Objective Burma Burma blog

Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။


ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။

Dec 7, 2011

ဥပဒေနားမလည်သော ညွှန်မှုးများအားဖြုတ်ပေးပါ။ မလုပ်နိုင်ရင်ထွက်ပေး

 ဥပဒေ ထွက်ပေါ်လာကြောင်းကို စာအုပ်ထဲမှာသာ ထားပြီး အောက်ခြေအဆင့်ဆင့်ကို လုပ်ထုံးလုပ်နည်း (Precudures) ကိုထုတ်ပြန်မှုမရှိတော့ကာ ပြသနာက ဒီမှာစတာပဲ။ အောက်ခြေက လက်မှတ်ထိုးရမဲ့ ညွှန်မှုးအဆင့် လူတွေကလဲ သူတို့ တသက်အာဏာရှင်ရဲ့လမ်းစဉ်တိုင်း အထက်အဆင့်ဆင့် သမ္မတထိတိုင် ယခင် ထုံးစံတိုင်းအမိန့် တော်ခံယူနေရန်စောင့်ဆိုင်းနေတော့ကာ။ မိမိနေရာလေးပျောက်မှာစိုးရိမ်ပြီး ဥပဒေတိုင်းဆောင်ရွက်ဖို့ တွန့် ဆုတ်နေတာ။ ဒါတွေဟာ တိုင်းပြည် ဆုတ်ယုတ် ပျက်သုဥ်းခြင်းရဲ့ အဓိက အကြောင်းအရာတွေပဲ။ ဒီလို သာ ဆက်လုပ်နေကြရင် ခင်ဗျားတို့ အစိုး ရ နောင် နှစ်တစ်ရာ အုပ်ချုပ်လဲ မြန်မာပြည်မွဲမြဲ မွဲနေမှာပဲ။ စီးပွါးရေး ပိတ်ဆို့ မှု ဖွင့်ပေးလဲ ဒီလို အကျင့်ပျက်မှု၊ တကိုယ်ကောင်းဆန်မှုတွေ ကြောင့် တိုင်းပြည် နလံထူမှာမ ဟုတ်ဖူး၊ နေပြည်တော် သူ၊ နေပြည်တော် သားတွေ ကျေးဇူးပြုပြီး အလုပ်ကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ် သားသား လုပ်ကြပါရန် တိုက်တွန်းပါသည်။ ဦးရွှေမန်းက ဦးသိန်းစိန်ထက် ကို ပညာဗဟုသုတ ကြွယ်ဝပုံရပါတယ် ဒါကြောင့် ဦးရွှေမန်း ကြီး အောက်က ညွှန်ကြားရေးမှုးဆိုသူတွေကိုလဲ ဥပဒေမလိုက်နာသူတွေကို ဖြုတ်ထုတ်သတ် လုပ်သင့်ပြီး။

ဥပဒေ ပြဋ္ဌာန်းခဲ့ပေမယ့် ဥပဒေအတိုင်း မကျင့်သေး

2011-12-06
အလုပ်သမား ဥပဒေ ပြဋ္ဌာန်းခဲ့ပေမယ့် တောင်သူလယ်သမား သမဂ္ဂ၊ အလုပ်သမား သမဂ္ဂတွေ ဖွဲ့စည်းဖို့ လျှောက်ထားတဲ့ အခါမှာတော့ အကြောင်းအမျိုးမျိုး ပြပြီး လက်မခံခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံ Kyoto မြို့မှာ ကျင်းပနေတဲ့ ILO အာရှနဲ့ ပစိဖိတ်http://www.rfa.org/burmese/news/ilo-ftub-12062011110754.html

No comments:

Post a Comment

ဝေဖန်ရေးတွက်နေရာ