Objective Burma Burma blog

Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။


ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။

Oct 25, 2011

မိရိုးဖလာ နှင့် ယဉ်ကျေးမှု (သို့ ) လှေနံကိုဓါးထစ်ပေးကြသူများ

....လွှတ်တော်အမတ်ဖြစ်မှ ခေါင်းပေါင်းပေါင်းပြီး ယခင်ကဘာကြောင့် ခေါင်းပေါင်းမပေါင်းလဲ လို့ ဆက်မေးမိ ရင်တော့.... ယဉ်ကျေးမှုအရပေါင်းတဲ့ ခေါင်းပေါင်း ထိုခေါင်းပေါင်း ပေါင်းသည်နှင့် ထိုသူအလိုလိုယဉ်ကျေးမှုရှိ သွားပြီးလားဆိုတာ........

တစ်နေ့  လူတစ်စုနှင့် စကားတခွန်းပြောမိသည်။ တချို့ လူတွေက ကဖျက် ယဖျက်လုပ်ချင်ကြတယ်။ ကကြီးရေးလဲ ဖျက်ချင်တယ်။ ကကြီးကို ပြောင်းပြန်လှန်ပြီး ယပလက်ပြောင်းရေးပေးပြန်တော့ လည်းဖျက်တာပဲ အဲလိုလူတွေကြောင့်အစည်းဝေးကြီး အချိန်ကုန်ပြီး လိုရာမရောက်တာလို့ ။ အနားက လူတစ်ဦးက မျက်လုံးပြူးပြီး ဟေး....ခင်ဗျားပြောမှပဲ ဒီစကား ရဲ့ အဓိပ္ပါယ်ကို သဘောပေါက်တော့တယ်။ ကဖျက်ယဖျက် လို့ ငယ်ငယ်လေးထဲက လူကြီးတွေ ပြောနေ တာ ဘာလို့ အဲလိုပြောလဲ ဆိုတာကို မသိဖူး လူကြီးပြောလို့ လိုက်ပြောနေကြည့်တာပဲ။ ခုမှဘာကြောင့်ဆိုတာ သဘောပေါက်တော့တယ်တဲ့ ။ ဒီလိုနဲ ရှေးလူကြီးပြောလို့ လိုက်ပြော ဘာကိုဆိုလို လို့ ဘာမှန်းမ သိဖြစ်နေ တဲ့  လူတွေအုပ်ချုပ်သလို့ မို့  တိုင်းပြည်ကြီး ကမ္ဘာပေါ်မှာ ကျွဲကိုယ်ပေါ်က ဖြုတ် တစ်ကောင်လောက်မှ အရာမ၀င်တော့တဲ့ ထိဖြစ်သွား ခဲ့ ရတာ ကျွန်တော်တို့ မျိုးဆက် မှာ အမြစ်ဖြတ်ရပ်တန့် ကြပါစို့ ။


