Objective Burma Burma blog
Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။
ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။
Apr 18, 2011
စစ်ဗိုလ်ချုပ်ကြီးများ တန်ခိုး အရိုးအိုးမှသည် ဘုရားဆံတော်ရှင်သို့ 
 ပါးစပ်သမိုင်းသာ ရှိခဲ့သော ထိုသီလရှင် အရိုးအိုးဘုရား ကြီးဟာ န၀တ (နအဖ) လက်ထက် အရောက် နေ့ ချင်း၊ ညချင်း မြတ်ဘုရား ဆံတော်ကိန်းအောင်းရာ စေတီဘုရားတဆူ အဖြစ်သို့ ပြောင်းလဲ သွားပါတော့သည်။
ဘုရား၊ကျောင်း၊ကန်၊ ရွာ ဆိုပြီး မြန်မာ့လူ့ ဘောင် အဖွဲ့ အစည်းမှာ ရှေးယခင်တည်းက ရွာ ရှိလျှင် ကိုးကွယ်ဆည်းကပ်စရာ ဘုန်းတော်ကြီး ကျောင်းရှိရမည်။ ကျောင်းရှိလျှင် ဘုရားရှိရမည်။ ဘုရားရှိလျှင် ကန်ရှိရမည်။ စသည်ဖြင့် ဘု၇ားကျောင်းကန် ဆိုပြီး တွဲ ခေါ်ခဲ့သလို မုဒုံမြို့ ရှိ ကျေးရွာလေး တရွာ၊ ခုတော့ ရွာကြီးပေါ့ဗျာ။ အဲဒီယခင် ရွာလေး၊  ယခုရွာကြီး မှာ ဘုရားတစ်ဆူရှိတယ်။ ဘွဲ့ အမည်ကတော့ဖြင့် ရိုးဂိုးဘုရား၊ ထိုဘုရားကို အမှုပြု ပြီး ပဝေဿဏီကာလက နာမည်မရှိဘာမရှိနှင့် ဒီတိုင်း လယ်ယာလုပ်သူများ စုပြီးနေထိုင်ရာအိမ်ခြေအနည်းငယ်သာရှိရာကရွာ၇ယ်ဖြစ်လာခဲ့တာကိုး။ရွာဖြစ်လျှင်အမည်သညာခေါ်တွင်စရာ ရှိရမယ်လေ။ သို့ ကလို နဲ့ ပဲ ထိုရွာအား ထိုရိုးဂိုးဘုရားကို အစွဲပြုပြီး ရိုးဂိုးရွာ ဟုခေါ်တွင်လေသတည်း။ ဤကားမွန်လူကြီးများတဆင့်စကားနှင့်တဆင့်နားနှင့်ပြောကြားခဲ့ကြသောပါးစပ်သမိုင်းကြောင်းဖြစ်ပါသည်။ ယနေ့ မော်လမြိုင်ရှိ အသက် ၇၀ ကျော်လူကြီးများ မေးကြည့်လျှင်သိနိုင်ပါသည်။ 
နှစ်ဆန်းတစ်ရက်ရောက်တိုင်း ထို ရိုးဂိုးရွာရှိ ရိုးဂိုးဘုရားပွဲ ကို လွန်စွာ အကြီးကျယ်ကျင်းပလေ့ရှိကြသည်။ ယခင်လွန်ခဲ့သော နှစ်သုံးဆယ်ခန့် ကဆိုလျှင်ဖြင့် နှစ်ဆန်းတ၇က်နေ့ တွင်အနီးနားကျေးရွာ ပေါင်းများစွာ မှ ထိုရိုးဂိုးဘုရားပွဲ သို့  နွားလှည်းများ ဖြင့်လှည်းတန်းရှည်ကြီးဖြင့် ရပ်ဝေး၊ ရပ်နီးမှ လာပြီး ပွဲ တော်ဆင်နွဲကြ၊ အပျိုလူပျို လှည့်ကြ စသဖြင့် အစည်ကားဆုံးသော ပွဲ တော် အဖြစ် နှစ်ပေါင်းများစွာ ကျင်းပခဲ့ ကြနှင့်ပေါ့။ သင်္ကြန် အတက်ပြီး နှစ်ဆန်းတစ်ရက်တွင် အခြားသော မြို့ ရွာများတွင် ရေပက်ကစားခြင်းများ မွန်ပြည်နယ်တွင် ၄င်းချိန်က မပြုလုပ်ကြတော့ပါ။ အဲ၊ ရိုးဂိုးရွာကလွဲလျှင်ပေါ့။ ဒါကြောင့်လဲ သင်္ကြန် အရှိန်မကုန်သူများတွက် ရိုးဂိုးဘုရားပွဲ သည် နောက်ဆုံးပိတ် ပျော်စရာဖြစ်ခဲ့သည်။
