Objective Burma Burma blog

Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။


ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။

Sep 19, 2011

မြန်မာပြည်မှ မျိုးပွါးနောက်တိုးဖားတစ်ကောင်အကြောင်း

ဘယ်နိုင်ငံသွားသွား မြန်မာနိုင်ငံသားမပါလို့ ပြောတာနဲ့ ငတုံး၊ ငအ၊ နလပိန်းတုံး၊ ကလေကချေ လို့ ဝိုင်းသမုဒ်ခံနေရတာ ဒီလို လူတွေ ညွှန်ကြားရေးမှုးဆိုတဲ့ ရာထူးကို ယူထားလို့ ပါ။ ဖားရင်လဲဖားပါ ဒါပေမဲ့ အမျိုးသားရေးသိက္ခာကို ချပြီးဖားတာကတော့ ဟောဒီလင့်ကဖားလို ဖြစ်နေပြီး။

ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ဝင်း ၏ ဟာသ။ ဒီလူ လူပျက်လုပ်စားဖို့ ကောင်းတယ်။ ဘာတဲ့ ..... ဒုတ် ဒုတ်ချင်း ဒါးဒါးချင်းတဲ့ 

သူ့ ရဲ့စကားကို ထုတ်နှုတ်ရလျှင်တော့ ဦးတင်ဝင်းက သတင်းဌာနကို အင်တာဗျူးမှာပြောတာ ".. အင်တာနက် ဆိုတာ ကျွန်တော်တို့ရုံး တရုံးလုံးတောင်မှ ကြည့်နိုင်တဲ့လူ ၄၊ ၅၊ ၁၀ ယောက်လောက်ပဲရှိတယ်။ ဒါတောင်မှ အလကားပေးထားတာ။ ရပ်ကွက်ထဲမှာ ပိုက်ဆံနဲ့ကြည့်ဖို့ဆိုတာက ပိုခက်တာပေါ့ဗျာ။ ဒီလိုအကျိုးမရှိတဲ့ဟာလေး..."

Internet ဟာ အကျိုးမရှိတဲ့ ဟာလို့ ဝေဖန်သွားတယ်။ ဆက်ပြီးတော့ "..အကျိုးအမြတ်ဆိုတာ တစ်ခုခုတော့ရှိရင် သင့်တော်တယ်လို့ ကျွန်တော် ထင်တာပဲလေ။ ဆုတ်ယုတ်တာရှိရင်လည်း အကျိုးအမြတ်နဲ့ ဘယ်ဟာက ပိုများလည်း အဲလိုပဲယှဉ်ရမယ်လေ။ ဒါတွေကတော့ ပညာရှင်ပိုင်းနဲ့ ဆိုင်သွားပါပြီ။ သာမန်အရပ်သူ၊ အရပ်သားနဲ့ မဆိုင်ပါဘူး...."

ခက်ပြီး သာမန်အရပ်သူနဲ့ ပညာရှင်ဆိုပြီး အဆင့်တန်းခွဲ ခြားသွားပြန်ပါပြီး။ ပညာရှင်ဆိုတဲ့ သူတွေဟာလဲ သာမန်အရပ်သူထဲကမဟုတ်လို့ ဘယ် ဂြိုလ်ကဖန်ဆင်းရှင်လဲ ဆိုတာရှင်းစမ်းပါဦး တင်ဝင်းညွှန်ကြားရေးမှုးခင်ဗျား။ ကျုပ်တို့ တိုင်းပြည်ဆင်းရဲနေတာ အဲလို ဖြုတ်ဦးနှောက်တွေ ညွှန်ကြားရေးမှုးနေရာယူပြီး ဖားစားနေတာများလို့ ပဲလို့ ပြောပါရစေ။

ဦးတင်ဝင်းသူငယ်တန်းပြန်သင်ပါလို့ ပဲ အကြံပေးပါရစေ။


No comments:

Post a Comment

ဝေဖန်ရေးတွက်နေရာ