........ အထက်လူကြီမှ ဟုတ်လားဟေ့ မေးလျှင် ဟုတ်ပါတယ် ဟု ပြန်ဖြေရန် သာ သတ်မှတ်ထားသော ပုံစံခွက်ထဲမှ လူသားများအဖြစ်မှရုံးထွက်ကြပါ........
ခန့်သာရှိသည်ဟုဆိုပါသည်။ သို့ သော် AAPP မှ စာရင်းပြုစုထားရာမှာတော့၂၀၀၀ ကျော်ဟု ဆိုပါသည်။ ဒီနေရာမှာ ပြန်လေ့လာသုံးသပ်ပြီး အမှန်ပြင်နိုင်ရန် ဦးကိုကိုလှိုင်နှင့် ပြည်ထဲရေး ၀န်ကြီးဆိုသူကို အကြံပေးချင်ပါသည်။
ငယ်စဉ်က မြန်မာ့ နအဖ အစိုးရအဖွဲ့ မှထုတ်ပြန်တဲ့ မြန်မာနိုင်ငံဆိုင်ရာ စီးပွါးရေးရာ ဖြစ်ထွန်းမှု အနှစ်ချုပ်ဆို တဲ့ စာအုပ်ကို စာပေဘိမာန်တွင်ရောင်းချနေသည်ကို ၀ယ်ဖူးပါသည်။ ကုမ္ပဏီတွက် နောင်လာမည့်နှစ် တွက် ခရီးသွားလုပ်ငန်းကို စီမံချက်ရေးဆွဲ ရန်ဖြစ်ပြီး။ သို့ နှင့် ထိုစာအုပ် ကို အခြေခံကာ ဇယားတစ်ခုဆွဲ ကာ လုပ်ငန်းဘတ်ဂျက် ကို ပြင်ဆင်ပြီး အထွေထွေ မန်နေဂျာကို တင်သွင်း အပြီး ထိုသြစတေးလျနိုင်ငံသား အထွေထွေမန်နေ ဂျာမှ ပြန်ပြောသည်ကား မင်းစားရင်းမှားနေ သည်တဲ့ ၊ ဘာလို့ လဲဆိုတော့ ကိန်းဂ ဏန်းတွေက အမှန်မ ဟုတ်ဟုဆိုပါသည်။ သူ ကဟိုတယ်နှင့် ခရီးသွား ၀န်ကြီးထံမှ တိုက်ရိုက်တောင်းဆို ထားသည့် ကိန်းဂဏန်းကို ချပြီး ငြင်းဆိုပါသည်။ ကျုပ်ကလဲ နအဖ အစိုးရအဖွဲ့ ၏ အင်္ဂလိပ်ဘာသာနှင့် တရားဝင် ပုံနှိပ်ထုတ်ဝေသော ကမ္ဘာသိ စာအုပ်စာရင်းကြီးကို ကိုင်တုတ် ကာ အထွေထွေ မန်နေဂျာ အား ငြင်းခုံခဲ့ဖူးပါသည်။ သို့ သော်မည် သည့် ကိန်းဂဏန်းသည် အမှန်ဖြစ်မည်ကိုကား နအဖ လက်ထက် မည်သူမှ သိမည်မဟုတ်ပါ၊ တွေးကြည့် တာတခုက ဘာကြောင့်ယခု လို အမှားတွေ အလွဲ လွဲတွေ ကို အစိုးရဆိုတဲ့ အဖွဲ့ စည်းမှာ ဖြစ်ထွန်းနေရသ လဲဆိုတာကိုပါပဲ။
ကမ္ဘာသိ အင်္ဂလိပ်ဘာသာနှင့်ထုတ်ဝေသော(နိုင်ငံခြားရေးဝန်ကြီးဌာနမှပုံနှိပ်ဖြန့်ချိ) စီမံကိန်းဝန်ကြီးဌာန (ထိုအချိန်က ဗိုလ်ချုပ်အေဘယ်လ် လက်အောက်) မှ ကိန်းဂဏန်းနှင့် ဟိုတယ်ခရီးဝန်ကြီး ကိန်းဂဏန်းက အစိုးရတစ်ဖွဲ့ တည်းလက်အောက်မှာ ဘာကြောင့်ကွဲပြားနေရပါသနည်း။ အဖြေရှာ ကြည့်တော့ အောက်ခြေ ၀န်ထမ်းများ ၏လက် လွှတ်စဖယ် ပြီး ပြီးရော ဆိုပြီး ရောချလုပ် တတ်တဲ့ အကျင့်ဆိုးကြောင့် နှင့် အထက်က တာဝန်ယူ ထားကြသော ၀န်ကြီးဆိုသူများ၏ တာဝန်မဲ့  မှု ဖေါ်လံဖားများကိုသာ အရေးတယူဆက် ဆံပြီး အောက်ခြေနှင့် လုံးဝကင်းကွာပြီး အတန်းစား ကွဲပြားမှု၊ အောက်ခြေ၀န်ထမ်းများမှလဲ အကျင့်ပျက် လဒ်စားပြီး အထက် လူကြီး