သို့ နှင့် ရုံပိုင်ကြီးလဲ
ခေါင်းကိုက်ပြီး မီးရထားဝန်ကြီးသို့ အီးမေးပို့ လိုက်လေသည်။ အခြေအနေကို တင်ပြရန်ဖြစ်သည်။ သို့ သော် မြန်မာ့ဆက်သွယ်ရေးမှ ဆာဗာဒေါင်းနေကြောင့်ထိုအီးမေး မှာ နှစ်ရက် ခန့် ကြာမှ မီးရထားဝန်ကြီးထံသို့ ရောက်ရှိသွားတော့သည်။ မီးရထားဝန်ကြီးမှ ထိုအချိန်တွင် ဆေးခွင့်ယူ ထားသော ကြောင့် ရုံးမတက်နိုင်သောကြေင့် တစ်ပတ်ခန့် ကြာသွားပြန်ပါသည်။ သို့ နှင့်မီးရထား ၀န်ကြီးရုံးပြန် အတက်တွင် အီးမေးကို တွေ့ ပြီး ဟေ့ဟေ့ အရမ်းမလုပ်ကြနဲ့  ခဏနေဦး ငါလာ မဲ့ လေးလပတ်အစည်းဝေးမှာ တိုင်ပင်ရဦးမယ် ပြီးတော့မှ ညွှန်ကြားချက်ထပ်ထုတ်မယ်။ အဲ တော့ လောလော ဆယ် ယုန်ကို အစာကျွေးဖို့ ဝန်ထမ်းတစ်ယောက်ခန့်ထားလိုက်။ မီးရထားကြီးသည်လည်း ပဲခူးဘူတာတွင် ဆိုက်ထားလိုက်လေသည်။ သို့ နင့် လေးလပတ်အစည်းဝေး ကို စောင့်နေချိန်တွင် ယုန်သားများမှ နောက်ထပ် သားများထပ်ပေါက်လာပြန်ပါသည်။ သို့ နှင့်ထုံးစံတိုင်းဝန် ထမ်းမှလဲ တဖန်လုပ်ထုံးလုပ်နည်းတိုင်း အစီရင်ခံ၇ပြန်ပါသည်။ ဒီလိုနဲ့ ညွှန်ကြားချက်အသစ် ထပ်မံ ထွက်ပေါ်လာခဲ့သည်။ ထိုယုံများကို ပြုစုစောင့်ရှောက်ရန် နောက် ထပ်ဝန်ထမ်းနှစ် ဦး ထပ်မံခန့် ရန်၎င်း။ ထိုဝန်ထမ်းများကို လမ်းညွှန်ရန် အလုပ်ကြပ်တစ်ဦးပါခန့် ရန်၎င်း၊ ပြီး ၄င်းတို့ ကို လစာပေးရန် လည်း စာရင်းထိန်းတစ်ဦးပါ ခန့်ရန်၎င်းစာထုတ်လိုက်လေသည်။ ပြီး ထိုယုံများ အားကျွေးမွေးရန် အစားစာ ၀ယ်ရန်တင်သွင်းရန် ချိပ်ပိတ် တင်ဒါခေါ်ယူစေ။ ပြီး ထိုချိပ်ပိတ်တင်ဒါ ကို တရားနည်းလမ်းကျစေရန် မျှတစေရန် စီမံခန့်ခွဲရန် ကော်မတီတစ်ရပ်ဖွဲ့ စေ ဟု ၁/၂၀၀၈ ဖြင့် စာထုတ်လိုက်လေသည်။ ၄င်းကော်မတီတွင် ပါဝင်ရန်တွက် အများကလက်ခံသူဖြစ်ရန် ဒီမိုကရေစီနည်း လမ်းကျဖြစ် ရန် ရွေးကောက်ပွဲ တစ်ရပ်ပြုလုပ်ပြီး ကော်မတီအဖွဲ့ ဝင်များ ကို ရွေးချယ်ခန့် ထားရန်။ ထိုရွေးကောက်ပွဲ လုပ်ရန် တွက် ဘတ်ဂျက်ကို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနသို့ တင်သွင်းရမည်ဖြစ်သောကြောင့်
လောလော ဆယ်တွင်မြန်မာ့မီးရထားမှ ကုန်ကျငွေကို ခေတ္တစိုက်ထားပေးရန် တို့ ဖြစ်သည်။ ဘဏ္ဍာရေး ၀န်ကြီးမှလဲ ၀န်ကြီးချုပ်၏သဘောတူညီမှုကို ယူရမည်ဖြစ်သောကြောင့် ၀န်ကြီးချုပ်ထံသို့ အစီရင်ခံစာတင် သွင်းလိုက်လေသည်။
သို့ နှင့်မီးရထားဝန်ကြီးလဲ အထက်ပါညွှန်ကြားချက်များကို အကောင်ထည်ဖေါ်၇န် နေ့ မအား ညမအား အားသွန်ခွန်စိုက်လုပ်ဆောင်ရန် အောက်ခြေအဆင့်ဆင့်သို့ ညွှန်ကြားလိုက်လေသည်။ သို့ နှင့်အောက်ခြေ တာဝန်ရှိသူများမှလဲ ပြက္ခဒိန်များ အမြန်ရိုက်နှိပ်ကာ မီးရထားလက်မှတ်ဝယ်သူများအား မ၀ယ်မနေရ ရန်ပုံငွေတွက် ရောင်းချပါတော့သည်။ သို့ နှင့်အဆင့်ဆင့် အစီရင်ခံစာများအရ နိုင်ငံတော် ၀န်ကြီးချုပ်သည် လဲ ထိုစီမံကိန်းများ အကောင်ထည်ဖေါ်မှု အခြေအနေကို သိရှိရန် နှင့် လိုအပ်သည်များကို ညွှန်ကြား၇န် တွက် ပဲခူးဘူတာသို့ လာရောက်မည်ဖြစ်ကြောင်း စာထုတ်လိုက်ပြန်ပါသည်။ သို့ နှင့်ဝန်ကြီးချုပ် လုံ ခြုံရေးတွက် တပ်မတော်ထောက်လှန်းရေးမှ တာဝန်ယူရပြန်ပါသည်။ ထိုတပ်မတော် ထောက် လှန်းရေးကိုနေရာချထားပေးရန်၊ ကျွေးမွေးရန်နှင့် ၀န်ကြီး ချုပ်ရောက်ရှိချိန်တွင် နေရာထိုင်ခင်းစီစဉ်ရန် တွက် ပဲခူးဘူတာ တွင် နှစ်ပေါင်းများစွာ ရောင်းချနေသာ ဆိုင်ခန်းများအား ၄၈ နာရီတွင်း ပြောင်းရွှေ့ ပေး ၇န်နှင့် မလိုက်နာပါက ဥပဒေအရ အရေးယူမည် ဟု အကြောင်းကြားလိုက်လေသည်။ ၀န်ကြီးချုပ် လာရောက် ကြည့်ရှုပါက ကြိုဆိုရန်တွက်လဲ အလယ်တန်းကျောင်းမှ ကျောင်းသူကျောင်းသားများအား ဘင်ခရာနှင့် ပန်းပွါးအကသင်တန်းများကိုစီစဉ် ပေးရန်၎င်း၊ ရပ်ကွက်တွင်းမှ တစ်အိမ်တစ်ယောက်ဝန် ကြီးချုပ် ကြို၇န် မတက်မနေရ မတက်လျှင် ဒါဏ်ငွေဆောင်ရမည်ဟုလည်း ၄င်း မြို့ နယ်ဦးစီးဌာနများ သို့ အကြောင်းကြားစာ ထုတ်လိုက်ပြန် ပါသည်။ သို့ နှင့် ဆရာကြီးမှ ကျောင်းသားမိဘများအား ကျောင်းသား များအား သင်တန်းပေး ရန် နှင့်ဝတ်စုံဝယ်ရန် အလှုငွေ မထည့်မနေရ ဟုစာထုတ်လိုက်သည်။ လမ်းများဖုံမထရန် လည်း မြို့ နယ် ဦးစီး ဌာ နမှနေပြီးမီးသတ်အရာရှိများအား မီးသတ်ကားများဖြင့် လမ်းရေဖြန်းရန် တာဝန်ပေး လိုက်လေ သည်။ ကြက်ခြေနီများအားလည်း ၀တ်စုံပြည့်ဖြင့် အဆင်သင့် ပြင်ထား၇န် လိုအပ်လျှင်ခေါ်သုံးရန်ဟု ညွှန်ကြားချက်ထုတ်လိုက်လေသည်။
ပြည်သူ့ ရဲများမှလဲ ညညချိန်ကင်းလှည့်ပြီး လုံခြုံရေး အရ ညဆယ်နာရီနောက်ပိုင်းလမ်းထွက်သူများအား
မှောင်ရိပ်ခိုမှုဖြင့် ဖမ်းဆီးစစ်ဆေးမှုများကို ပြုလုပ်လျှက်ရှိလေသည်။ နေ့ လည်တွင် မှတ်ပုံတင် စစ်ဆေးခြင်းနှင့် ရပ်ကွက်လူကြီးများမှလဲ ဧည့်စာရင်းစစ်ခြင်းတို့ ပြုလုပ်လေတော့သည်။ သို့ နှင့် ၀န်ကြီးချုပ်မှ လာရောက် ကြည့်ရှုအပြီးတွင် မတော့ လိုအပ်သည်များကို ညွှန်ကြားကာ နောက်တစ်နေ့ တွင် စာထုတ်လိုက်လေသည်။ ယုန်လေးကောင် ဖြစ်နေလျှင် နှစ်ကောင်ကို နေပြည်တော်ပို့ ပြီး ကျန်နှစ်ကောင်ကို ရန်ကုန်သို့ ပြန်ပို့လိုက်ပါ ဟုထိုညွှန်ကြားချက်တွင်ပါရှိလေသည်။ သို့ သော် ထို ညွှန်ကြားချက်ထွက်ချိန် ၂၀၁၁ အောက်တိုဘာလတွင် စုစုပေါင်း မွေးဖွါးလာသော ယုန်များမှာ အကောင် နှစ်ရာကျော်သွားပြီးဖြစ်၍ မည်သို့ ဆက်လက်လုပ်ဆောင် ရမည်ကို ညွှန်ကြားချက်ပေးပါရန် ထပ်မံပြီး ပဲခူး ဘူတာရုံပိုင်မှ သက်ဆိုင်များသို့ အကြောင်းကြားအစီရင် ခံလိုက်လေတော့သည်။
ဤတွင် ယုန်လင်မယားနှင့် အစိုးရစီမံကိန်းများ ပုံပြင်ပြီး၏။
Objective, Burma
အမေမှာတဲ့ဆန်တခွဲ သုံးစိတ်နဲ့မလဲ...
ReplyDelete