ဒီမိုကရေစီကျင့်သုံးလျှင် ပြန်ကြားရေးကို သက်ဆိုင်ရာ ၀န်ကြီးဌာနအဆင့်ဆင့်မှ ၄င်းတို့ ဖာသာသတင်းထုတ်ပြန်ပါစေ၊ ဦးကျော်ဆန်းကို တဆင့်ပြောခိုင်းစရာမလိုပါ။ မလိုအပ်ပဲ ကုန်ကျနေသာ ပြန်ကြားရေးဝန်ကြီးဌာနတွက် ငွေများကို ဖာထေးပါ။
နေပြည်တော်သူ နေပြည်တော်သားတို့ ကို ပြောပြန်ရင်လဲ ရွှေမန်းလွန်ရာကျဦးမယ်။ ကဲ အမေရိကန်က မြန်မာ့အရေးတွက် တရုတ်နိုင်ငံအစိုးရနှင့်ညှိနှိုင်းရမည်ဆိုတော့ကာမြန်မာနိုင်ငံအရေးကို ဘာကြောင့်မြန်မာဦးသိန်းစိန်နှင့် တိုက်ရိုက်မညှိပဲ တရုတ်ကြီးနှင့်ညှိုနှိုင်းဖို့ ရာ လုပ်ရတာလဲ မြန်မာ နိုင်ငံအစိုးရ အစစ်မှန်ဟာဘယ်သူလဲ တရုတ်အစိုးရဟာ မြန်မာပြည် ရဲ့ ရှေ့ရေး ပြည်တွင်းရေး မှာ ဘယ်လောက်ထိ ၀င်စွက်နေပြီးလဲ ဒါတွေကို နေပြည်တော်နေ မင်းကြီး။ မင်းလေး။ မင်းလတ်နှင့် မင်းကပ်မင်း မြှောင်တွေကျေးဇူးပြုပြီး မြန်မာပြည်လူထုကို ထုတ်ပြပေးပါ ရန်တောင်းဆိုပါသည်။ ပြီး မလိုအပ်သော ပြန်ကြားရေးဆို သည့် ဝန်ကြီး ဌာနကိုလဲ ဖြုတ်ပေးပါရန် တောင်းဆို ပါသည်။ ထိုပြန်ကြားရေး ၀န်ကြီး ဌာနကို ဖြုတ်လိုက်လျှင် ထိုဌာနတွက် ကုန်ကျနေသော ငွေကြေးများကို လူထုတွက် တိုက်ရိုက်အကျိုးရှိစေမည့် ကျန်းမာရေး၊ ပညာရေး တို့ တွင် သုံးစွဲရန် ဘတ်ဂျက်များထပ်မံဖြည့် တင်းနိုင် မည်ဖြစ်သောကြောင့် လူထု အကျိုးရှိသလို အုပ်ချုပ်သူလဲ အနည်းငယ်မျက်နှာရမည်ဖြစ်သည်။ သတင်းမရေးနိုင်သော သတင်းစာကြေးမုံ၊ မြန်မာ့အလင်း များကိုလဲ ပုဂ္ဂိုလိက လုပ်ပေးပါ။
သတင်းညွှန်း။၊ ဗွီအိုအေမှ၊
အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဟာ ဒေသတွင်းက တရုတ် အပါအဝင် နိုင်ငံသုံးနိုင်ငံကို သွားရောက်ဖို့ ရှိပြီး မြန်မာနိုင်ငံရေး တိုးတက်ပြောင်းလဲမှု ကိစ္စတွေအတွက် တူညီတဲ့ အခြေခံအမြင်တွေအပေါ် ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးတိုင်ပင်ဖို့ ရှိနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်
http://www.voanews.com/burmese/news/----12_06_11_my-news-burma----135138408.html
No comments:
Post a Comment
ဝေဖန်ရေးတွက်နေရာ