Objective Burma Burma blog

Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။


ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။

Oct 3, 2011

မြန်မာတိုင်းရင်းသားများနှင့် လစ်ဗျားသင်ခန်းစာ

လစ်ဗျားနိုင်ငံမှာ လည်းမြန်မာပြည်ကဲ့ သို့ ပင်မတိုင်းရင်းသားလူမျိုးစုကွဲများ ၆ မျိုးရှိပါသည်၊၊ ထိုလူမျိုးစု ၆မျိုးအောက်တွင်မှ လူမျိုးစုငယ်များ ကွဲပြားသွားပြန်ပါသည်။ ဒါပေမဲ့ ယခုပြီးဆုံး လုဖြစ်နေသော တော် လှန်ရေး တွင်မူ ထိုလူမျိုးစုများ အားလုံးတက်ညီလက်ညီ မကွဲမပြား (နင်ဗမာ ငါကရင် သူမွန်ဆိုပြီး ခွဲခြားမှုအမျိုးသားရေး ၀ါဒဦးစားပေးမှုမရှိပဲ) တသံတည်းနှင့် စည်းလုံးစွာ အာဏာရှင်ကဒါဖီမိသားစုကို တူညီတိုက်ပွဲ ၀င်သွားခဲ့ကြသည်မှာ ၄င်းတို့ ၏ အောင်ပွဲ ၏ပင်မ အကြောင်းရင်းဖြစ်မည်ထင်ပါသည်။

အောက်ပါ ဗွီဒီယိုတွင် ယခုနောက်တက်မည့် အစိုးရမှ လစ်ဗျားပြည်သူများ တော်လှန်ရေးပြီးဆုံးချိန်တွင် မိမိတို့ ယခုကိုင်ဆောင်ထားသော လက်နက်များ ပင်မအစိုးရထံ ပြန်လည်အပ်နှံကြရန်ပြောဆိုမှုကို ထိုလစ်ဗျားတိုင်းရင်းသားများမှတုန့် ပြန်မှုကို သင်ခန်းစာယူစဉ်းစားနိုင်ရန် သတင်းပေးလိုက်ချင်ပါ သည်။ နေပြည်တော်မှ ဒီဘလော့ကို ရန်ဖန်ရန်ခါ ၀င်ရောက်ကြည့်ရှုနေသူများမှ တဆင့် လက်ရှိ မြန်မာ အစိုးရသင်ခန်းစာယူနိုင်ရန်ဖြစ်သည်။

လစ်ဗျားတိုင်းရင်းသားများမှ ပြန်ပြောသည်က ကျုပ်တို့ နားလည်တယ် တော်လှန်ရေးပြီးရင် လက်နက်တွေပြန်အပ်မယ် ဒါလုပ်ရမဲ့ ကိစ္စပဲ လက်ခံတယ် ဒါပေမဲ့ လက်ရှိ တက်လာမည့် လစ်ဗျားအစိုးရဟာ ရာနှုန်းပြည့် ဒီမိုကရက်တစ် အစိုးဖြစ်ဖို့ လိုတယ်။ နိုင်ငံရေး စံနစ်ဟာ သူတို့ ရဲ့ မိသားစုရေးရာနှင့် နိုင်ငံရေး ယုံကြည်ချက်ပေါ်အခြေခံရမယ် တိုင်းရင်းသား လူမျိုး နာမည်နှင့် သူတို့ ရဲ့ မွေးဖွါးရာ နေရာကို အခြေမခံရဖူး။ (ဒါဟာ မြန်မာတိုင်းရင်းသားလူမျိုးစုတွေ နှင့်နောက်ဆက်ပေါ်လာမည့် မြန်မာပြည်အစိုးရများတွက်သင်ခန်းစာယူစရာပါ) တစ်နှစ်နှစ်နှစ်လောက်ကြာပြီးမှ နောက်ထပ် အာဏာရှင် ကဒါဖီ တစ်ယောက်လို  ပြန်လာမယ်ဆိုတာကို မလိုလားဖူး ဒါကြောင့်လက်နက်မအပ်ခင် စောင့်ကြည့် ရမည်။

No comments:

Post a Comment

ဝေဖန်ရေးတွက်နေရာ