Objective Burma Burma blog

Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။


ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။

Oct 27, 2011

သံဃာတော်များ ဆန္ဒပြခွင့်ရှိရမယ်

ကြံ့ဖွတ် အမတ်မှ သံဃာဟာ ဘာသာတရားသာလုပ်ရမှာဖြစ်လို့ ဆို၍ ဆန္ဒပြခွင့်ကို ပိတ်ပင်ဖို့ ပြောပါတယ်။ မြန်မာစကားမှာ ဆန္ဒပြတယ်ဆိုတာ သံဃာများ သပိတ်မှောက်ခြင်းကို ခေါ်ခြင်းရယ် ပါ။ သံဃာတော်များ သပိတ်မှောက်တယ်ဆိုတာ ဘုရားရှင်လက်ထက်ထဲက ရှိခဲ့ ပါတယ်။ ဒါကြောင့်ခုမှ ကြံ့ဖွတ်အမတ်က တားမြစ်ဖို့ လုပ်တယ်ဆိုတာဟာ သဘာဝမကျပါဖူး။ ပြီး လူတစ်ဦးမှာ သူ့ ရဲ့ကိုယ်ပိုင်လွတ် လပ်ခွင့်ရှိရမှာပါ။ မည်သူမဆို အများနှင့်သက်ဆိုင်သော ကိစ္စမှာမိမိရဲ့ သဘောထား ထင်မြင်ချက်ကို အများကို ထုတ်ပြနိုင်တဲ့ အခွင့်အရေးရှိတယ် ။ သံဃာများ သပိတ်မှောက်ခွင့်ကို ပိတ်ပင်တာဟာ ရှေးထုံးစဉ်လာ အရ၄င်း။ ဘာသာတရား နည်းလမ်းအရ၄င်း။ လူမှုရေး ရှုထောင့်မှ၎င်း ဖိနှိပ်ချုပ်ချုယ်မှုတမျိုးဖြစ်သောကြောင့် သံဃာတော်များ ဆန္ဒပြခွင့်ပိတ်ပင်မည်ဆိုခြင်းသည် လူ့ အခွင့်ရေးချိုးဖေါက်မှုတခုပင်ဖြစ်သည်။

ဒီမိုကရေစီ၏ အဓိပ္ပါယ်နှင့် သဘောသဘာဝကို လုံးဝနားမလည်သော ကြံ့ဖွတ်အမတ်များ သည် ဒီမိုကရေစီ လမ်းစဉ်နိုင်ငံကို ဦးတည်သွားနေပါသည်၊ ဖေါ်ဆောင်နေပါသည် ဟု ကြွေးကြော်နေသည်မှာ လွန်စွာရှက်ဖွယ်ကောင်းလှပါသည်။

No comments:

Post a Comment

ဝေဖန်ရေးတွက်နေရာ