Good Government ( အစိုးရကောင်း)
Clean Government (သန့် ရှင်းသော အကျင့်ပျက်မှုမရှိအစိုးရ)
ယနေ့ ဦးသိန်းစိန်ဦးဆောင်သော အစိုးရတရပ်ဟာ ၄င်းတို့ စတင်ဖွဲ့ စည်းချိန်မှတင်ပြီး ပြောဆိုနေသော Good Govenment & Clean Government ဆိုပြီး ကြွေးကြော်နေသော်ငြားလဲ လက်တွေ့ လုပ်ဆောင်မှုမှာမှု ရေးရေး မျှမမြင်နိုင်သေးပါ။ အင်တာနက်စာမျက်နှာများကို အချို့  ဖွင့်ပေးသော်လည်း တကယ့်အရေးပါသော မီဒီယာနှင့် ရုပ်မြင်သံကြားတို့ ၏ လွတ်လပ်သော သတင်းရေးသား ထုတ်ပြန်မှုကို ကား ပိတ်ပင်ထားဆဲဖြစ်သည်။ သတင်းမီဒီယာ၏လွတ်လပ်မှုမရှိလျှင်မည်သည့် ဒီမိုကရေစီတိုင်းပြည်တွင်မဆို အကျင့်ပျက်ခြစားမှုများ အစိုးရတွင်းတွင်သော်လည်းကောင်း။ လူ့ ဘောင်အသိုင်းဝိုင်းတွင်သော် လည်းကောင်း ပေါ်ထွန်းမြဲပင်ဖြစ်သည်။
ဦးသိန်းစိန်နှင့်တကွ ၄င်းတို့ အစိုးရ၀န်ကြီးများဟာ အခြားသော လွတ်လပ်သော တိုင်းပြည်များမှ အစိုးရ၀န်ကြီးများကဲ့ သို့ ပြည်သူတို့ နှင့် တိုက်ရိုက်ထိတွေ့ မှုလွန်စွာနည်းပြီး သာမန်ပြည်သူများ၏ မျက်မှောက် ဘ၀နေ့စဉ်အခြေနေကို သိမြင်နိုင်မှုမရှိလှပါ။ သာမန်လူမှုဘ၀နှင့် အခက်အခဲ များကိုလဲ ဦးသိန်းစိန်တို့ ကိုယ်တိုင်ကိုယ်ကျ နေ့စဉ်သွားရောက်စောင့်ကြည့်ရန်လည်း မဖြစ်နိုင်ပါ။ ဒီနေရာမှာ သတင်းမီဒီယာများမှ နေပြီး အစိုးရနှင့်ပြည်သူတို့ ရဲ့ လိုအပ်ချက်ကို ကြားခံအဖြစ် ဆောင်ရွက်ပြီး ပြောကြားပေး ရပါသည်။ လွတ်လပ်သော သိက္ခာရှိသော အစိုးရတစ်ရပ် အုပ်ချုပ်သော တိုင်းပြည်များတွင် နံနက်မိုးလင်းသည်နှင့် ဒီနေ့ သတင်းစာတွေက အစိုးရကို ဘာတွေ ပြောနေကြလဲဆိုတာ အလျှင် စာရင်းပြုစုလေ့ ရှိပါသည်။ ထိုမှတဖန် အစိုးရအနေနှင့် လူထု၏အသံကို မှုတည်ပြီး တုန့်ပြန်အလုပ်လုပ်ပြကြပါသည်။ ထိုသို့ လုပ်ဆောင်နိုင်ရန်မှာ လူထုအသံကို ထင်ဟတ်စေသော သတင်းစာနှင့် မီဒီယာများ လွတ်လပ်စွာ ရေးသားတင်ပြခွင့်သည် လွန်စွာ အရေးကြီးပါသည်။
ဗိုလ်ချူပ်နေ၀င်း (တိုင်းပြည်ကို ချောက်ထဲချခဲ့သူ) လက်ထက်တွင် ထိုအခွင့်ရေးများကိုလုံးဝ ပိတ်ပင်ပြီး မိမိကြားချင်သည်များကိုသာ ရေးခိုင်းခြင်းများကြောင့် အစိုးရ၀န်ကြီးများမှသည် အောက်ခြေမြို့ နယ် ရပ်ကွက် ကျေးရွာ အဆင့်ဆင့် နောက်ဆုံး မိသားစု အသိုင်းဝိုင်း အိမ်ထောင်ဦးစီးထိတိုင် အကျင့် ပျက် ပြီးစ လွယ် လုပ်တတ်သော၊ တယူသန် အခြားသတို့ တို့ ၏ အကြံပေးမှုများကို နားမထောင် တတ်သော လူမှု စားရိုက်တစ်ခု ယနေ့ မြန်မာ့လူ့ဘောင် အဖွဲ့ စည်းတွင် အမြစ်တွယ်ခဲ့ ရခြင်းဖြစ်သည်။ သတင်းမီဒီယာ တို့ မှ ပြည်သူ့ အသံများသည် အစိုးရအဖွဲ့ စည်းမှ ကြားချင်သော အသံများ ရှိသလို မကြားချင်သော အသံ များလည်း ရှိပါသည်။ သို့ သော် ကောင်း သည်ဖြစ်စေ ဆိုးသည် ဖြစ်စေ ထိုအသံများသည် ယနေ့ မြန် မာပြည်သူ့ ဘ၀ကို ထင်ဟတ်စေသောကြောင့် အစိုးရများအနေနှင့် ကြားချင်သည်ဖြစ်စေ မကြားချင် သည်ဖြစ်စေ အရှိကို အရှိတိုင်းလက်ခံတတ်သော အစိုးရသည်သာ ကောင်းမွန်သော သန့် ရှင်းသော အစိုးရ ၏လုပ်ဆောင်ချက်ဖြစ်သည်။
ဦးသိန်းစိန်အစိုးရအနေနှင့် မိမိတို့ ကြားချင်သည်ကို သာအောက်ခြေကို ပြန်လည်ပြောခိုင်းနေလျှင် ဦးနေ၀င်းချမှတ်ခဲ့သော ပြည်ဖျက်စံနစ်တိုင်းသာ ဆက်လက်တည်ရှိနေမည်ဖြစ်သောကြောင့် အစိုးရ အဖွဲ့ ဘယ်လို ပြောင်းပြောင်း နှစ်တွေ ကြာသောလည်း ဘယ်စံနစ်သွားသွား ပျက်မြဲပျက်နေမည်ဖြစ်ပါသည်။
Objective Burma Burma blog
Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။
ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
ဝေဖန်ရေးတွက်နေရာ