Objective Burma Burma blog

Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။


ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။

Jul 4, 2011

ပင်စင် ပုံပြင်

ပင်စင်လစာ ၃၇၅ ကျပ်ရတယ်။ ဘဏ်က စာရေးမတွေက သနားလို့ ထင်ပါတယ်။ ၅၀၀ ပြည့် အောင်ပေးတယ်။ အသက်ကကြီးပြီး မသွားနိုင် မလာနိုင်မို့ တက္ကစီနဲ့ သွားရပါတယ်။ အသွားအပြန် ကျပ် ၅၀၀၀ ကုန်တယ်။ ဒါပေမယ့် နိုင်ငံတော်ကပေးတဲ့ ပိုက်ဆံမို့ ဂုဏ်ယူစွာ နဲ့ပဲ လတိုင်းသွားထုတ်ပါတယ်။ ရတဲ့ ပိုက်ဆံကို ထီထိုးပါတယ်။ နှစ်စောင်ရတာပေါ့။  အခုလို ပင်စင်လ စာတွေကို တိုးပေးလိုက်တဲ့အတွက် ၀မ်းသာပါတယ်”ဟု အသက် ၉၂ နှစ်ရှိ နိုင်ငံ့ဂုဏ်ရည် ဒုတိယအဆင့်ရ ၀မ်းအိုဝမ်းကျော်ဝင်းမောင်က ပြောပါသည်။

No comments:

Post a Comment

ဝေဖန်ရေးတွက်နေရာ