၁) သတင်းစာများ အားလုံးပုဂ္ဂလိက လုပ်ပေးပါ။
၂) စာပေစီစစ်ရေးကို လုံးဝပိတ်ပစ်ပါ။
၃) လူတိုင်းလွတ်လပ်စွာ နိုင်ငံရေး လုပ်ပိုင်ခွင့်၊ရေးသား၊ပြောဆိုခွင့်ပေးပါ။
၎) စည်းကမ်းတကျ စည်းရုံးလူစု ဆန္ဒပြခွင့်ပေးပါ။
Objective Burma Burma blog
Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။
ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။
အဓိကကျတဲ့ တရားဝင် လုပ်ပိုင်ခွင့် အာဏာရှိတဲ့ သူက ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းပါဘဲ..။ သူက ဒီလို မီဒီယာတွေကို ပိတ်ဆို.၊ ဆင်ဆာဖြတ်နေလို.သာ သန်းရွှေက သူ.ကို အရေးကြီးတဲ့ ပြန်ကြားရေးဝန်ကြီး နေရာကို အစိုးရသစ်မှာ ဆက်ခန်.ထားခဲ့တာပါ....။ သူဟာ စစ်အစိုးရက မြန်မာပြည်ကို လိုချင်တဲ့ပုံစံ အကောင်အထည်ဖော်ရာမှာ အဓိက ကျတဲ့ လူတစ်ယောက်ပါ..။ အခု ဦးကျော်ဆန်းအတွက် ရာထူးမှ နုတ်ထွက်သင့်တဲ့ အချိန် ရောက်နေပါပြီ..။ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း ရာထူးမှ နုတ်ထွက်ဖို. ဝိုင်းတောင်းဆိုကြပါစို.။
ReplyDelete