွက်နေရာ