Objective Burma Burma blog

Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။


ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။

Jul 21, 2011

ထူးထူးဟန် ထောက်လှန်းရေး ဟုတ်မဟုတ် (ထပ်မံဖြည့်စွက်ထားသည်)

သြစတေးလျနိုင်ငံရောက် ထူးထူးဟန် ဟာ သူသည် မြန်မာစစ်ထောက်လှန်းရေးဟောင်းဖြစ်ကြောင်း၊ စစ်ရာဇ၀တ်မှုများကို ကျူးလွန်ခဲ့ကြောင်း ကို မီဒီယာများသို့ ဖွင့်ပြောပြီးနောက်ပိုင်း နိုင် ငံတ ကာရောက်မြန် မာများနှင့် သြစတေးလျရောက်မြန်မာ အသိုင်းဝိုင်းမှ မယုံကြည်ဟုဆိုနေကြသည်။

ကျွန်တော်သိရသလောက် သူ ၂၀၀၃ ခုနှစ် Unching My Heart ဆိုတဲ့ Campaign တွက် တကိုယ်တော် လမ်းလျောက်ဖူးသည်။ (တကယ်တော Australia TV အစီစဉ်တွက် သီးသန့် ရံ ပုံငွေလျောက်ပြီး Australia ပြည်တွင်း အတွေ့ ကြုံဆိုတဲ့ TV Program တွက်လုပ်တာပါ) ဒီမှာကလစ်လုပ်ကြည့်ပါ ထိုအချိန်က ကမ်ပိန်းကြောင့် မှတ်တမ်းဗွီဒီယိုရိုက်ခံရခြင်းမဟုတ်၊ မှတ်တမ်းရိုက်ပြီး SBS TV ကိုရောင်းစားရန်
ကမ်ပိန်းလုပ်ခြင်းသာဖြစ်ကြောင်းကို SBS TV မှထုတ်လွင့်အပြီး တနိုင်ငံလံုးသိရှိသွားပါသည်။ လင့်ပါ ၄င်းမှတ်တမ်းရုပ်ရှင်အမြည်းကို ကြည့်ခြင်းဖြင့် သိနိုင်ပါသည်။ အလုပ်အကိုင်မရှိဇနီးကလေးများနှင့် မိန်းမက ကားကို နေရာမှန်ရပ်ရန်အတန်တန်မှာတာတောင် Parking Ticket ထိဖြစ်အောင်ထိလိုက်သည့် မဟာညာဏ်ကြီးရှင်ရဲ့အကြောင်းဖြစ်ပါသည်။ ထို SBS TV မှ Insight ဟူသော ပရိုဂရမ်မှာ အပတ်စဉ်တင် ဆက်နေကြ ဘာမှမထူးခြားသော ပရိုဂရမ်သာဖြစ်သည်။ ၄င်းမှတ်တမ်းမှာ ၄င်းမိသားစုအကြောင်း သာပြည့်နေပြီး မြန်မာပြည်အကြောင်းကမ်ပိန်းမှာ နောက်ဆုံးပြကွက်တစ်ကွက်တွင်သာ ၃စက္ကန့်ခန့်ခိုက်ပါပြီး ၄င်းမိန်းမအား အနမ်းတချက်ဖြင့်ဇတ်သိမ်းသွားသော ထူးထူးဟန်၏ မဟာနိုင်ငံရေး လှုပ်ရှားမှုမှတ် တမ်းဖြစ်ပါသည်။ Mizzima နှင့်အင်တာဗျူးတွင် ပြောသကဲ့သို လူတစ်သိန်းခန့်တက်သော ကမ်ပိန်းမဟုတ်ပါ။


သြစတေးလျမှာရှိတဲ့ မြန်မာ့အရေးအဖွဲ့ တွေက သူ့ လုပ်ရပ်ဟာ တကိုယ်ကောင်းဖြစ်ကြောင်း သူဟာထောက်လှန်းရေး သံရုံးသတင်းပေးဖြစ်ကြောင်း ဒါကြောင့် သူ့ ကို မထောက်ခံ အားမပေးကြဖို့  စာတွေ ထုတ်ပြီး သူ့ လုပ်ရပ်ကို ၀ိုင်းနှောက်ယှက်ကြသေးသည်။ မဲဘုန်းမြို့ နှင့်ဆစ်ဒနီမှ လူ အနည်းငယ် (၄။၅ ယောက်)မှလွဲ ပြီး ထိုအချိန်က ၄င်းအား နအဖ လက်ပါးစေအဖြစ်သတ်မှတ်ပြီး သြစတေးလျမြို့ များတွင် သူ့အား မည်သူမှ သူ့ ရဲ့ တ ကိုယ်တော် Campaign ကိုအားမပေးခဲ့ကြပါ။

