Objective Burma Burma blog
Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။
ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။
Nov 6, 2011
NLD မှတ်ပုံတင်သင့်မတင်သင့် ဆွေးနွေးမှု
NLD ပါတီအနေနှင့် မှတ်ပုံတင်ပြီး လွှတ်တော်တွင်း ၀င်ရောက်ပြီး ပြောကြားမှု လုပ်သင့်မလုပ်သင့် ဆိုတာ ပြည်တွင်း ပြည်ပ မှာပါ တစ်ယောက်တစ်မျိုး ကွဲပြားစွာ ပြောဆိုနေကြပါသည်။
အချက်လက်အချို့ ကို တင်ပြချင်ပါသည်။ ဖွဲ့ စည်းပုံ အခြေခံဥပဒေသည် သန်းရွှေ၏ ၄င်းတို့ မိသားစု အကျိုးစီးပွါးကို ကာကွယ်စောင့်ရှောက်ရန် တနည်း သန်းရွှေ နှင့် နောက်လိုက်များမှ ၄င်းအာဏာရှိ စဉ်တွင်းပြုလုပ်ခဲ့သော ရာဇ၀တ်မှုများတွက် နောင်တက်အစိုးရအဆက်ဆက် တရားစွဲ မှုမပြုလုပ်နိုင်ရန် အင်္ဂလိပ်ဘန်းစကားနှင့်ရှင်းရလျှင် (to cover his butt) လုပ်စဉ်ပဲလို့ သုံးသပ်မိသည်။ မှန်ချင်မှန်မည် မှားချင်မှားမည်။ ထို့ ကြောင့်အခြေခံဥပဒေတွင် အမှားများ လိုအပ်ချက်များစွာရှိနေသည်။ လက်ခံသည်ဖြစ်စေ လက်မခံသည် ဖြစ်စေ အချိန်အတိုင်းတာတခုထိ တည်ရှိနေမည်ဖြစ်သည်။ မည်သည့်အရာမျှမမြဲသလို အခြေခံဥပဒေသည်လဲ အမြဲတည်တန့် မနေပါ။ အချိန်ခါလိုက်ပြောင်း လဲမည်ဖြစ်သည်။
ယနေ့ အခြေနေကို သုံးသပ်ရလျှင် မြန်မာနိုင်ငံတွင်း အဓိကအရေးကြီးဆုံးလုပ်ရမည့် လုပ်ရပ်သည် ပျက်စီးရိုယွင်းနေသော လူမှု အဆောက်အအုံ နှင့် စာရိတ္တများကို ပြည်လည်ပြုပြင်ပြီး စီးပွါးရေး တနည်း ၀မ်းရေး (ဆင်းရဲတွင်းနက်နေမှု) ကို ပြန်လည် မြှင့်တင်ရန်ဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ထက်ပင် လွန်စွာနိမ့် ကျဆင်းရဲနေသည်ကို တွေ့ ရသည်။ လာအို၊ ကမ္ဘောဒီး ယားနှင့်ယှဉ်လျှင် မြို့ ကြီးများရှိတိုက်တာ အဆောင်အအုံများ ပိုမိုကောင်းမွန်ပြီး တိုးတက်မှုရှိ သည်ဟုယူ
ဆနိုင်သော်လည်း ပညာရေး နှင့် လူတစ်ဦးချင်း၏ စီးပွါးရေး လွတ်လပ် မှု၊ နိုင်ငံရေးလွတ်လပ်မှု ကိုနှိုင်းယှဉ် လျှင် လွန်စွာ အောက်ကျနောက်ကျ ရှိနေသည်ကို တွေ့ ရမည်။ မြန်မာနိုင်ငံ၏ယနေ့  အခြေအနေမှာ ပေါ် ယံရွှေမှုံကြဲသော်လည်း အတွင်းတွင် နောက်ချေးများနှင့်ပြည့်နေသည်။ ပြည်တွင်းစစ် နှင့် အစိုးရအဖွဲ့ တွင်း အကျင့်ပျက်သည့် စံနစ်အမြစ်တွယ်နေမှု၊ အတွေးအခေါ်များ တိမ်မှု၊ တီတွင်ကြံဆ ဖေါ်ထုတ်ပိုင်ခွင့် မရှိမှုများနှင့် ပြည့်နေသည်။