မျက်နှာကောင်းရရန် သာ ဖြီးဖြန်းပြီး လက်တွေ့ အရည်သွေး ကောင်းမွန်မှုထက် ကိန်းဂဏန်းများကို သာ တိုးတက်အောင် စာရွက်ပေါ်တွင်သာ တီတွင်ရေးသားမှု၊ တနည်း ပြောရရင် မျက်နှာလို မျက်နှာရ အားလုံးကောင်းပါသည် ခင်ဗျား ဘာမှ မေးစရာမရှိပါဘူးခင်ဗျား အထက်လူကြီးမှ ဟုတ်လားဟေ့ မေးလျှင် ဟုတ်ပါတယ် ဟု ပြန်ဖြေရန် သာ သတ်မှတ်ထားသော ပုံစံခွက်ထဲမှ လူသားများ ၏ ဖားစားရင်း များကြောင့် များပဲဖြစ်ပါသည်။ အထက်လူကြီး ၀န်ကြီးဆိုသူများမှလဲ မိမိတို့ ကြားချင်သည်ကို သာ ပြောခိုင်းပြီး မကြားချင်သည်များကို ပြောလျှင် ဟိန်းဟောက် မန်မဲသော မြန်မာ့နည်း မြန်မာ့ဟန် မိရိုးဖလာအရိုးစွဲဝါဒ နှင့်ကိုင်တွယ်ဖြေရှင်းနေသောကြောင့်ပင်ဖြစ်မည်။
ယနေ့ မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား မည်မှရှိမည်ကို ဦးကိုကိုလှိုင် မှကိန်းဂဏန်း အစီရင်ခံစာအရ ယခုကဲ့သို ၆၀၀ ခန့်သာဟုပြောသည်။ တကယ်ဆို မြန်မာနိုင်ငံရေး အကျဉ်းသား မည်မျှရှိမည်ကိုမိမိစား ပွဲ ပေါ်ရောက်လာသော အောက်ခြေမှ စာရွက်ကို သာ ထိုင်ဖတ်နေသော ဦးသိန်းစိန်ကိုယ်တိုင် မသိနိုင်ပါ။ AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီရေး အသင်းနှင့် နိုင်ငံတကာ လူ့အခွင့်ရေး အဖွဲ့ စည်း တို့ ရဲ့ ထုတ်ပြန်ချက်ကိန်းဂဏန်းများသည်ကား ထောင်ကျခံ အကျဉ်းသားများ၏ မိသားစုများနှင့် တိုက်ရိုက်ထိတွေ့ ပြီး စာရင်းပြုစုထားခြင်းကြောင့် အတိကျမ ဟုတ်တောင် အနီးစပ်ဆုံး ရှိမည်ဟု ယုံကြည်နိုင်လောက်သည့် ခိုင်မာသော အထောက်ထားများ နှင့် ကောက်ယူထားခြင်းဖြစ် ပါသည်။
တိုင်းပြည်ကောင်းချင်လျှင် အရှိကိုအရှိတိုင်း အမှန်ကို အမှန်တိုင်း ပြန်လည်သုံးသပ်မှသာလျှင် လိုအပ်သည်ကို ပြုပြင်နိုင်မည်ဖြစ်သည်။ မိမိအမှားကို မိမိဘာသာ သိရှိဝန်ခံပြီး ပြင်ဆင်သူဟာ ပညာရှိဖြစ်ပြီး သူတပါးက လာရောက်ပြုပြင်ပေးရလျှင် နလပိန်းတုံးဟု အမည်တပ်ခံရမည်ဖြစ်ပါသည်။ ထို့ ကြေင့် ယခု အစိုးရအဖွဲ့ (လူထုက ထောက်ခံ၊မထောက်ခံအသာထား) လက်ရှိ အာဏာကို ချုပ်ကိုင်ထားသော အစိုးရအဖွဲ့ အနေ နှင့် နလပိန်းတုံးမဖြစ်စေနိုင်ရန် စစ်မှန်တဲ့ ပြောင်းလဲမှုကို ရရှိရန်အရှိတိုင်း အမှန်တိုင်း လက်ခံနိုင်ပြီး လုပ်ဆောင်နိုင်ပြိး ၀ုတ်လား၊ ၀ုတ်ပါတယ်ဆို တဲ့ ခေါက်ရိုးကျိုးနေသော ပုံစံခွက်ထဲမှ လွတ်မြောက်ကြပါတော့ ဟုတိုက်တွန်းချင်ပါသည်။
No comments:
Post a Comment
ဝေဖန်ရေးတွက်နေရာ