Good Government ( အစိုးရကောင်း)
Clean Government (သန့် ရှင်းသော အကျင့်ပျက်မှုမရှိအစိုးရ)
ယနေ့ ဦးသိန်းစိန်ဦးဆောင်သော အစိုးရတရပ်ဟာ ၄င်းတို့ စတင်ဖွဲ့ စည်းချိန်မှတင်ပြီး ပြောဆိုနေသော Good Govenment & Clean Government ဆိုပြီး ကြွေးကြော်နေသော်ငြားလဲ လက်တွေ့ လုပ်ဆောင်မှုမှာမှု ရေးရေး မျှမမြင်နိုင်သေးပါ။ အင်တာနက်စာမျက်နှာများကို အချို့  ဖွင့်ပေးသော်လည်း တကယ့်အရေးပါသော မီဒီယာနှင့် ရုပ်မြင်သံကြားတို့ ၏ လွတ်လပ်သော သတင်းရေးသား ထုတ်ပြန်မှုကို ကား ပိတ်ပင်ထားဆဲဖြစ်သည်။ သတင်းမီဒီယာ၏လွတ်လပ်မှုမရှိလျှင်မည်သည့် ဒီမိုကရေစီတိုင်းပြည်တွင်မဆို အကျင့်ပျက်ခြစားမှုများ အစိုးရတွင်းတွင်သော်လည်းကောင်း။ လူ့ ဘောင်အသိုင်းဝိုင်းတွင်သော် လည်းကောင်း ပေါ်ထွန်းမြဲပင်ဖြစ်သည်။
ဦးသိန်းစိန်နှင့်တကွ ၄င်းတို့ အစိုးရ၀န်ကြီးများဟာ အခြားသော လွတ်လပ်သော တိုင်းပြည်များမှ အစိုးရ၀န်ကြီးများကဲ့ သို့ ပြည်သူတို့ နှင့် တိုက်ရိုက်ထိတွေ့ မှုလွန်စွာနည်းပြီး သာမန်ပြည်သူများ၏ မျက်မှောက် ဘ၀နေ့စဉ်အခြေနေကို သိမြင်နိုင်မှုမရှိလှပါ။ သာမန်လူမှုဘ၀နှင့် အခက်အခဲ များကိုလဲ ဦးသိန်းစိန်တို့ ကိုယ်တိုင်ကိုယ်ကျ နေ့စဉ်သွားရောက်စောင့်ကြည့်ရန်လည်း မဖြစ်နိုင်ပါ။ ဒီနေရာမှာ သတင်းမီဒီယာများမှ နေပြီး အစိုးရနှင့်ပြည်သူတို့ ရဲ့ လိုအပ်ချက်ကို ကြားခံအဖြစ် ဆောင်ရွက်ပြီး ပြောကြားပေး ရပါသည်။ လွတ်လပ်သော သိက္ခာရှိသော အစိုးရတစ်ရပ် အုပ်ချုပ်သော တိုင်းပြည်များတွင် နံနက်မိုးလင်းသည်နှင့် ဒီနေ့ သတင်းစာတွေက အစိုးရကို ဘာတွေ ပြောနေကြလဲဆိုတာ အလျှင် စာရင်းပြုစုလေ့ ရှိပါသည်။ ထိုမှတဖန် အစိုးရအနေနှင့် လူထု၏အသံကို မှုတည်ပြီး တုန့်ပြန်အလုပ်လုပ်ပြကြပါသည်။ ထိုသို့ လုပ်ဆောင်နိုင်ရန်မှာ လူထုအသံကို ထင်ဟတ်စေသော သတင်းစာနှင့် မီဒီယာများ လွတ်လပ်စွာ ရေးသားတင်ပြခွင့်သည် လွန်စွာ အရေးကြီးပါသည်။