ဒီရိုးဂိုးဘုရားရဲ့ သမိုင်းကြောင်းကတော့ ရှေးလူကြီးများ (အသက် ရ၀ ကျော်မွန်လူမျိုး များ မေးလျှင်သိနိုင်ပါသည်။) နှင့် ဘုန်းတော်ကြီးများ အဆိုအရတော့ ယခင် ၄င်းဒေသ မှာ လွန်စွာ ဘုရားတရားကိုင်းရှိုင်းပြီး သီလနှင့် ပြည့်စုံတဲ့ အနီးရပ်ရွာများမှ လွန်စွာ နာမည်ကြီးသော သီလရှင်တစ်ပါးရှိခဲ့သည်။ ထိုသီလရှင်ကွယ်လွန်တဲ့ အခါ ရပ်ရွာထုံးစံတိုင်း မီးသင်္ဂြုလ်ပြီး ကျန်ရှိအရိုးပြာကို ထည့် ကာ ဂူသွင်းခဲကြသည်။ ထိုကဲ့သို့ သော ဘုန်းတော်ကြီးနှင့် အခြားသော လူကြည်ညို သူ ပုဂ္ဂုလ်ထူး မြတ်တို့ ၏အရိုး ပြာဂူအား အရိုးအိုး ဟုရပ်ရွာ စကား အရခေါ်တွင်ခဲ့ကြပါသည်။ အခြားသော ရပ်ရွာမှ လွန်စွာကြည်ညိုသော ဘုန်းတော်ကြီးများကိုလဲ ဤသို့ နှယ် လုပ်ဆောင်လေ့ ရှိသည်။ ဒါကတော့ သူတို့ ရပ်ဓလေ့ရွာဓလေ့ကိုး။ နောက်ပိုင်းထုံးစံတိုင်း ရွာရှိလျှင် ကျောင်းရှိ၊ ကျောင်းရှိဘုရားရှိရမည်ဆိုသော ရပ်ဓလေ့အတိုင်း၊ ထိုအများကလွန်စွာကြည်ညိုသော သီလရှင်အရိုးပြာအိုးဂူအားငုံပြီးရပ်ရွာလူကြီးများ မှ စေတီတည်လိုက်ကြလေသည်။ ရွာလဲ ဖြစ်သွားပြီး။ ကျောင်းလဲ ရှိလားပြီး၊ ခု ဘုရားလဲ ရှိသွားပြီး။
ဒီလိုနှင့် နေလာကြလိုက်တာ နှစ်ပေါင်းများစွာ၎င်း အရိုးအိုးဂူစေတီ ဘုရားကို အစွဲ ပြု ပြီး ကာလကြာတော့ ရိုးဂိုးဘုရား၊ ရိုးဂိုးရွာဟု ခေါ်တွင်ခဲ့ လေသည်။ ဘိုးဘွားတွေ က ၄င်းတို့ သိရှိခဲ့သည့် ရပ်ရွာ သမိုင်းကြောင်းများကိုကျွန်တော်တို့ နှပ်ချေးတွဲလောင်းအရွယ်မှာအိပ်ရာဝင်ပုံပြင်အဖြင့် ပြန်ပြောင်းပြောပြရင်း ပါးစပ်သမိုင်း အဖြစ်ကျန်ရှိခဲ့ သော မွန်ပြည်နယ်၊ မုဒုံမြို့ ရှိ ရိုးဂိုးရွာ ဘုရားသမိုင်းဖြစ်ပါသည်။  ၄င်းပါးစပ်ရာဇ၀င် မထင်မရှား ရိုးဂိုးစေတီဘုရားသမိုင်းကြောင်းမှာ မဆလ လက်ထက်ထိတိုင်အောင် ဤတိုင်း မပြောင်းမလွဲ တည်ရှိခဲ့ပါသည်။
