Objective Burma Burma blog

Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။


ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။

Jul 23, 2011

ဝမ်ဟိုင်းကို ဗုံးကြဲရင် ဘာလုပ်မလဲ

ရှမ်းပြည်တော်လှန်ရေးတပ်ချုပ်ရှိရာ ၀မ်ဟိုင်းကို ဦးသိန်းစိန်အစိုးရတပ်မှ လေယဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ရန် ပြင် ဆင်နေသည်ဟု ရှမ်းပြည်တော်လှန်ရေးတပ်မှ သတင်းကြားထားသည်ဟု ပြည်ပမီဒီယာများသို့ ပြောခဲ့ပါသည်။

နေပြည်တော်မှ တိုက်လေယဉ် ၇စီး သည် နမ့်ဆမ်မြို့လေယဉ်ကွင်းတွင် ရပ်နားထည်ဟုဆိုပါသည်။ ထို့ အတူ ၀မ်ဟိုင်းနယ်မြေတ၀ိုက်တွင်လည်း တိုက်ပွဲများ စဉ်ဆက်ဖြစ်ပေါ်နေသည်ဟုဆိုပါသည်။

အကြံပြုချက်

သိန်းစိန်အစိုးရမှ လေယဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်လျှင်ဘယ်လို တုံ့ ပြန်မလဲ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေ အနေနဲ့ နှစ်ပေါင်းများစွာ ကြောင့်နှင့်ကြွက်ကဲ့သို့ လာတိုက်လိုက် ထွက်ပြေးလိုက် ပြန်တိုက်လိုက် နေရာချလိုက် စီးပွါးရေးလုပ်လိုက် နေသည်မှာ ငြီးငွေ့ စရာကောင်းလှပါပြီး။ ယခုတကြိမ် နအဖ မျိုးဆက် သိန်းစိန်တပ် မှ လေယဉ်နှင့်ဗုံးကြဲလျှင်ရှမ်းပြည်တော်လှန်ရေးတပ်များတင်မက တိုင်းရင်းသား တပ်များအားလုံး ပေါင်းပြီး ကုလသမ္မဂ လုံခြုံရေးကောင်စီသို့ တသံတည်းတောင်းဆိုသင့်ပါသည်။

 သိန်းစိန်အစိုးရ အား ယခင်ပုံစံတိုင်း တော် ပါတော့ ရပ်ပါတော့ နားလည်မှုယူရအောင်။ ကြေ လည်ရအောင်ဆို သည့် အပ်ကြောင်းထပ်နေသော ဓါတ်ပြားဟောင်းချည်းကို ပဲ ထပ်ခါတလဲ လဲ ဖွင့်နေမှာလား။ လစ်ဗျားသူပုန်တွေလို (လွန်ခဲ့ သော ၃ လကသူပုန် ယခုနိုင်ငံတကာ အသိမှတ်ပြု လူထုကိုယ်စားပြုယာယီအုပ်ချုပ်ရေးအစိုးရအဖွဲ့ ဖြစ်သွားပြီး) ဗုံးလိုတယ်၊ သေနတ်လိုတယ်။ ပိုက်ဆံလိုတယ်။ ကဒါဖီကို ဖြုတ်ချရမယ်လို့ များ သတ္တိရှိရှိ ရဲရဲတောက် ကြွေး ကြော်မှာလား။ ကြိုတင် ညှိနှိုင်းသင့်ကြောင့်း အကြံပြုအပ်ပါသည်။

လစ်ဗျားနဲ့ ကွာခြားချက်ကတော့ လစ်ဗျားမှာ ကဒါဖီနှင့် ပြည်သူ နှစ်ဖက်သာရှိပြီး မြန်မာပြည်မှာတော့  ကရင်၊ ကချင်၊ ရှမ်း။ ၀၊ ကိုးကန့် ။ရခိုင်။မွန် အမျိုးမျိုးအထွေထွေသော အဖွဲ့ များမှ မိမိဦးတည်ရာ အရပ်ကို မျက်နှာ လှည့်ပြီးသာဆွဲ နေသောကြောင့်သာ ဦးတည်ရာ မရွေ့ ပဲ နှစ်ပေါင်းများစွာ ကြာနေကြောင်းမြင်မိပါ သည်။

1 comment:

  1. AnonymousJuly 23, 2011

    မင်းကိုယ်တိုင်သွားလုပ်ကြည့်လိုက်လေ. online ကနလိပ်ခေါင်းထွက်အောင်
    အော်မနေနဲ့။ ပြည်တွင်းက နိုင်ငံရေးအဖွဲ့အစည်းတွေကကောဘယ်လောက်ညီလို့လည်း။

    ReplyDelete

ဝေဖန်ရေးတွက်နေရာ