န၀တ (လူထုအခေါ်ငြိမ်ပိအစိုးရ) တဖြစ်လဲ ယခင် နအဖ  တဖြစ်လဲ ယခု ကြံ့ဖွတ် အစိုး၇အဖွဲ့ ကြီးသည် အာဏာရှင် ဦးသန်းရွှေကြီး ၏မြန်မာ့နည်းမြန်မာ့ဟန် မိရိုးဖလာနည်း ဒီမိုကရေစီကြီးဆိုပြီး ထပ်ခါတလဲလဲ ပြောနေတာကတော့ ဘာပဲလုပ်လုပ် လုပ်သမျှမှာ မိရိုးဖလာ ယဉ်ကျေးမှုနှင့်အညီ အကောင်ထည်ဖေါ်ဆောင်ရွက် ဆိုပဲ။ လာပြန်ပါပြီ။ ဒီမိရိုးဖလာဆိုတာနှင့် ယဉ်ကျေးမှုဆို တာကို ရောချချင်ကြပြန်ပါသည်။ ရှင်းပြချင်ပါသည်။ သူတို့ မလဲ ပြောသာပြောနေတာ လွှတ်တော်တက်ရင် ဘာကြောင့်ခေါင်းပေါင်းပေါင်းပြီး အိမ်မှာနေရင် မပေါင်းလဲ လို့ မေးချင်သည် အဖြေကတော့ လာပါလိမ့် မည် မိရိုးဖလာယဉ်ကျေးမှုအရလို့ ။ အဲတော့ ယဉ်ကျေးမှုအရ ခေါင်းပေါင်းတာနှင့် ထိုသူအလိုလို ယဉ်ကျေးမှုရှိသွားပြီလားလို့ ထပ်ဆင့်မေးချင်သည်။ တဆင့်တက်ပြီ အင်္ဂလိပ်လို (Why) ဗမာလို ဘာကြောင့် မိရိုးဖလာယဉ်ကျေးမှုမှာ လွှတ်တော်အမတ်ဖြစ်မှ ခေါင်းပေါင်းပေါင်းပြီး ယခင်ကဘာကြောင့် ခေါင်းပေါင်း မပေါင်းလဲ လို့ ဆက်မေးမိ ရင်တော့ ကလေးဆိုရင်တော့ ခေါင်းခေါက် ခံရပြီး လူကြီးဆိုရင်တော့ ၅ည နှင့် အနှစ်နှစ်ဆယ်မိမည်ထင်သည်။ ငယ်ရွယ်စဉ်ခေါင်းခေါက်ပြီး ကြီးလာသောအခါ ၅ညနှင့် ပြသနာကို ရှင်းလင်းတတ်သော မိရိုးဖလာနှင့်ယဉ်ကျေးမှု လွှတ်တော်ကြီးအား ရှင်းပြချင်ပါသည်။ မိရိုး ဖလာ နှင့် ယဉ်ကျေးမှုဆိုတာ တမျိုးစီပါ။ မိရိုး ဖလာ ကိုတစ် လုံးချင်းစီဖတ်ပါသည်။ "ဖ' 'လာ' လို့ ရွတ်ပါသည်။ ယခုကျွန်တော် တို့ ဆိုနေသလို 'ဖလာ' မဟုတ်ပါ။ မိရိုး (အမိ အမေမျိုးရိုး) ဖ'လာ (အဖေ အဖ မျိုးရိုးမှ) လာပြီးသတ် ချမှတ်ခဲ့သော ထိုမိရိုးဖ'လာ ထုံးစံအတိုင်း စဖြင့် အဓိပ္ပါယ်ဆောင်ပါသည်။ ဒီနေရာမှာ ဒီမိရိုးဖလာဟာ ယဉ်ကျေးမှုဖြစ်ချင်မှဖြစ်မယ် မှန်ချင်မှန်မည် မှားချင်မှားမည် ခေတ်နှင့်ညီချင်ညီမည် မညီချင်မညီဖြစ်မည်။ ဒါကိုလုပ်သင့်မလုပ်သင့်ဆိုတာကို ယဉ်ကျေးမှုဆိုတဲ့ ပေတံနှင့်တိုင်းထွာပြီး ဆုံးဖြတ်သင့်သည်ဟု ထင်ပါသည်။


