Objective Burma Burma blog
Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။
ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။
Oct 17, 2011
ဖားသားအကြွေးခံလိုက်ရသော ငရဲမင်းကြီး ပုံပြင်
ပုံပါတဲ့ ဓါတ်ပုံတွေကို ကြည့်ပြီး ၁၉၈၀ ခုနှစ်က မြန်မာပြည်တလွှား အရေး အဖတ် အတွက် ဆိုတဲ့ အသုံးလုံးသင်တန်း စီမံချက်တွင်းပြဌန်း စာအုပ်ထဲက ပုံပြင်တစ်ပုဒ်သတိရမိလို့ မျှဝေလိုက်ပါတယ်။
ရှေးရှေးတုန်းက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဟူသော ပြည်သူများ အကျင့်စားရိုက်ပျက်ပြားရေး လမ်းစဉ်ကို ဖေါ်ဆောင်နေစဉ်ခေတ်ဖြစ်ပါသည်။ ထိုအချိန်တွင် ငရဲပြည်သို့ လူတစ်ဦး လောလောလတ်လတ် ကားတိုက်သေဆုံးပြီး ရောက်ရှိလာလေသည်။ သည်တွင် ငရဲသားမှ ငရဲပြည်ဥပဒေတိုင်း ၂၄နာရီထက်ပိုပြီး ချုပ်နှောင်ခွင့်မရှိသောကြောင့် (မှတ်ချက် မြန်မာနိုင်ငံတွင် မည်သူမှ လက်တွေ့ မကျင့်သုံးသည့်ဥပဒေ ထိုအချိန်က ငရဲပြည်တွင်လိုက်နာလေးစားသည်တဲ့) ငရဲမင်းကြီးထံသို အစစ်ဆေးခံရန် နှင့် တရားစီရင်ရန် ရောက်ရှိလာလေသည်။ ငရဲမင်းကြီးသည် သဘောကောင်းပြီး မြှောက်ပင့်ဖားတတ်သူများအား မုန်းတီးသူ ဖြစ်သည်ဟုလဲ သုံးဆယ့်တစ်ဘုံတွင်း လွန်စွာနာ မည်ကျော်ကြားလေသည်။
သို့ နှင့် ထိုငရဲသို့ ခါတော်မှီရောက်ရှိလာသူ ငရဲသားအသစ်ကို ခေါ်ဆောင်လာသူ ငရဲအရာရှိမှ ငရဲမင်းကြီးနားတိုးတိုးလေးကပ်ပြီး ပြောကြားလိုက်သည်။
ငရဲမင်းကြီးခင်ဗျား.... ယခုလာသူက လူ့ ပြည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ မှာ အတော်တန် တာဝန်ကြီး ကို ယူထားတဲ့ ကောင်စီ လူကြီး ဖြစ်ပါသည်။ သူဟာ အလွန်တရာ မြှောက်ပင့်ပြောဆိုတတ်သူဖြစ်ပြီး လူ့ ပြည်တွင် ကိုယ်ပိုင်အရည်ချင်းမရှိပဲ အထက်လူကြီး မြှောက်ပင့်ပြီး နေရာရလာသူဖြစ်ကြောင်း အမြှောက်ပင့် မုန်းတီးသူ ငရဲမင်းကြီးအား ကြိုတင်အစီရင်ခံလေသည်။ သို့ နှင့် ငရဲမင်းလဲ အမှုစတင် စစ်ဆေးတော့သည်။
မောင်မင်း လူကလေး မင်းလူ့ ပြည်မှာ ဘာတွေ လုပ်ခဲ့သလဲ ကိုယ်ပိုင်အရည်မရှိပဲ အထက်ဖား အောက်ဖိနှင့် သောင်းကျန်းခဲ့တယ်လို့ အစီရင်ခံစာတွေက ဆိုထားတယ် အဲဒါ မောင်မင်းလူကလေး ဘာ ဆင်ခြေတက်ချင်လဲ။
ထိုအချိန် ၀က်ခြံခေါ် တရားခံ ၀င်နေရန် ထားသော စည်းဝိုင်းငယ်တွင်းရပ်နေသော ငရဲသားမှ ဒူးထောက်ခါ
လက်နှစ်ဖက်လက်အုပ်ချီပြီး
"ရွှေဘောတော် (ဘာသာပြန်၊ ရွှေသဘောတော်) ကြီးမားသောငရဲမင်း တော်ကြီး ခင်ဗျား။ ကျွန်တော်မျိုးလူ့ ပြည်တွင်ရှိစဉ် အများသူငါပြောနေတာက ငရဲပြည်က ငရဲမင်းကြီးဟာ ရုပ်ဆိုးဆိုး အကျည်းတန်တန် ထိပ်ပြောင်ပြောင် နှင့် ကြားဖူးပါတယ် ဒါပေမဲ့ ခုကိုယ်တိုင်မြင်လိုက်ရတော့ အမယ်လေး ကြားတာနဲ့ တခြားစီ ငရဲမင်းကြီးက ရုပ်ရည်တင့်တယ်ပြီး ကိုယ်ရောင်ကိုယ်ဝါ တောက်ပလို့ ဝတ်ကောင်းစား လှနှင့် လွန်စွာချောမောသူ ဖြစ်နေတာကို တွေ့ လိုက်ရတာ မိမိကိုယ် ငရဲပြည်ရောက်နေတာဟုတ်မှ ဟုတ်ပါလေစ လို့ ထင်မိပါတယ် " .....ဆိုပြီး စကားစလိုက်တယ်။
ထိုအချိန် အနားမှ ငရဲအရာရှိက ငရဲမင်းနားကပ်ပြီး ငရဲမင်းကြီး သတိထားတော်မူပါ ဒီလူ မျက်နှာလို ချင်လို့ ငရဲမင်းကြီး ကို မြှောက်ပင့်နေပြီး။
ဒီချိန်မှာ မြှောက်ပင့်တာကို လွန်စွာမုန်းတီးသော ငရဲမင်းကြီးလဲ ပြန်ပြောလိုက်တာကတော့ ...
"မင်းအသာနေစမ်းပါ ဒီတခါတော့သူ ဟုတ်တာတွေ ပြောနေတာနေမှာပါ"....... ဟူသတည်း။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
ဝေဖန်ရေးတွက်နေရာ