ဒါတွေကို မပြုပြင်နိုင်သေးသမျှဘယ်အစိုးရ၊ ဘာပါတီ၊ တက်တက် ဘယ်သူခေါင်းဆောင်လုပ်လုပ် နိုင်ငံသားများ၏ အရေး (နိုင်ငံရေး)သည် တိုးတက်မှုလမ်းမရှိပါ။ 
ယနေ့ NLD အနေနှင့် မှတ်ပုံတင်ရန် (သို့ ) မတင်ရန် ဆုံးဖြတ်ရာတွင် ထိုအချက်များကိုအခြေခံပြီး မည်သည်ကို ဦးစားပေး ဆောင်ရွက်သင့်သည် ကို စဉ်းစားဆုံးဖြတ်ရန်နှင့် မှတ်ပုံတင်ပြီး ဆက်လက် ရှင်သန် သွားလျှင် လူထုတွက် မည်၍ မည်မျှ ပြည်သူတွက် အကျိုးရှိမည်။ မှတ်ပုံမတင်ပဲ နေလျှင် မည်ကဲ့ သို့ ဆက်လက် ရှင်သန် ပြီးမြန်မာ့ နိုင်ငံရေးတွင် လှုပ်ရှားသွားမည်။ မည်မျှပြည်သူကို အထောက်ကူပြုနိုင်မည် ဆိုသည်ကို သေချာကွဲပြားစွာ သုံးသပ်ဆုံးဖြတ်လိမ့်မည်ဟုယုံကြည်ပါသည်။
သေချာသည်မှာ၊ ဥပမာ၊ ဘုရားပေါ်တက် အင်္ဂါဒေါင့် ဆုတောင်းယုံနှင့်တော့ မြန်မာနိုင်ငံပြောင်းလဲရေး သူ့ အလိုလိုဖြစ်လာမည်မဟုတ်ပါ။ ထိုထက်ပိုပြီး လက်တွေ့ ကျသော ပြုမှုလုပ်ဆောင်မှုများကို လုပ်ရမည်မှာမလွဲ ပါ။ ဒါကို NLD လူကြီးများကောင်းစွာ နားလည်သည်ကိုလဲတွေ့ ရှိမိပါသည်။ ထိုသို့လက်တွေ့ ကျသော လုပ်ရပ်များ အကောင်ထည်ဖေါ်ဆောင်ရွက်နိုင်ရန်မှာ မှတ်ပုံတင်ခြင်းနှင့် မှတ်ပုံမတင်ပဲ မည်ကဲ့ သို့ ဆက်လက်ရပ်တည်ပြီး မည်ကဲ့ သို့ ဆက်လက်အကောင်ထည်ဖေါ်မည်ကို မူ NLD တွက် အရေးပါသော စိမ်ခေါ်ချက် အပြောင်းအလဲဖြစ်ပါသည်။
သေချာသည်မှာ NLD သည် လူထု တော်လှန်ရေးမှ ပေါက်ဖွားလာခြင်းဖြစ်ပြီး ယနေ့ တိုင်  မားမားမတ်မတ် ရပ်တည်နေနိုင်သေးသည့် တော်လှန်ရေးမှ ဖွါးမြင်လာသည့် တစ်ခုတည်းသောရပ် တည်နေနိုင်သေး သည့်  နိုင်ငံရေးပါ တီဖြစ်သည့်တွက် မှတ်ပုံတင်သည် ဖြစ်စေ၊ မတင်သည်ဖြစ်စေ NLD သည် လူထုကြားတွင် (သမိုင်းတွင်) အမြဲရှင်သန်နေမည်ဖြစ်သည်။
သို့ သော် မည်မျှ လူထုအကျိုး မည်မျှလုပ်ဆောင်နိုင်မည်ဆိုသည်မှာ NLD အနေနှင့် မည်မျှကြာကြာ တစ်စုတစ်စည်းတည်းထင်ထင်ပေါ်ပေါ် ဆက်လက် ရပ်တည်နေနိုင်မည်ပေါ်မှုတည်ပါသည်။
No comments:
Post a Comment
ဝေဖန်ရေးတွက်နေရာ