ဗိုလ်ချူပ်နေ၀င်း (တိုင်းပြည်ကို ချောက်ထဲချခဲ့သူ) လက်ထက်တွင် ထိုအခွင့်ရေးများကိုလုံးဝ ပိတ်ပင်ပြီး မိမိကြားချင်သည်များကိုသာ ရေးခိုင်းခြင်းများကြောင့် အစိုးရ၀န်ကြီးများမှသည် အောက်ခြေမြို့ နယ် ရပ်ကွက် ကျေးရွာ အဆင့်ဆင့် နောက်ဆုံး မိသားစု အသိုင်းဝိုင်း အိမ်ထောင်ဦးစီးထိတိုင် အကျင့် ပျက် ပြီးစ လွယ် လုပ်တတ်သော၊ တယူသန် အခြားသတို့ တို့ ၏ အကြံပေးမှုများကို နားမထောင် တတ်သော လူမှု စားရိုက်တစ်ခု ယနေ့ မြန်မာ့လူ့ဘောင် အဖွဲ့ စည်းတွင် အမြစ်တွယ်ခဲ့ ရခြင်းဖြစ်သည်။ သတင်းမီဒီယာ တို့ မှ ပြည်သူ့ အသံများသည် အစိုးရအဖွဲ့ စည်းမှ ကြားချင်သော အသံများ ရှိသလို မကြားချင်သော အသံ များလည်း ရှိပါသည်။ သို့ သော် ကောင်း သည်ဖြစ်စေ ဆိုးသည် ဖြစ်စေ ထိုအသံများသည် ယနေ့ မြန် မာပြည်သူ့ ဘ၀ကို ထင်ဟတ်စေသောကြောင့် အစိုးရများအနေနှင့် ကြားချင်သည်ဖြစ်စေ မကြားချင် သည်ဖြစ်စေ အရှိကို အရှိတိုင်းလက်ခံတတ်သော အစိုးရသည်သာ ကောင်းမွန်သော သန့် ရှင်းသော အစိုးရ ၏လုပ်ဆောင်ချက်ဖြစ်သည်။
ဦးသိန်းစိန်အစိုးရအနေနှင့် မိမိတို့ ကြားချင်သည်ကို သာအောက်ခြေကို ပြန်လည်ပြောခိုင်းနေလျှင် ဦးနေ၀င်းချမှတ်ခဲ့သော ပြည်ဖျက်စံနစ်တိုင်းသာ ဆက်လက်တည်ရှိနေမည်ဖြစ်သောကြောင့် အစိုးရ အဖွဲ့ ဘယ်လို ပြောင်းပြောင်း နှစ်တွေ ကြာသောလည်း ဘယ်စံနစ်သွားသွား ပျက်မြဲပျက်နေမည်ဖြစ်ပါသည်။
Objective Burma Burma blog
Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။
ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။
Sep 30, 2011
Sep 28, 2011
ယနေ့ မြန်မာနိုင်ငံတွက်အရေးကြီးလို အပ်ချက်
ယနေ့ မြန်မာနိုင်ငံတွင် အရေးတကြီးလိုအပ်နေတာ ကားသစ်တွေ တင်သွင်းဖို့ မဟုတ်။
၁) ပညာရေး
၂) ပညာရေး
၃ ပညာရေး ဖြစ်သည်။
ပညာရေးဆိုရာဝယ် တက္ကသိုလ်ပညာရေးကိုသာဆိုလိုခြင်းမဟုတ်ပဲ အခြေခံအတတ်ပညာ၊ အသိပညာ၊ လက်မှုပညာများ နှင့် အထွေထွေ ဗဟုသုတပညာရပ်များကို ဆိုလိုခြင်းဖြစ်သည်။