မိရိုးဖလာဆိုတာဟာ

ငယ်စဉ်ကအဖွားလုပ်သူက ကလေးငယ်ခြေဆင်းထိုင်လျှင် ဟဲ့ ကောင်လေး အဲလို မထိုင်နဲ့ မကောင်းဖူး ဟုငေါက်ဖူးသည်။ ဒါနဲ့ ကလေးလဲ လူကြီးပြောရင်လိုက် လုပ်ပြန်မမေးရလို့ ဆိုတဲ့ မိရိုးဖလာကို ဆန့် ကျင်ပြီး အဖွားလုပ်သူကို ပြန်မေးမိလေသည်။ အဖွား ခြေဆင်း ထိုင်ရင်ဘာဖြစ်တတ်လဲ ဆိုတော့ အဖွားက တချက်အန်းသွားပြီး ဟာမကောင်းဖူးပေါ့ ဟဲ့ တဲ့ ၊ နောက် ကလေးက အဖွား ဘာမကောင်းတာလဲ ထပ်ကွန့် ပြန်ပါ တယ်။ အဖွားကလဲ ဟဲ့ ငါ့ ဖိုးဖွါးတွေ က ငယ်ငယ်ထဲက သင်ခဲ့တာ အဲလို မထိုင်နဲ့ မကောင်းဖူးဆို မကောင်းဖူးပေါ့ မကောင်းတာကို မလုပ်နဲ့ ပေါ့လာလျှာရှည်နေသေးတယ်။ လူကြီးပြောရင်လိုက်လုပ်ပေါ့ ပြန်ပြန်ပြီးမေးခွန်းထုတ်နေတယ်။ ကလေးကတခါ ထပ်မေးပြန်ပါတယ် ဘယ်သူက မကောင်းဖူးလို့ သတ်မှတ်ခဲ့တာလဲ ဆိုတော့ အဖွါးလဲ ကောက်ကနဲ ကလေးခေါင်းကို ခေါက် လိုက်တော့သည်။ ဒေါင်ကနဲ ခေါင်းဖူးသွား တဲ့ ကလေး ကဘာမှ ဆက်မမေးတော့  ခြေဆင်းထိုင် လျှင် ခေါင်းခေါက်ခံရမည် ထို့ ကြောင့် ခေါင်းခေါက် ခံရလျှင်နာမည် ထို့ ကြောင့်မကောင်းဟု နားလည်လိုက်လေသည်။ အဖွါးသည် လည်း လောကကို စံစားစရာရှိသည်စံစား လို့ ခံစားစရာ ရှိသည်ကို ခံစားပြီး ဘ၀ပြောင်းသွားခဲ့သည်။ သို့ သော် ကလေးတစ်ဦး ၏မေးခွန်းတွက် မှန်ကန်သော အဖြေဖြစ် စဉ်ဖြစ်သောခြေဆင်းထိုင်လျှင် ဘာကြောင့်မကောင်းဟူသော အဖြေကို မဖြေနိုင်ခဲ့ပေ။ အဘယ့်ကြောင့် ဆိုသော်အဖွါးကိုယ်တိုင် ပင်သူငယ်စဉ်က ခေါင်းခေါက်ခံရပြီး ရပ်တန့် သွားသောကြောင့်ဖြစ် သည်။ ထို့ ကြေင့်၎င်းခေါင်းခေါက်ခြင်း ဖြင့်အဖြေပေးသောလုပ်ရပ်သည် မိဘမျိုးရိုးမှဆင်းသက်ကာ မိရိုးဖလာဖြစ် လာပြီး ယနေ မဆလ၊န၀တ၊ နအဖ၊ အစိုးရတို့ တိုင်ထိုမိရိုး ဖလာတိုင်းဆက်လက် အုပ်ချုပ်ပြီး မိမိမဖြေချင်သော မဖြေတတ်သော အရာများကို ၅ည လျှပ်စစ်ဥပဒေ အမျိုးမျိုးဖြင့် ဖြေရှင်းပြီး လှေနံဓါး ထစ် ပေးနေကြလေသည်။ 

ယဉ်ကျေးမှု

ယဉ်ကျေးမှုဆိုရာဝယ် မယဉ်ကျေးခြင်း(ရိုင်းစိုင်းခြင်း) ရဲ့ ဆန့်ကျင်ဖက်ပေါ့၊ ဒါရှင်းပါတယ် အဲ တော့ မယဉ်ကျေးတာက ဘာလဲဆိုတော့ ယနေ့ ရပ်ကွက်ထဲမှာ ဖြစ်နေသော ပေါ်တာဆွဲခြင်း (လူတစ်ဦးကို အခြားတစ်ဦးက အတင်းကျပ် ဖမ်းဆီးပြီး ခိုင်းစေခြင်း)၊  ရပ်ကွက်မြို့ နယ်အုပ်ချုပ်ရေးမှုးများက တစ်အိမ်တစ်ယောက် မတက်မနေရ ဘာညာပွဲများကို တက်ခိုင်းခြင်း။ လဒ်စားပြီးအမှုများကို မျက်နှာကြီးရာ ဟင်းဖတ်ပါခြင်း၊ အမှန်တရားကို ဆန့် ကျင်ခြင်း။ မိမိအကျိုးတွက် အခြားသူအကျိုးကို ထိခိုက်နစ်နာအောင် ပြုလုပ်ခြင်း။ ဘုန်းတော်ကြီး ကျောင်းများအား ညဖက် လက်နက်အားကိုးနှင့် အနိုင်ကျင့်ခြင်း၊ တိုင်းရင်းသူ အမျိုးသမီးများကို အလိုမတူပဲ ရှေ့တန်းထွက်လျှင်အဓမပြုကျင့်ခြင်း၊ တိုင်းရင်းသား ရွာသားများ၏နေအိမ် ယခင်းများကို လက်နက်ကိုင်အဖွဲ့ များအား ပန့် ပိုးမှုမလုပ်နိုင်ရန် ဖျက်ဆီးခြင်း (အဖျက်သမားလုပ်ရပ်)၊ စသဖြင့် အကျယ်ချဲ့ မည်ဆိုလျှင်အများကြီးတွေ့ ပါမည်။ ယခုလို မယဉ်ကျေးသောလုပ်ရပ်များရဲ့ ဆန့် ကျင်ဖက် ကတော့ ထိုလုပ်ရပ်များကို ရပ်တန့် ပြီး မှန်ကန်တဲ့ လုပ်ရပ်များကို လုပ်ဆောင် ခြင်းကို ယဉ်ကျေးမှုလို့ခေါ်ပါမည်။ မိမိလုပ်နေသည်များသည် ယဉ်ကျေးသလား ရိုင်းစိုင်းသလားဆိုတာကို တော့ မိမိဘာသာ ပြန်လည်သုံးသပ်ကြဖို့ လိုပါသည်။ ထို့ ကြောင့် ရပ်ကွက် အုပ်ချုပ်ရေးမှသည် နိုင်ငံအုပ်ချုပ်ရေး ကို ကိုင်ထားသောသူများသည်လည်း မိရိုးဖလာဖြစ်ခေါင်းခါက်၊ ၅ည လုပ် ရပ်များကို ထိုယဉ်ကျေးမှုဆိုသော ပေတံနှင့်တိုင်းထွာပြီး ဆက်လုပ်သင့် မလုပ်သင့် ဆိုတာကို ဆုံးဖြတ်မှသာလျှင် ယဉ်ကျေးသော လူ့ ဘောင်အဖွဲ့ စည်းမြန်မာပြည် တွင် ပေါ်ထွန်းမည်ဖြစ်သည်။