သို့ ကလို နဲ့  ၁၉၈၈ အရေးခင်းပြီ နောက်ပိုင်း န၀တ၊ နအဖ လက်ထက်ရောက်ပြန်တော့ ထုံးစံတိုင်း စစ်ဗိုလ်ချုပ်ကြီးများမှ ဘာသာရေး အစွဲ ပြု ပြီး နိုင်ငံတခွင် တန်ခိုးကြီး ဘုရားများအား ပြု ပြင် ခြင်းဟုအမည် သညာတပ်ပြီး ၄င်းတို့ အား ထောက်ခံရန် ဘာသာ ရေး မဲဆွယ်ပွဲ ကြီး လုပ်ပါတော့သည်။ အဲဒီလို နှင့် စစ်ဗိုလ်ချုပ်ကြီးများ မဲဆွယ်စရာ၊ တန်ခိုးထွားရန် ဗေဒင်အလိုရ ယတြာခြေစရာ အဖြင့် တန်ခိုးကြီး ဘုရားများအား ပြုပြင်ခြင်း၊ ဖဲကြိုးဖြတ်ခြင်း၊ မလိုအပ်သည်များကို ညွန်ကြားခြင်း အစရှိသည့်  ၄င်းတို့ တာဝန် အရေးသုံးပါး အတိုင်း လှည်းနေ လှေအောင်း မြင်းဇောင်းမကျန်၊ အိမ်နောက်ဖေး ချတောင်ပို့ ကို ပါ မကျန် အမွှေးတိုင်းထွန်း၊ တံခွန်ကုက္ကား ဆက်လှုမှုတွေ လုပ်ကြတော့ ယခင် သီလရှင် အရိုးအိုး၊ ယခု ရိုးဂိုး ဘုရားလဲ မယက၊ လူကြီး များ ဖေါ်လန်ဖားလုပ်ပြီး၊ ၄င်းတို့ ဖာသာ အမည်တပ်ထားသော နိုင်ငံတော် ဟုခေါ်တွင်သော စစ်ဗိုလ်ချုပ်ကြီးများထံ သို့ ဘုရားပြုပြင်ရန် မွန် ပြည်နယ် ရှိ သမိုင်းဝင် မြတ်စွာ ဘုရား၏ ဆံတော်ရှင် ကိန်းအောင်း ရာ ရိုးဂိုး ဆံတော်ရှင် တန်ခိုးကြီး ဘု၇ားအဖြင့် အမည်တင်သွင်းလိုက်ပါတော့သည်။
သို့ ကလိုနှင့် ကာလ တန်ကြာစွာ မဆလ လက်ထက်ထိတိုင်အောင် ပါးစပ်သမိုင်းသာ ရှိခဲ့သော ထိုသီလရှင် အရိုးအိုးဘုရား ကြီးဟာ န၀တ (နအဖ) လက်ထက် အရောက် နေ့ ချင်း၊ ညချင်း မြတ်ဘုရား ဆံတော်ကိန်းအောင်းရာ စေတီဘုရားတဆူ အဖြစ်သို့ ပြောင်းလဲ သွားပြီး တန်ခိုးကြီး ဘုရားတစ်ဆူအဖြင့် နိုင်ငံတော်ဗိုလ်ချုပ်ကြီးများမှ တည်ဆောက်ပြုပြင် ကြပါတော့သည်။ သမိုင်းစာအုပ်ကိုလဲ ပုံနှိပ်ထုတ်ဝေ၊ ကျောက်စာလဲ ရေးထွင်းပြီး စစ်ဗိုလ်ချုပ်ကြီး မည်သူမည်ဝါမှ လာရောက်ပူဇော် သမိုင်းပြန်လည်ဖော်ထုတ်ဟု သတင်းစာထဲမယ် စာလုံးမဲ ကြီးများဖြင့် ဖေါ်ပြကြပါတော့သည်။
နအဖ လက်ထက် ၄င်းရိုးဂိုးစေတီ သမိုင်းကြောင်းကို (ဘယ်သူ ဘယ်ဝါရေးသည်မသိ) အောက်ပါ တိုင်း ဖေါ်ပြနေပါသည်။
