Objective Burma Burma blog

Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။


ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။

Nov 12, 2011

ရေအိုးကို ဘယ်သူမီးမြှိုက်ပေးနေကြလဲ

  မပြီးခင်ဗမာမမြင်စေနဲ့ တဲ့ ။ စကားပုံရှိပါတယ်။ ဗမာတွေ ဟာ လွန်စွာ ကဲ့ ရဲ့ ရှုံ့ ချပြီး မိမိဘာသာ မှတ်ချက်ချလွန်းလို့  မြန်မာရှေးလူကြီးတွေ က မြန်မာနောက် လူကြီးတွေကို ဆုံးမဖို့ ထားခဲ့တဲ့စကားရှိတယ်။

ခုလဲ NLD ဘာလုပ်မယ်မသိသေးဖူ။ ဟိုလိုလုပ်ရင် ငါတို့ တော့ သူတို့ ကို မဆက်ဆံတော့ဖူး။ ဒီလိုလုပ်ရင် ငါတို့ တော့ မပေါင်းဖူး။ ဒေါ်အောင်ဆန်းစုကြည် ဘာဖြစ်ညာဖြစ်ဆိုပြီး လေသံပစ်နေကြတယ်။

တကယ်ဆိုပြန်စဉ်းစားကြည့်ပါ။ အနှစ်နှစ်ဆယ်ကျော်ကြာ မှုန့် မှုန့် ညက်ညက်ကြေအောင် အထောင်း ခံနေခဲ့ရ တဲ့ NLD နှင့်ဒေါ်စုကို ဝေဖန်နေသူတွေ ပြန်စဉ်းစားကြစေချင်ပါသည်။ ဒီနေ့ ဒေါ်စု နှင့် NLD ရွေးကောက်ပွဲ  မ၀င်လို့ မကြေနပ်သူတွေ။ ၀င်မယ်ဆို လို့ မကြေနပ် သူတွေ တောင်ပြော မြောက်ပြောပြောနေတာတွေ သေ ချာပြန်စဉ်းစားကြည့်ပါ။ ဘယ်သူ ၀မ်းသာဖို့ လဲဆိုတာ။ ကြားထဲက  ဘယ်သူအမြတ်ထွက်မလဲဆိုတာ။  

NLD နှင့် ဒေါ်စု ရွေးကောက်ပွဲ ၀င်သည် ဖြစ်စေ၊ မ၀င်သည် ဖြစ်စေ၊ ကျွန်တော်တို့ လုပ်ရမှာက NLD နှင့် ဒေါ်စုကို နောက်ကနေ၀ိုင်းရံပန့်ပိုးပေးဖို့ ပဲ။ 

တိုက်ပွဲမှာရန်သူကို အပြတ်သတ်ခြေမှုန်း တာရယ် (သို့ ) မိတ်ဆွေဖြစ်အောင် စည်းရုံးပြီး အောင်နိုင်မှုရ ယူတာရယ် ရှိတယ်။ စည်းရုံးမှုပျက်ပြားစေသော အဓိကအချက်ကတော့် မိမိ ရဲဘော်ရဲဖက်အချင်းချင်း မကောင်းပြောခြင်းပဲ။ ဒီနေ့ မြန်မာ့ အဖွဲ့ စည်းအသည်းသည်း မှာ ဖြစ်နေတဲ့ အတွင်းရေး မညီညွတ်ခြင်းရဲ့ အဓိက အဖြေဟာ အဲဒါပဲ။ မနာလို ခြင်းနှင့် မကောင်းပြောခြင်းပဲ။ ဒါဟာ ဆုံးရူံးမှုတွက် အချက်ပြလိုက်ခြင်းပဲ။  ဒါကြောင့် အနောက်တိုင်း ဆရာကြီးတွေ ပြောလေ့ ရှိတယ်။  
" If you can't say something good in the team, 
you'd better shut up"

အရည်ချင်းရှိရင် ကိုယ်တိုင် ခေါင်းဆောင်ပြီးပြည်တော်ဝင်ပြီး ဦးဆောင်ပြီး လက်တွေ့ လုပ်နိုင်လျှင် လက်တွေ့ သွားလုပ်ကိုင်သင့်သည်။ အဲလို မှ မလုပ်နိုင် ရင် တော့ နောက်ကနေပြီး နောက် လိုက် ကောင်းပီ သ စွာ နေသင့်ပါသည်။  ဒါဟာ လွန်စွာ အရေးကြီးတယ်။ နွားကွဲ ရင် င်္ခြသေ့ဆွဲ ခံရမှာပဲ။

ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲ ၀င်သည်ဖြစ်စေ၊ မ၀င်သည် ဖြစ်စေ၊ သူမရဲ့ ဆုံးဖြတ်ချက်နှင့် လုပ်ရပ်ဟာ အမြဲတမ်းပြည်သူ့ ဖက်၊ ပြည်သူ့ အကျိုးတွက်ပဲဆိုတာ ခင်ဗျားတို့ ကျွန်တော်တို့ စွဲနေအောင် နားလည် ယုံကြည်သင့်တယ်။ နှစ်နှစ်ဆယ်လုံးလုံးသက်သေပြခဲ့ပြီးပြီး၊ ကဖျက်၊ ယဖျက် သူတွေရဲ့ သံယောင် လိုက်ပြီး မီးမျြိက်ခံထားရတဲ့ ရေနွေးအိုးလို ဟိုတပွက် ဒီတစ်ပွက် ဆူပွက်ပြီး နှောက် ယှက်နေကြလျှင် ရေနွေး ပူလောင်လိမ့်မည် ဟုပညာရိကြီးများကို အသိမခေါက်ခက် ပဲ အ၀င်မနက်စေရန် သတိပေးချင်ပါသည်။

No comments:

Post a Comment

ဝေဖန်ရေးတွက်နေရာ