လှေနံကိုဒါးထစ်ကြသူများ (ပုံပြင်)

တရံရောအခါ (လွန်ခဲ့သောအချိန်က) သားအဖနှစ်ဦးငါးဖမ်းထွက်ကြလေသည်။  သို့ နှင့် တနေကုန်ငါးဖမ်းသော်လည်းတစ်ကောင်တစ်လေမှမမိပဲ ရှိနေသည်။ ညနေလဲ နေစောင်းလာပြီး သို့ နှင့်နောက်ဆုံးကြိမ် ကွန်ကျဲရာတွင်မတော့ ပိုက်ကွန်ထဲတွင် တစ်ကောင်တည်းသော ငါးမှ တွယ်ညိ လာလေသည်။ သို့ နှင့်ဝမ်းသာအားရာ ဒါးမကို ကိုင်ကာ ထိုငါးကို သတ်မည်ဟု အလုပ်တွင် ငါးမှ စကားပြော လာသည်။ တံငါသည်ကြီး ကျုပ်ကို အသက်ချမ်းသာပေးပါ ခင်ဗျားတို့ ကို ကျုပ်အရင်ဘ၀က ချထားတဲ့ ရွှေအိုးပြမယ် ဟုပြောသည်၊ ဒီတွင် တံငါသည်လဲ အံ့အားသင့်ပြီး အင်းဒီညေ တာ့ ဟင်းစားမရလဲ ရွှေအိုးရမယ်ဆို တန်ပါတယ်လေဆိုပြီး ထူးထူးခြားခြား ဒီငါးက လူစကားပြောတာ ဆိုတော့ ဖြစ်နိုင်ပါတယ် ဟုဆိုကာ
ကဲဒါဆိုလဲပြတော့ မင်းကို ပြန်လွှတ်မယ်ဟုဆိုလိုက်သည်။ သို့ နှင့်စကားပြောသော ငါးလဲ မြစ်လည်တနေရာကို ခေါ်ပြီး တံငါသည် ယခုနေရာရဲ့ အောက် တည့် တည့် ကို ငုံ့ ပြီးရှာပါ လင်းလက်ပြောင်နေသော ရွှေအိုးကို ထင်ထင်ရှားရှားတွေ့ ပါလိမ့်မည်။ သို့ နှင့်တံငါသည် အဖိုးအိုနှင့်သားတို့ သည် ထိုစကားပြောသော ငါးအား လွှတ်ပေးလိုက်ကြသည်။ ငါးသည်လဲ ရေကူးကား ပြောက်ကွယ်သွားသည်။ သားလုပ်သူက ခါးတောင်းကျိုက်ကာ ရေဆင်းငုတ်ရှာမည် ကို ပြင်ဆင်လေသည်။ ထိုချိန်တွင်နေလုံးကြီးသည် ၀င်လုဆဲဆဲဖြစ်နေသည်။ထိုစဉ် အဖိုးအိုက ငါ့ သား နေ၀င်တော့မည်။ ငါလဲ ထမင်းဆာပြီး အိမ်ပြန်ပြီး နောက်နေ့ ကျမှာလာငုတ်တော့မည် ဟုဆိုကာ စကားပြောသောငါးပြသည့် နေရာတည့် တည့် နှင့်တည်ရှိနေသော လှေနံရံဘောင်ကို ဒါးမနှင့် ထစ်ပြီး မှတ်သားလိုက်လေသည်။ သားငယ်သည်လည်း အဖစကား ဘယ်သောခါမှ ပြန်လှန်မေးခွန်းထုတ်ရန် အလေ့ ကျင့်မရှိသောကြောင့် ဖခင်အဖိုးအိုစကားအတိုင်း လိုက်နာကာ အိမ်ပြန်ခဲ့လေ သည် နောက် တစ်နေ့ မိုးသောက် ချိန်တွင် အဖလုပ်သူမှ ဟေးဒီနေ့ ငါတို့ ချမ်းသာပြီး ရွှေအိုး ငုတ်တော့မည်ဟုဆိုကာ ကာ ၄င်းကိုယ်တိုင် ခါးတောင်းကျိုက်ကာ မိမိကိုယ်တိုင် ယမန်နေ့ ညနေမှ ဒါးထစ်ထားခဲ့သော လှေနံရံအောက် တည့် တည့် သို ငုတ်လေတော့သည် သို့ သော် မိုးချုပ်သည့် တိုင်အောင် ရွှံ့ နွံနှင့် ကျောက်ခဲသာ ရပြီး ရွှေအိုးကား မရ ခဲ့ပေ။ ထိုချိန်တွင်မှ သားလုပ်သူမှပြောသည်ကား အဖေ မနေ့ ကအဖေ လှေနံဒါး ထစ်ထားတာ ရေလည်မှာ ဒီနေ့ အဖေငုတ်နေတာ လှေချည်ထား တဲ့ ကျုပ်တို့ တဲအောက်က ရေစပ်မှာလေ ဟူသတည်း။

