ပါတီထောင်ဖို့၊ ပါတီဝင်လုပ်ဖို့ဆိုတာထက် ၈၈တုန်းက ကျွန်တော်တို့ ဘာကြောင့် လမ်းပေါ်ထွက်ခဲ့ကြလဲ။ ပျင်းလို့ထွက်ခဲ့ကြတာမဟုတ်ပါဘူး။ လိုချင်တာတွေ ရှိလို့ ထွက်ခဲ့ကြတာပါ။ ကျွန်တော်တို့ တကယ်လိုချင်တာ ရပြီလား။ အပြည့်အ၀ မရသေးဘူးဆိုရင် ရအောင်လုပ်ကြရမယ်။ ရန်ကုန်ရောက်မှပဲ ဆက်ပြောကြတာပေါ့။ အခုတော့ လေယာဉ်ပေါ်တက်ရတော့မယ်။
နိုင်ငံရေး အကျဉ်းသား အချို့ တ၀က်ကို လွှတ်ပြီး ချွေးသိပ်နေချိန် မီဒီယာကနေအုတ်အော်သောင်းနင်း ၀မ်းသာကြောင်းပြောနေချိန် တချိန်တည်းမှာပဲ မြစ်ဆုံရေကာတာ ကိစ္စကို လျှို့ ဝှက်ပြီး တရုတ်ပြည်မှာ နိုင်ငံခြားရေး ၀န်ကြီးကတဆင့် နားလည်မှု ယူလိုက်တယ် ဘာတွေ သဘောတူခဲ့တာကို ဦးသိန်းစိန် အစိုးရ အနေ နှင့်တရားဝင်လူထုကို ထုတ်ဖေါ်ရှင်းလင်းပါရန် တောင်းဆိုလိုက်သည်။
No comments:
Post a Comment
ဝေဖန်ရေးတွက်နေရာ