Objective Burma Burma blog

Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။


ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။

Sep 28, 2011

ယနေ့ မြန်မာနိုင်ငံတွက်အရေးကြီးလို အပ်ချက်

ယနေ့ မြန်မာနိုင်ငံတွင် အရေးတကြီးလိုအပ်နေတာ ကားသစ်တွေ တင်သွင်းဖို့ မဟုတ်။

၁) ပညာရေး
၂) ပညာရေး
၃ ပညာရေး ဖြစ်သည်။

ပညာရေးဆိုရာဝယ် တက္ကသိုလ်ပညာရေးကိုသာဆိုလိုခြင်းမဟုတ်ပဲ အခြေခံအတတ်ပညာ၊ အသိပညာ၊ လက်မှုပညာများ နှင့် အထွေထွေ ဗဟုသုတပညာရပ်များကို ဆိုလိုခြင်းဖြစ်သည်။

၁၉၇၀ ခုနှစ်နောက်ပိုင်းမြန်မာနိုင်ငံရှိ မြို့ ရွာ ရပ်ကွက်များတွင် စာကြည့်တိုက်များ တဖြေးဖြေး ကွယ်ပျောက်ပြီး ဆင်းရဲမွဲတေမှုကြောင့် ကျောင်းပညာရေးနှင့် အလှမ်းဝေးနေသော လူငယ်များမှ ပြင်ပပညာရပ်များကို မိမိဘာသာ လွတ်လပ်စွာ အားလပ်ချိန်တွင် လေ့လာဆည်းပူးရန်အခွင့်လမ်းများ လုံးဝပပျောက်ခဲ့ရသည်။ အကျိုးဆက်အနေဖြင့် ယနေ့ ကလေးလူငယ်များသည် စာပေ၊ ယဉ်ကျေးမှု၊ အသိပညာ နှင့် စာရိတ္တ၊ တွေးခေါ်မျှော်မြင် မှုအလေ့ကျင့်များ အခြားနိုင်ငံတကာမှ လူငယ်များနှင့် နှိုင်းယှဉ်လျှင် လွန်စွာနောက်ကျ ကျန်ခဲ့ရသည်။ အချို့ သော ပိုက်ဆံရှိမိဘလူလတ်တန်းစား မိသားစုများမှ ကလေး လူငယ်များကို မဆိုလိုပါ။

အနီးစပ်ဆုံး ဥပမာပြရလျှင် ထိုင်းနိုင်ငရှိ ကျေးလက်ဒေသများမှ ဆင်းရဲသား များတွက် ထိုင်းနိုင်ငံအစိုးရမှ လက်မှုပညာရပ်များ ကို အခမဲ့ အစိုးရစားရိတ်ဖြင့် သင်ကြားထောက်ပံ့မှုကို ပြုလုပ်ပေးခြင်းအားဖြင့် အလုပ်ကိုင်များကိုဖန်တည်းပေးပြီး အခြေနေအကြောင်းကြောင်းကြောင့် ကျောင်းပညာ ရပ်များနှင့်အ လှမ်းဝေး နေသာ လူငယ်များ၏ ဘ၀လူနေမှုကို မြှင့်တင်ပေးလေ့ ရှိသည်။

 အခြေခံလူတန်းစား၏ လူနေမှုဘ၀ကို မြှင့်တင်ပေးနိုင်မှသာလျှင် တိုင်းပြည်၏ လူတန်းစားကွာဟမှု၊ စီးပွါးရေးဆင့်ကဲ ဆင့်ကဲ အပြန်လှန် ပံ့ပိုး ဖြစ်ပေါ်ပြီး တိုင်းပြည်၏အနာဂတ်လှပနိုင်မည်ဖြစ်သည်။ မည်သည့်အစိုးရ မည်သည့် စံနစ်မှာတွင် မဆို ထိုအခြေခံ လူတန်းစား၏ လူမှုဘ၀နှင့် နယ်နှင့် မြို့ ကြီးများရှိ ရေပေါ်ဆီလူတန်းစား အစိုးရနှင့်နီးစပ်ပြီး ပေါင်းစားနေသူများ၏ ဘ၀အခြေအနေ ကွာခြားလွန်းပါလျှင် တိုင်းပြည်တွင်းအသေးဖွဲ မှသည် ကြီးမားသောတော်လှန်ရေး ဖြစ်စဉ်များ   ဖြစ်ပေါ်ပြီ  ပြည် တွင်း ပြည်တွင်းငြိမ်း ချမ်းရေး ဘယ်တော့မျှရမည်မဟုတ်ပေ။

No comments:

Post a Comment

ဝေဖန်ရေးတွက်နေရာ