Objective Burma Burma blog

Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။


ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။

Nov 13, 2011

အထင် နှင့် အမြင် သို့ သော် ထိုအရာက အမှန်တရားလား


အထက်ပါပုံကို တက္ကသိုလ် ရောက်ဖူးတိုင်းနီးပါးတွေ့ ဖူးပါလိမ့်မည်။ ဒီမိုကရေစီ ၀ါဒမှာ မိမိအထင် နှင့် အမြင်ကို လွတ်လပ်စွာတင်ပြခွင့်ရှိသော်ငြားလည်း ထို အရာများသည် အမှန်ဖြစ်လိမ့် မည်ဟုတော့ စွတ်ငြင်းခုံရုံနှင့် ထိုအရာသည် အမှန်ဖြစ်နိုင်မည် မဟုတ်ပါ။ 
အထက်ပါပုံကို ကြည့် ပါ အချို့ က မိန်းကလေး ငယ်အသွင်မြင်ပြီး သေချာပြန်လည်ကြည့်ရှုသောအခါ အသက်ကြီးသော အဖွါးအို အဖြစ်ပြန်လည်တွေ့ ရှိရပြန်ပါသည်။ 
မြန်မာ့ နိုင်ငံရေး ယနေ့ အခြေအနေသည်လည်း ကြည့်ရှုသူ၏ ပညာအရည်ချင်း၊ ဗဟုသုတ။ ၄င်းကျင်လည်ရာအသိုင်းဝိုင်း၊ ဘ၀တလျောက် ကြုံတွေ့ ခဲ့ သော အတွေ့ အကြုံ၊ ညာဏ်အမြှော်အမြင် နှင့် ဘာသာရေး၊ ယဉ်ကျေးမှုကွာဟမှုပေါ် မူတည်ပြီး အမျိုးမျိုး ကွဲပြား နိုင်ပါသည်။ 
 ထိုသို့ မိမိ၏ အတိုင်းတာနှင့် စဉ်းစားမိရသလောက်သည်သာ မိမိမြင်သော အရာများသည် သာ အမှန်ဖြစ်သည်ဟု တထစ်ချပြောဆို မရနိုင်ပါ။ ဒါကြောင့် မြတ်စွာဘုရားကိုယ်တိုင် ဟောခဲ့သည်မှာ မိမိကိုယ်တိုင် သုံးသပ် ရှုမြင်ပြီးမှာ ညာဏ်နှင့် ချင့်ချိန်ယုံဟုဆိုပါသည်။ မွေးဖွါးလာသည်မှ စတင်ကာ နိဗ္ဗာန်မရောက်မှီကာလတွင်း အမှားပေါင်းများစွာကို သတ္တ၀ါတိုင်း ကြုံရဦးမည်ဖြစ်သည်။ သို့ သော်ခံနိုင်ရည်ရှိပြီး ကျော်လွှားနိုင်ဖို့ ကိုသာ မိမိကိုယ်ကို အဓိက လေ့ကျင့်ပြုစု ရမည်ဖြစ်သည်။

No comments:

Post a Comment

ဝေဖန်ရေးတွက်နေရာ