Objective Burma Burma blog

Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။


ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။

Feb 13, 2012

ပြည်ထောင်စုဆိုတာ

နယ်ချဲ့ကိုလိုနီဟာ နင် ကရင် နင်ချင်း နင်ဗမာ နင် ရှမ်းဆိုပြီး ဟိုအမျိုးဦးစားပေး ဒီတိုင်းရင်းသားဦးစားပေး နဲ့ အုပ်ချုပ်ခဲ့တာမဟုတ်ဖူး။ အားလုံးကို တန်းတူ ဂုတ်သွေးစုပ်ခဲ့တယ်။ ဒါကြောင့် ဒီတိုင်းရင်း သားခေါင်းဆောင် များအားလုံးဟာ အဲဒီချိန်က တညီတညွတ်တည်း ကိုလိုနီအာဏာရှင်အုပ် ချုပ်ရေးကို ပြောင်းလဲပစ်ရမယ်ဆိုတဲ့ သဘောတူညီမှုနဲ့ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်
စည်းရုံးမှုအောက်မှာ  ပြည်ထောင်စုအဖြစ် နိုင်ငံတည်ထောင်ရန် လက်မှတ်ရေးထိုးခဲ့ကြတယ်။  (စစ်ဗိုလ်များနားလည်ရန်တွက် ပြည်ထောင်စုကို အင်္ဂလိပ်လို Federal ဖက်ဒရယ်လို့ ခေါ်တယ် ခင်ဗျားတို့ စစ်ဗိုလ်တွေ ဗိုလ်သင်တန်းမှာ ဦးနှောက်ဆေးခံရသလို ပြည်ထောင်စု(federal) ဆိုတာ ခွဲထွက်တာမဟုတ်ဖူး။) အတူတကွ ပူးတွဲနေထိုင်ရေးဖြစ်တယ်။ ပြည်ထောင်စုဆိုတာ မတူညီတဲ့ မျိုးနွယ်စု ပိုင်ဆိုင်အုပ်ချုပ်ခဲ့သော နယ်မြေ ပြည်နယ်များ အားလုံးစုစည်းပြီး နိုင်ငံတနိုင်ငံအဖြစ် ပူးတွဲနေထိုင်ရေးဖြစ် တယ်။ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင် မှုနဲ့ ရရှိလာတဲ့  တိုင်းရင်းသားပေါင်း စည်းနေထိုင်ရေး ပင်လုံ စာချုပ်အရသာ ဒီနေ့ ကျုပ်တို့ ခင်ဗျားတို့ စစ်ဗိုလ်တွေ နေထိုင်နေတဲ့ Myanmar မြန်မာလို့ ခေါ်တဲ့ Burma ဆိုတဲ့ နိုင်ငံ တစ်ခု ကမ္ဘာမြေပုံပေါ်မှာ ၁၉၄၈ ခုနှစ်မှာ ပေါ်ပေါက်ခဲ့ရခြင်းဖြစ်သည်။ ဒါကို စစ်ဗိုလ်တွေ နားလည်ရင် ဒီနေ့ တိုင်းရင်းသား ပြည်တွင်းစစ်တွေ ဘာကြောင့်ဖြစ်နေရလဲ ဆိုသည်ကို သဘောပေါက် ကြလိမ့် မယ်လို့ မျှော်လင့်ပါသည်။

ယခင်ပင်လုံစာချုပ်သာမရှိခဲ့ လျှင် မြန်မာပြည်ဟာ ဒီနေ့ အိန္ဒိယ တိုင်းပြည်၏ လက်အောက်ခံ ပြည်နယ် ငယ်တခုအဖြစ်ရပ်တည်နေရမှာဖြစ်ပါသည်။ ဒါကြောင့် စစ်ဗိုလ်များ ပြည်ထောင်စု (တနည်း) ဖယ်ဒရယ်မူဆိုတာကို ခင်ဗျားတို့ ဗိုလ်သင်တန်းမှာ ဦးနှောက်ဆေးပြီး သင်ပေးခံရသလို ခွဲထွက်ရေးမဟုတ်ပဲ တိုင်းပြုပြည်ပြု နိုင်ငံထူထောင်ရေးဆိုတာကို နားလည်ပြီး တိုင်းရင်းသားများနှင့်ငြိမ်းချမ်းရေးဖေါ်ဆောင်ရာမှ စိတ်ဓါတ်ရေးရာအရပါ ပါဝင်ပါရန်တိုက်တွန်းပါသည်။


No comments:

Post a Comment

ဝေဖန်ရေးတွက်နေရာ