၁၉၇၀ ခုနှစ်နောက်ပိုင်းမြန်မာနိုင်ငံရှိ မြို့ ရွာ ရပ်ကွက်များတွင် စာကြည့်တိုက်များ တဖြေးဖြေး ကွယ်ပျောက်ပြီး ဆင်းရဲမွဲတေမှုကြောင့် ကျောင်းပညာရေးနှင့် အလှမ်းဝေးနေသော လူငယ်များမှ ပြင်ပပညာရပ်များကို မိမိဘာသာ လွတ်လပ်စွာ အားလပ်ချိန်တွင် လေ့လာဆည်းပူးရန်အခွင့်လမ်းများ လုံးဝပပျောက်ခဲ့ရသည်။ အကျိုးဆက်အနေဖြင့် ယနေ့ ကလေးလူငယ်များသည် စာပေ၊ ယဉ်ကျေးမှု၊ အသိပညာ နှင့် စာရိတ္တ၊ တွေးခေါ်မျှော်မြင် မှုအလေ့ကျင့်များ အခြားနိုင်ငံတကာမှ လူငယ်များနှင့် နှိုင်းယှဉ်လျှင် လွန်စွာနောက်ကျ ကျန်ခဲ့ရသည်။ အချို့ သော ပိုက်ဆံရှိမိဘလူလတ်တန်းစား မိသားစုများမှ ကလေး လူငယ်များကို မဆိုလိုပါ။
အနီးစပ်ဆုံး ဥပမာပြရလျှင် ထိုင်းနိုင်ငရှိ ကျေးလက်ဒေသများမှ ဆင်းရဲသား များတွက် ထိုင်းနိုင်ငံအစိုးရမှ လက်မှုပညာရပ်များ ကို အခမဲ့ အစိုးရစားရိတ်ဖြင့် သင်ကြားထောက်ပံ့မှုကို ပြုလုပ်ပေးခြင်းအားဖြင့် အလုပ်ကိုင်များကိုဖန်တည်းပေးပြီး အခြေနေအကြောင်းကြောင်းကြောင့် ကျောင်းပညာ ရပ်များနှင့်အ လှမ်းဝေး နေသာ လူငယ်များ၏ ဘ၀လူနေမှုကို မြှင့်တင်ပေးလေ့ ရှိသည်။
အခြေခံလူတန်းစား၏ လူနေမှုဘ၀ကို မြှင့်တင်ပေးနိုင်မှသာလျှင် တိုင်းပြည်၏ လူတန်းစားကွာဟမှု၊ စီးပွါးရေးဆင့်ကဲ ဆင့်ကဲ အပြန်လှန် ပံ့ပိုး ဖြစ်ပေါ်ပြီး တိုင်းပြည်၏အနာဂတ်လှပနိုင်မည်ဖြစ်သည်။ မည်သည့်အစိုးရ မည်သည့် စံနစ်မှာတွင် မဆို ထိုအခြေခံ လူတန်းစား၏ လူမှုဘ၀နှင့် နယ်နှင့် မြို့ ကြီးများရှိ ရေပေါ်ဆီလူတန်းစား အစိုးရနှင့်နီးစပ်ပြီး ပေါင်းစားနေသူများ၏ ဘ၀အခြေအနေ ကွာခြားလွန်းပါလျှင် တိုင်းပြည်တွင်းအသေးဖွဲ မှသည် ကြီးမားသောတော်လှန်ရေး ဖြစ်စဉ်များ ဖြစ်ပေါ်ပြီ ပြည် တွင်း ပြည်တွင်းငြိမ်း ချမ်းရေး ဘယ်တော့မျှရမည်မဟုတ်ပေ။

Sep 27, 2011
တရုတ်ပြည်သူအကျိုးတွက် တို့ မြေ တို့ ရေ တို့ တိုင်းပြည်ဖဲ့ပေးရတာ မှန်သလား? မှန်သလား?