တခါသောအခါမြတ်ဘုရားသီရိလင်္ကာသို့ ကြွချီတော်မူစဉ်၊ဆံတော်နှစ်ဆူကိုတောင်စောင့်နတ်ကြီးအား  ပေးသနား၍ တစ်ဆူကို ဂေါန ဘုရား ရှေးအခေါ် (ယခု ရိုးဂိုး) ထံ ဌာပနာခဲ့ သည်ဟု န၀တ လက်ထက် ဘုရားသမိုင်းကဆိုပါသည်။ ယခင် စေတီငယ်ကို ထိုရွာရှိ လူချမ်းသာ သေဌေးကြီး တစ်ဦးမှ သီရိဓမ္မာသောက မင်းလက်ထက်တွင် စေတီပေါင်း ရှစ်သောင်းလေးထောင်တည် စဉ်တွင် ယခုညာဏ်တော် အမြင့် ကို ပြန် လည်မွန်းမံခဲ့ သည်ဟုဆိုပါသည်။ နောက်ပိုင်းတွင် ရှေး ဘုရင် အဆက်ဆက် ပြုပြင်ခဲ့ သည်ဟုဆိုပါသည်။ ဒါက န၀တ (နအဖ) ရေးတဲ့ သမိုင်းပါ။ (ဒီနေရာမှ မရှင်းတာကအိန္ဒိယက သီရိဓမ္မာသောက မင်းကြီးနှင့် မွန်ပြည်နယ်ကဂါနရွာသေဌေးဘယ်လိုဘယ်ပုံဆက်စပ်လဲဆိုတာပဲ၊စဉ်းစားများရင်ခေါင်းမွေးဖြူမယ်၊ရှိစေတော့)
အဲတော့  ကွယ်လွန်သူ သမိုင်းဆရာကြီး ဦးသန်းထွန်း ပြောသလို " သမိုင်းသင်တာ မအ' အောင်လို့ ကွ' ဆိုသကဲ့သို့သမိုင်းမှန်မသိလျှင်ထိုစစ်ဗိုလ်ချုပ်ကြီးများ အောက်ခြေကမြှောက်ပင့်ပြောသမျှအဟုတ်မှတ်လိုက်လုပ်နေ
ပါလျှင်၊ကျွန်တော်တို့ ငတုံး၊ငအတွေ ဖြစ်နေပါမည်။ ထို့ ကြောင့်သမိုင်းမှန်သိအောင်ကျွန်တော်တို့ မှန် ကန်သော သမိုင်းကို လေ့လာ ဖေါ်ထုတ်သင့်ပါသည်။ ခုတော့ ရှေးလူကြီးများ ၏အပြောရာဇ၀င်အရ သီလရှင် အရိုးပြာအိုးကို ဌာပနာထားသော ထိုရိုးဂိုးစေတီမှာ ယခု န၀တ၊နအဖ လက်ထက် စစ်ဗိုလ်ချုပ်ကြီးများတန်ခိုးကြောင့်မြတ်ဘု၇ားဆံတော်ရှင်စေတီအဖြစ်နေ့ချင်း၊ ညချင်းပြောင်းလဲသွားသည် မှာရှေးမှီ၊နောက်မှီသူများတွက်လွန်စွာအံ့အား သင့်စရာကောင်းလှပါသည်။ သြော်၊စစ်ဗိုလ်ချုပ်ကြီးများတန်ခိုး လွန်စွာကြီးမားလှပါပေတကား ဟု မှတ်ချက်ချရမလိုဖြစ်နေပါသည်။
ဘယ်လိုပင် ဖြစ်စေ ဘုရားပွဲကို နှစ်စဉ် မြန်မာ သင်္ကြန်အပြီး နှစ်ဆန်းတစ်ရက်ရောက်တိုင်း ရှေးမှသည် ယနေ့ ထိတိုင် ကျင်းပလေ့ရှိသည့် အတိုင်း ရိုးဂိုးရွာသားများအား ပျော်တပြုံးပြုံး ယခင်တိုင်း ဆင်နွဲနိုင်ပါစေဟု ဆုတောင်းလိုက်ပါသည်။ ဘုရားပွဲလာဧည့်သဟာများဧည့်စာရင်းတိုင်ရခြင်းမှလဲကင်းဝေးကြပါစေဟု လည်း မကောင်းသော ခောတ်နှင့် လျှော်ညီအောင်စွာ ဆုတောင်းလိုက်ပါသည်။
(မှတ်ချက်။ မည်သည့်အရာ မှားသည်၊ မှန်သည်ကို မိမိဘာသာ လေ့လာ ဆုံးဖြတ်ကြပါကုန်။ ကျွန်တော့်အနေနှင့်ဘိုးဘွားများပြောသည်၊သိထားသည်ကိုအများသိရှိကြရန်ပြန်လည်တင်ပြခြင်း သာဖြစ်သည်။)
5 comments:
  1. ဘာမသိ ညာမသိApril 18, 2011
    ဟေ့လူရေ..
