တိုင်းပြည်ဆုတ်ယုတ်ခြင်းရဲ့ အကြောင်းများထဲမှာ သတင်းလွတ်လပ်ခွင့်ကို ထိန်းချုပ်ထားခြင်းသည် အဓိကအခန်း မှပါဝင်သည်။ သတင်းလွတ်လပ်စွာစီးဆင်းမှ စီးပွါးရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အခန်းတို့ တွင် ပြည်သူများ မျက်စိပွင့် နားပွင့်ပြီး ဆက်သွယ်မှု မှန်ကန် မြန်ဆန်စွာ နှင့် ပူးပေါင်း ပါဝင်ခွင့် ရရှိမည်ဖြစ်သည်။
အစိုးရ၏လုပ်ပိုင်ခွင့်အခန်းနှင့် ပြည်သူ၏ပူးပေါင်းမှု အခန်းတို့ ကို သတင်းစာစောင်များနှင့် လွတ်လပ်သော မီဒီယာမှ ထုတ်ဖေါ်ပြီး လိုအပ်ချက်ကို ပညာရှင်များမှ ထောက်ပြပိုင်ခွင့်ရှိမည်ဖြစ်သည်။
ထိုသတင်းလွတ်လပ်ခွင့်ကို ပြန်ကြားရေး ၀န်ကြီး ဌာနမှ ထိန်းချုပ်ထားခြင်းဖြင့် အစိုးရတွင်း အကျင့်ပျက်လုပ်ရပ်များ ကို ဖေါ်ထုတ်အရေးယူရန် အခွင့်မသာပဲ ရှိနေသည်။ ဒါ့ ကြောင့် ထိုသတင်းလွတ်လပ်ခွင့်ကို ထိန်းချုပ်ထားသော ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်းအနေနှင့် အမှန်တကယ်ပြုပြင် ပြောင်းလဲရေးကို လိုလားလျှင် လူထုကို လေးစားလျှင် သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ရာနှုန်းပြည့်  ၁၀၀ % ကျကျ အချိန်မဆိုင်းပဲ ချက်ခြင်း ပြောင်းလဲပေးရန်တောင်းဆိုသည်။
ထိုသို့ မဟုတ်လျှင် လိမ်ငြာနေသော မီဒီယာ ၀န်ကြီး အဖြစ် နာမည်ပျက်ကျန်ရစ်ခဲ့ မည်ဖြစ်မည် မိမိသမိုင်းကို လေးစားပါလျှင် နာမည်ကောင်းရချင်ပါလျှင်အမြန်ပြုပြင်ပြောင်းလဲရေးလုပ်ပေးပါ ရန် နှိုးဆော်ပါသည်။
No comments:
Post a Comment
ဝေဖန်ရေးတွက်နေရာ