ဧရာဝတီနှင့် လိမ်ငြာနေသော တရုတ်နဂါး
မြန်မာနိုင်ငံရဲ့ မြောက်ဖက်ဖျား၊ ကချင်ပြည်နယ်ကဧရာဝတီမြစ်ကြီးရဲ့ မူလအစမှာ မြစ်ဆုံဆည်ကြီး တည်ဆောက်နေတာကို မြန်မာပြည်သူတရပ်လုံးက အုန်းအုန်းကြွက်ကြွက်ကန့်ကွက်နေကြပါတယ်၊ ဧရာဝတီမြစ်ကြီးဟာ မြန်မာနိုင်ငံ၊ မြန်မာပြည်သူများရဲ့ အသက်သွေးကြောကြီးပါ၊ တရုတ်ပြည်အတွက် ရေအားလျှပ်စစ်ဓာတ်တွေ ထုတ်လုပ်ရောင်းချဖို့ ရည်ရွယ်ချက်နဲ့ တရုတ်အစိုးရပိုင်ကုမ္ပဏီများ ဆောက်လုပ်နေကြတဲ့ မြစ်ဆုံဆည်ကြီးဟာ မြန်မာပြည်အတွက် ကြီးမားလှတဲ့ ပြန်ပြင်လို့မရတဲ့ ပျက်ဆီးဆုံးရှုံးမှုတွေကို ဖြစ်ပေါ်စေမှာပါ၊ အခုအချိန်ကဖြင့် မြန်မာအာဏာပိုင်များအတွက် အပြောင်းအလဲတခုဆီ ရွေ့လျားရမည့် အချိန်ပါပဲ၊ သူတို့ဘယ်လို ရပ်တည်ကြမလဲ၊ ပြည်သူလူထုရဲ့ အသံကိုနားထောင်၊ ပြည်သူလူထုရဲ့ ဆန္ဒကိုလက်ခံပြီး ဒီမကောင်းဆိုးဝါးစီမံကိန်းကြီးကို ရပ်တန့်ဖို့ ကြိုးစားမှာလား? ဒါမှမဟုတ် တရုတ်အစိုးရရဲ့အကျိုးစီးပွါးကို ကာကွယ်၊ တရုတ်က ပေးကမ်းနေတဲ့ အထောက်အပံ့တွေကို ဆက်လက်တပ်မက်ပြီး ဆည်ကြီးကို ဆက်ဆောက်စေမှာလား? ပြည်သူလူထုက ရှေ့က ဖုန်းကွယ်ထားတာတွေကို ဖော်ထုတ်ပြီး အမှန်တရားကို ပို၍ပို၍သိချင်နေချိန်မှာ တွေ့နေရတာကတော့ တရုတ်အာဏာပိုင်များနဲ့ မြန်မာအာဏာပိုင်များ ရဲ့ မစားရ ဝခမန်းပြောနေတဲ့ ဆည်ကြီးကြောင့်ရရှိမည့် အကျိုးစီးပွါးတွေအကြောင်း လိမ်ညာမှုတွေပါပဲ၊ သမ္မတဦးသိန်းစိန်အစိုးရဟာ မြန်မာနိုင်ငံကို တရုတ်နိုင်ငံရဲ့ လက်အောက်ခံ ဖြစ်စေတော့မှာလား?
နေပြည်တော် မှသူများသို့
မြန်မာနိုင်ငံမှာ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (International Amnesty Organisation) အဖွဲ့ ခွဲ ဖွဲ့ ခွင့်ပေးရမည်။ လွတ်လပ်စွာ လှုပ်ရှား သွားလာ စည်းရုံးခွင့်ပေးရမည်။ ဒီအချက်တွေ မရရှိမချင်း ယခု အစိုးရဖွဲ့ စည်းသည့် လူ့ အခွင့်ရေး ကော်မတီသည် ညာစားအဖွဲ့  သာဖြစ်သည်။
ရွေးကောက်တင်မြှောက်ခံရခြင်းမဟုတ်သော ၂၅% ရာနှုန်းသော စစ်ဖက်မှ လွှတ်တော် တွင်း နေရာယူနေသော အမတ်များရှိနေသမျှ မြန်မာနိုင်ငံသည် ဒီမိုကရေစီ ရှိပြီး ဟုမယူဆနိုင်သေးပါ။