    ရှေးရှေးက
    မွန်တွေနေတဲ့မွန်ရွာနာမည်ကို ဗမာလိုနာမည်ပေးခဲ့တာ ဒီတခါဘဲကြားဖူးတယ်။
    ReplyDelete
  2. မင်းတို့ဘဲ တော်တယ်
    မင်းတို့ဘဲ တတ်တယ်
    မင်းတို့ဘဲ သိတယ်
    ReplyDelete
  3. တော်ပါပေ့၊တတ်ကြပါပေ့၊စည်းရုံးကြပါပေ့။
    ReplyDelete
  4. ဒါနဲ့ စကားမစပ် သန်းရွေ သမီး တရုတ်မှာ Phd ယူတုန်း made in china မြေးတယောက်ပါ ယူလာတာ ဖုံးမရလို့ ဟိုကောင်နှင့် ပေးစားတာ ၄ လနှင့် ကလေးမွေးဒါ အဲကောင် DNA စစ်ကြည့် ပေါ်မယ် လို့ ပြောနေကြတယ် ဟုတ်လားဗျား စုံစမ်းကြပါဦး
    ReplyDelete
  5. ထပ်ဖြည့်ပြောမယ်။ ရိုးဂိုးစေတီ သမိုင်းစာအုပ်ကို ခုနှစ်တော့ မမှတ်မိဖူး ထုတ်ဖူးတယ် အဲဒီထဲမှာလဲ သီလရှင် အရိုးအိုး လို့ ပဲ ပြောတယ်၊ ဘုရားဆံတော်ရှင် ဆိုတာ ခုမှ ဘယ်လိုဘယ်ပုံ ဖြစ်သွားလဲ မသိဖူး။ တမြို့ လုံးကလဲ ဒါပဲ အံ့သြနေကြတာ။ မယကတွေကလဲ သူတို့ အခွင့် ရေးရပြီး ရောဆိုပြီးလုံးချလိုက်တာပဲ။ အပေါ်ကလူကြီးတွေကဘာသိမှတ်လို့  ဗေဒင်ဆရာပြော အဟုတ်မှတ် လိုက်လုပ်နေကြတာပဲ။ နလပိန်းတုံးတွေ။ ကြုံတုန်းပြောရဦးမယ် ရိုးအိုး (ရိုးဂိုး)ဆိုတာ နောက်မှ ပြောင်းလဲခေါ် လာတာပါ အရင်က အခြားနာမည် ပါဒါပေမဲ နအဖ သမိုင်းစာအုပ်ပြောသမလိုမျိုး သိရိဓမ္မာသောကမင်း လက်ထက်ဆိုတာ မဖြစ်နိုင်ပါဖူး။ အဲဒီနေရာက ဒုတိယကမ္ဘာစစ်ထိအောင် တောကြီး ဖြစ်နေတာပဲ လူတိုင်းသိတယ်
    ReplyDelete
ဝေဖန်ရေးတွက်နေရာ