Objective Burma Burma blog

Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။


ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။

Oct 26, 2011

သမ္မတကြီး ဘယ်ရောက်နေပါသလဲခင်ဗျား.....

ထိုင်းရေဘေးသင့်မြန်မာတွေ ကို အစိုးရအဖွဲ့ များ ငွေညှစ်နေကြ

သူတပါးဒုက္ခရောက်ချိန်တွင် အခွင့်ကောင်းယူပြီး မိမိကိုယ်ကျိုးတွက် လုပ်ဆောင်နေသူကို သူယုတ်မာဟု ခေါ်သည်။ ထိုသို့ ရေဘေးဒုက္ခသည်များကို  ငွေညှစ်သော သူယုတ်မာ အဖွဲ့ စည်းများကို ကိုခေါင်းဆေင်နေသူသည် သူယုတ်မာ ခေါင်းဆောင်ပင်ဖြစ်မည်။ ထိုသူယုတ်မာခေါင်းဆောင် သမ္မတ မဖြစ်စေရန် သမ္မတကြီးဦးသိန်းစိန် အမြန် အရေးယူဆောင်ရွက်သင့်သည်။

ခေါင်းဆောင်ဟူသော သမ္မတ ပီသပါလျှင် မှားယွင်းနေသောမိမိအောက်ခြေမှဝန်ထမ်းများ၏လုပ်ရပ်ကို အမြန်ပြုပြင် ရန် ညွှန်ကြားချင်ထုတ်ပြီး ပြင်းပြင်းထန်ထန်အရေးယူသင့်ပါသည်။ အဲလိုမှ မလုပ်နိုင်လျှင် သူယုတ်မာခေါင်းဆောင် သူယုတ်မာဝန်ထမ်းများ ကို အုပ်ချုပ်နေသော သမ္မတဟု ကမ္ဗည်းထိုးခံရမည်ဖြစ်သည်။ 

No comments:

Post a Comment

ဝေဖန်ရေးတွက်နေရာ