Objective Burma Burma blog

Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။


ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။

Feb 11, 2012

ကမ္ဘာ့ နိုင်ငံအသီးသီးတို့ ရှိ စစ်အသုံးစားရိတ်များ နှိုင်းယှဉ်ခြင်း

ယနေ့ မြန်မာအစိုးရအဖွဲ့ က တိုင်းပြည်တွက် သုံးစွဲငွေ ဘတ်ဂျက်အားလုံးထဲမှ ၁၆% ကို စစ်အသုံးစားရိတ်အဖြစ် အသုံးချသွားပြီး။ ပညာရေးကို ၅ ဒသမ ၃ ရာခိုင်နှုန်းနှင့် ကျန်းမာရေးတွက်မူ ၆ ဒသမ ၆ ရာနှုန်းခန့် ဖြစ်ပါသည်။ စစ်အသုံးစားရိတ်သည် ယခင်နှစ်များက ၂၅% ရှိသောကြောင့် ယခုလာမည့် နှစ်တွင်  ၉% လျော့ချထားကြောင်းဆိုပါသည်။ အဲဒီတော ကျွန်တော်တို့ အခြားသော နိုင်ငံများနှင့်နှိုင်းယှဉ်ကြည့်ကြရအောင် အောက်ပါပုံကို ကြည့်ပြီး ဘယ်တိုင်းပြည်က စစ်အသုံးစားရိတ်တွက် ဘယ်လောက်သုံးနေလဲ ဆိုတာ သိသာအောင်ပါ။ အာရှတိုက်မှာ အတိုးတက်ဆုံး ကမ္ဘာ့ အချမ်းသာဆုံးစာရင်းဝင် ဂျပန်နိုင်ငံက စစ်အသုံးစားရိတ်ကို အနည်းဆုံးအသုံးပြုထားတာတွေ့ ရမှာပါ။ ဂျပန်ဟာ ဒုတိယ ကမ္ဘာစစ်အပြီး စစ်အသုံးစားရိတ်ကို တိုင်းပြည်ဘတ်ဂျက်များထဲမှာ အနည်းဆုံးအသုံးပြုထားခဲ့ပါတယ်။ ဒါကြောင့်လဲ တိုင်းပြည်တဟုန်ထိုးတိုးတ်ကချမ်းသာမှုကို ရောက်ရှိလာတယ်လို့ ယူဆနိုင်ပါတယ်။ ဒီနေ့ အမေရိကန်စီးပွါးရေး ကပ်ဆိုက်ပြီး အကြွေးများပတ်လည်ဝိုင်းနေတာလဲ အီရတ် မှစတင်လာသော စစ်ပွဲ ပေါင်းစုံရဲ့ စစ်အသုံးစားရိတ်ကြောင့်ဆိုရင်မမှားပါ။

မြန်မာနိုင်ငံမှာ ၂၀၁၂-၁၃ တွက် ဘတ်ဂျက်ကို ဖေါ်ပြရာမှာ စစ်အသုံးစားရိတ်က ကျန်းမာရေးနှင့် ပညာရေး နှစ်ခုပေါင်းထက်ကို ကျော်လွန်နေတာကို တွေ့ ရမှာပါ။ ဒီတော့ မြန်မာပြည် ဆက်လက်ဆင်းရဲမွဲတေ နေဦး အာရှဖွတ်ဘ၀မှ တက်ဖို့ ရာ ၂၀၁၃ ခုမှာမမြင်နိုင်သေးပါ။


No comments:

Post a Comment

ဝေဖန်ရေးတွက်နေရာ