Objective Burma Burma blog
Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။
ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။
Oct 12, 2011
စစ်မှန်သော တိုးတက်ရေးလိုချင်ပါလျှင်
အကျင့်ပျက်မှုတိုင်းပြည်ပြချက်
အာပေါင်အာ ရင်းသန် သန်ပြောနေမဲ့ အစား ဒီကနေ့ အမှန်တ ကယ်ဖြစ်နေတဲ့ မြန်မာနိုင်ငံသည် အာရှတိုက် တွင် အဆင်းရဲဆုံး အစုတ်ပြတ်ဆုံး အနုံချာဆုံး သူတောင်းစာ ဖက်ခွက်စား တိုင်းပြည်ဖြစ်သည်ဆိုတဲ့ နိုင်ငံတကာ ရဲ့ တံဆိပ်ကပ် နာမည်ပေး မှုကို ပြန်ပြုပြင် ဖို့ လုပ်သင့်သည်။ မြန်မာတို့ ရဲ့ မိရိုးဖလာ မြန်မာမှု မြန် မာ့ ဟန်အတိုင်း ထုံးစံတိုင်း သူတပါးဝေဖန်လျှင် ကက်ကက်လန် ပြန်ရန်တွေ့ မည့် အစား မိမိဘာဖြစ်နေသည်ကိုလဲ ပြန်သုံးသပ် သင့်သည်။ ဘေးပုံကိုနှိပ်ပြီး အကြီးချဲ့ ကြည့်နိုင်ပါသည်။  ညိုညစ်ညစ် တိုင်းပြည်များဟာ အကျင့်ပျက်မှု အများဆုံးတိုင်းပြည်များဖြစ်ပါသည်။ မြန်မာနိုင်ငံရဲ့ အဆင့် ကို ကြည့်လိုက်လျှင် အောက်ဆုံး နံပါတ် ၁ ဖြစ်နေပါသည်။ မြန်မာနိုင်ငံနှင့်တန်းတူသည်မှ အာဖရိကမှ ငတ်မွတ်ခေါင်းပါးမှု ဖြစ်နေသော တိုင်းပြည်ငယ်အချို့ သာရှိပါတော့သည်။
ယနေ့ သိန်းစိန်အစိုးရလိုချင်နေသည်မှာ စီးပွါးရေး လမ်းဖွင့်မှု ပိတ်ဆို့ မှုလမ်းဖွင့်မှု ဒီနေရာမှာ ပိတ် ဆို့ မှုရဲ့ အဓိက အကြောင်းရင်းခံဖြစ်သော ဖိနှိပ်ချုပ်ချယ်မှုများကို မပြုပြင်ပါလျှင်၊ ပိတ်ဆို့ မှု  ဘာကြောင့် ဖြစ် ရသည်ကို မပြုပြင်ပဲ နိုင်ငံရေးအကျဉ်းသားများကို ဒါးစာခံ အဖြစ်ဆက်လက် ဖမ်းဆီး နှိမ် နင်းနေ ပါလျှင် မကြာခင်ကာလတွင်း ကြီးမားသော ပြည်တွင်းစစ်ကြီးနှင့် မြို့ တွင်း အရေးတော်ပုံများ အဆက်မပြတ်ပါ် ပေါက် လာဦးမည်ဖြစ်ကြောင်း သတိပေးလိုက်သည်။တတိုင်းပြည်လုံးနှင့် တကမ္ဘာလုံးမှ မြန်မာနိုင်ငံအား စောင့်ကြည့်နေချိန်တွင် အခွင့်ကောင်းယူပြီး ဦးသိန်းစိန်အစိုးရအနေနှင့် မှန်ကန်သောပြုပြင်ပြောင်းလဲမှုကို အကြောက်လန့် မရှိ ပြုလုပ်သင့်ပါ သည်။ နိုင်ငံရေးသမားများ ကို  ကြောက် လန့် နေလျှင် နိုင်ငံကို မအုပ်ချုပ်ပါရန်လည်း တိုက်တွန်းလိုက်ပါသည်။ အာဆီယံမှာ ဥက္ကဌဖြစ် လာရုံနှင့်တိုင်းပြည် ဟာ နလံထူလာမှာ မဟုတ်ပါဖူး။ ယနေ့ အချိန် ဦးသိန်စိန် အစိုးရလုပ်ရမဲ့ အဓိ ကတာဝန်က သန်းရွှေရဲ့ ဖိနှိပ်မှုကြောင့် မြောင်းထဲရောက်နေတဲ့ စစ်တပ်အပါဝင် လူထုရဲ့ သိက္ခာကို ပြန်မြှင့်တင်ချင်ပါလျှင် စစ်မှန်တဲ့ပြုပြင်ပြောင်းလဲရေးကို လုပ်ရမှာပါ။ တာဝန်ကြီးကြီး ယူထားတဲ့  လူကြီးလာ မှလမ်းဘေး ခြံစည်းရိုး ထုံးသုတ်တဲ့ သောက်ကျင့်ဆိုးတွေ ကို ပြင်ရမယ်။ဒါပဲ။
1 comment:
ဝေဖန်ရေးတွက်နေရာ