ဒီမိုကရေစီစံနစ်ဆိုသည်မှာ = ပြည်သူများမှ မိမိသဘောအရ ကိုယ်စားလှယ်တစ်ဦးကို ရွေးချယ်ပြီး မိမိတို့ ၏ဆန္ဒကို တင်ပြ ပြီး လွှတ်တော်တွင် မဲခွဲ ဆုံးဖြတ်ပြီး နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသဖြင့် တို့ ကို ဥပဒေရေးဆွဲ ပြဌာန်းခြင်း စံနစ်။
စစ်တပ်ရဲ့ အခန်းဟာ ကာကွယ်ရေး ၀န်ကြီးရဲ့ လက်အောက်မှာရှိရမှာ ဖြစ်တယ် ဗိုလ်ချုပ်မှုးကြီး ရဲ့ လက်အောက် မှာ စစ်တပ်သည် ရုပ်သေးရုပ် မဖြစ်စေရ။ ကာကွယ်ရေးဝန်ကြီးဆို တာ ပြည်သူကရွေးကောက် တင်မြှောက်သော လွှတ်တော်အမတ်များထဲမှ ဖြစ်ရမည်။

Sep 26, 2011
သီပေါမင်း
Sep 19, 2011
မြန်မာပြည်မှ မျိုးပွါးနောက်တိုးဖားတစ်ကောင်အကြောင်း
ဘယ်နိုင်ငံသွားသွား မြန်မာနိုင်ငံသားမပါလို့ ပြောတာနဲ့ ငတုံး၊ ငအ၊ နလပိန်းတုံး၊ ကလေကချေ လို့ ဝိုင်းသမုဒ်ခံနေရတာ ဒီလို လူတွေ ညွှန်ကြားရေးမှုးဆိုတဲ့ ရာထူးကို ယူထားလို့ ပါ။ ဖားရင်လဲဖားပါ ဒါပေမဲ့ အမျိုးသားရေးသိက္ခာကို ချပြီးဖားတာကတော့ ဟောဒီလင့်ကဖားလို ဖြစ်နေပြီး။
ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ဝင်း ၏ ဟာသ။ ဒီလူ လူပျက်လုပ်စားဖို့ ကောင်းတယ်။ ဘာတဲ့ ..... ဒုတ် ဒုတ်ချင်း ဒါးဒါးချင်းတဲ့ 
သူ့ ရဲ့စကားကို ထုတ်နှုတ်ရလျှင်တော့ ဦးတင်ဝင်းက သတင်းဌာနကို အင်တာဗျူးမှာပြောတာ ".. အင်တာနက် ဆိုတာ ကျွန်တော်တို့ရုံး တရုံးလုံးတောင်မှ ကြည့်နိုင်တဲ့လူ ၄၊ ၅၊ ၁၀ ယောက်လောက်ပဲရှိတယ်။ ဒါတောင်မှ အလကားပေးထားတာ။ ရပ်ကွက်ထဲမှာ ပိုက်ဆံနဲ့ကြည့်ဖို့ဆိုတာက ပိုခက်တာပေါ့ဗျာ။ ဒီလိုအကျိုးမရှိတဲ့ဟာလေး..."
Internet ဟာ အကျိုးမရှိတဲ့ ဟာလို့ ဝေဖန်သွားတယ်။ ဆက်ပြီးတော့ "..အကျိုးအမြတ်ဆိုတာ တစ်ခုခုတော့ရှိရင် သင့်တော်တယ်လို့ ကျွန်တော် ထင်တာပဲလေ။ ဆုတ်ယုတ်တာရှိရင်လည်း အကျိုးအမြတ်နဲ့ ဘယ်ဟာက ပိုများလည်း အဲလိုပဲယှဉ်ရမယ်လေ။ ဒါတွေကတော့ ပညာရှင်ပိုင်းနဲ့ ဆိုင်သွားပါပြီ။ သာမန်အရပ်သူ၊ အရပ်သားနဲ့ မဆိုင်ပါဘူး...."