၎င်းအချိန်က သူ့ ရဲ့ မျက်နှာဇီးရွက်ခန့် နှင့် ရှင်းလင်းချက်က သူသည် ထောက်လှန်းရေး မဟုတ် သံရံုးသတင်းပေးမဟုတ် သူ့ ၏အမေထောင်ထဲတွင် ရောက်နေသောကြောင့် သူ သည် သံရုံးကို ဆက်သွယ်ပြီး မြန်မာပြည် ပြန်ရန် သူ့ အမေနှင့် သူ့ အား လဲလှယ်ရန်တွက် သံရုံးသို့ ဆက်သွယ်သည် ဟုသူ ကိုယ်တိုင် လူသိရှင်ကြားရှင်းလင်းသွားဖူးသည်။ ထို့ ကြောင့်မဲဘုန်းမြို့ မှ လူ အနည်းငယ်မှလဲ မြန်မာ့ကိစ္စလုပ် တာကွာ သူ့ ဖါသာ သူ အရင်က ထောက်လှန်းရေးဖြစ်ဖြစ် မြန်မာ့ ကိစ္စဆို ငါတို့ လဲ ပါမယ်ဆိုပြီး လိုက်ပါဆောင်ရွက်ပေးခဲ့ကြသည်။ သြစတေးလျနိုင်ငံ အခြားမြို့ မှ ၄င်း၏ Campaign ကို မထောက်ခံ ကူညီမှု မပြုခဲ့ကြပေ။ ထို့ ကြောင့် မှတ်တမ်းရိုက်ကူးသူ Mr Antony သည်စိတ်ပျက်လက်ပျက်ဖြင့် ၄င်းအား ကင်မရာပေးကာ မင်းဖာသာရိုက်ခဲ့ တော့ကွာ ငါမလိုက်တော့ဖူး ဟုဆိုပြီး ကွင်းဆလန်နယ်တွင် ကျန်ခဲ့လေသည်။ နောက်ဆုံးတစ်ရက်တွင်မှ ပါလီမန်ရှေ့  ဆန္ဒပြမှုတွင်လာ ရောက် အင်အားဖြည့်ခဲ့ကြသည်။ လူအများမှ၎င်းအား ထောက်လှန်းရေးသံရုံးသတင်းပေး အဖြစ် စွပ်စွဲ ခဲ့ကြသည်။

ယခု ထူးထူးဟန်က သူသည် (လူသတ်တာ မသတ်တာ အပထားဦး) ထောက်လှန်းရေး ဟောင်းဖြစ်ခဲ့သည်ဟု လူသိရှင်ကြား ၀န်ခံချိန်တွင် သူ့ အား ထောက်လှန်းရေး ဟု တချိန်ကစွတ်စွဲ ခဲ့သည် သြစတေးလျနိုင် ငံရောက် မြန် မာ့အဖွဲ့ များနှင့် နိုင်ငံတကာမှ မြန်မာအဖွဲ့ များမှ သူ၏ပြောစကား အား မယုံကြည်ကြ ပါဟုဆိုကြပြန်ပါသည်။

ဒီနေရာမှ ထောက်ပြချင်တာက ထူးထူးဟန် ထောက်လှန်းရေးဟုတ်မဟုတ်ဆိုတာထက် သူ့ အား ထောက် လှန်းရေးဟု စွတ်စွဲသူများမှယခုချိန်တွင် သူ သည်ထောက်လှန်းရေးဟောင်းဆိုသည်ကို မယုံကြည်ဟု ဆိုသော ရှေ့ နောက်အတွေးခေါ် လွဲချော်နေပုံကို ထောက်ပြ ချင်ခြင်းဖြစ်ပါသည်။

ထူးထူးဟန်ထောက်လှန်းရေးဟောင်းဟုတ်မဟုတ် သြစတေးလျ နိုင်ငံပင်မရဲတပ်ဖွဲ့ မှ စစ်ဆေးဆုံးဖြတ်ပါလိမ့် မည်။ ရဲတပ်ဖွဲ့ မှ စစ်ဆေးမှု မစခင်တွင် ကြို တင်ပြီး မှတ်ချက်ချခြင်းသည်၊ စုံစမ်းစစ်ဆေးမှုကို လမ်းကြောင်းလွှဲသကဲ့သို့ အနှောက်ယှက်ပေးသလို ဖြစ်နေမည်ကို သတိပေးခြင်းဖြစ်ပါသည်။

No comments:

Post a Comment

ဝေဖန်ရေးတွက်နေရာ