ကျုပ်တို့ လဲ ကျုပ်တို့ တွေလည်း နောင်လူဖြစ်လာ လတန့် သော မျိုးဆက် သစ်များတွက် ရွှေအိုး ရချင်လျှင် လှေနံဒါးထစ်ခြင်း အလုပ် များ၊ ခေါင်းခေါက်၊ ၅ည ဥပဒေဆိုးများကို ရပ်တန့်ကြဖို့ အချိန်တန် ပါပြီး ဖြစ်ကြောင်း အတိုက်ခံနှင့် ပြည်တွင်း ပြည်ပ အဖွဲ့ စည်းများအားလုံးအားတိုက်တွန်းလိုက်ပါသည်။
နောင် မြန်မာပြည် သမိုင်း တွင် မိမိကိုယ်၊ မိမိနာမည် ကို လှေနံဒါးထစ်ကြသူများ စာရင်းတွင် မပါရှိစေရန် ယနေ့ ပင် ပြုပြင် ပြောင်း လဲရေး ကို လုပ်ဆောင်ကြရန် တိုက်တွန်းလိုက်ပါသည်။ သား၊ သမီးများအား ထိုက်သင့်သော လွတ်လပ်မှုကိုပေးပြီး လူကြီး ပြောလျှင်မိမိဘာသာ ဆုံးဖြတ်ပြီး ပြန်မေးကြဟူသော အကျင့်ကောင်းများကို ကျင့်ပေးခြင်းဖြင့်လူတိုင်းလူတိုင်း ဒီမိုကရေစီလို ချင်လျှင် ပထမဆုံး ပြုပြင်ရမည်က အိမ်တွင်းရေးတွင် ဒီမိုကရေစီကို အကောင်ထည်ဖေါ် ပေးခြင်းကြရန်ဖြစ်သည်။

အိမ်တွင်းမိသားစုထဲတွင် ငယ်စဉ်ကခေါင်းခေါက်ပြီး ပြသနာတခုကို အဖြေပေးတတ်သူများ ယခုချိန် လွှတ်တော်ထဲ ၀င်လာလျှင်နိုင်ငံရေးပြသနာများကို ၅ညနှင့်၎င်း လျှပ်စစ်ဥပဒေဖြင့်၎င်း ဖြေရှင်းခြင်းမှလွဲပြီး ဘာမျှလုပ်တတ်မည်မဟုတ်သည့်  လှေနံဓါးထစ်သူများ တနည်းအားဖြင့် ငတုံးများ ဖြစ်နေကြပါမည်။

မောင်မျိုး



No comments:

Post a Comment

ဝေဖန်ရေးတွက်နေရာ