ခက်ပြီး သာမန်အရပ်သူနဲ့ ပညာရှင်ဆိုပြီး အဆင့်တန်းခွဲ ခြားသွားပြန်ပါပြီး။ ပညာရှင်ဆိုတဲ့ သူတွေဟာလဲ သာမန်အရပ်သူထဲကမဟုတ်လို့ ဘယ် ဂြိုလ်ကဖန်ဆင်းရှင်လဲ ဆိုတာရှင်းစမ်းပါဦး တင်ဝင်းညွှန်ကြားရေးမှုးခင်ဗျား။ ကျုပ်တို့ တိုင်းပြည်ဆင်းရဲနေတာ အဲလို ဖြုတ်ဦးနှောက်တွေ ညွှန်ကြားရေးမှုးနေရာယူပြီး ဖားစားနေတာများလို့ ပဲလို့ ပြောပါရစေ။
ဦးတင်ဝင်းသူငယ်တန်းပြန်သင်ပါလို့ ပဲ အကြံပေးပါရစေ။

Sep 16, 2011
အပြောကတော့ရွေမန်းပဲ
ကျွန်တော်ဒီမိုကရေစီဘက်တော်သား ပါလို့ ဦးရွှေမန်းကြီးကတော့ စင်ပေါ်ကနေ လွှတ်တော်မှာ ပြောချသွား တာပဲ။ ဒီလိုနဲ့ တချိန်တည်းမှာ ဗုံးကွဲမှုမှတ်တမ်းဓါတ်ပုံ ရိုက်သူကို ထောင် ၁၀ နှစ်တိုး ချလိုက်တာကတော အပြောနဲ့ အလုပ်နဲ့ မညီဖြစ်နေပြီး။ ဦးရွှေမန်း ကြီး ပြောတုန်းက တော့ ရွှေမန်းပြော ပြောပြီး ကတော့ ဖိုးသင်းမျောက် ဖြစ်နေပါပြီး။
Sep 12, 2011
Sep 9, 2011
တော်စမ်းပါ ကျော်ဆန်းရာ
ကျော်ဆန်း၏လူထုကို စော်ကားပြောကြားချက်
"မီဒီယာ လွတ်လပ်ခွင့်ပေးလိုက်ရင် ကျုပ်တို့ အရင်က ရော အခုလုပ်နေတဲ့ သောက်ဖြစ်မရှိတဲ့ အလိမ်အညာ လဒ်စားထားသောက်ထားတဲ့ ဟာတွေ အကုန်ပေါ်ကုန်မယ်။ မင်းတို့ မြန်မာပြည်သူတွေဟာ အဆင့်မရှိဖူး ဒါကြောင့်မီဒီယာ လွတ်လပ်ခွင့် ရေးချင်တိုင်းရေးခိုင်းလို့ မရဖူး။ ငါတို့ အုပ်ချုပ်ရေးအာဏာယူထား တဲ့ သူတွေပဲ တော်တယ် တတ်တယ်။"
Sep 6, 2011
လွတ်လပ်သော တိုင်းပြည်ကမီဒီယာ
သြစတေးလျနိုင်ငံဆစ်ဒနီ မြို့ရဲ့ မိသားစုရေးရာတရားရုံးအနီး တိုက်ခန်းတစ်ခုတွင် လွန်ခဲ့သော နှစ်နာရီခန့်က ကလေးငယ်တစ်ဦးကို ခေါ်ဆောင်ပြီး ဗုံးခွဲပစ်မည်ဟု ချိန်းချောက်မှုလုပ်နေပါတယ် ဒါကို မီဒီယာက တိုက်ရိုက်ချက်ခြင်းအသံလွှတ်မှုပြုလုပ် ပြီး အင်တာနက်စာမျက်နှာများမှာလဲ ချက်ခြင်းကြည့်နိုင်ပါတယ်။ ရန်ကုန်မြို့ ပေါ်မှာ ဗုံးခွဲမှုကို ဘေးမှ ဓါတ်ပုံရိုက်ယူမှုကြောင့် ပြည်သူတစ်ဦးအနေနှင့် လျှပ်စစ်ဥပဒေဆိုသော နှိပ်ကွပ်ရန် သတ်မှတ်ထားတဲ့ မတရားဥပဒေနှင့် လွတ်လပ်သော ပြည်သူတစ်ဦး၏ လွတ်လပ်မှုကို နှောက်ယှက်လေ့ရှိတာ အုပ်ချူပ်နေတဲ့ ကြံ့ဖွတ်အစိုးရမှ လူထုကို စော်ကားခြင်းသာဖြစ်ပါတယ်လို့ သုံးသပ်မိပါသည်။ (ကြည့်လို့ မရလျှင် ဘလော့ဇာကို ပြန် reload လုပ်ပါ)
Sep 5, 2011
အမေဇုံတောတွင်းမှ ပျောက်ဆုံးနေသော ကျောက်ခေတ်လူသား မျိုးနွယ်စု ကိုတွေ့ ရှိခြင်း
နေပြည်တော်ရှိဂူအောင်းမျိုးနွယ်စုနှင့်နှိုင်းယှဉ်ကြည့်ရအောင် ဘယ်သူကပိုပြီး ဖေါ်ရွေရင်းနှီးမှုပိုရှိလဲဆိုတာ
ပီလူးနှင့် ဘရာဇီးနိုင်ငံနယ်စပ်တွင်း တောတွင်းတွင် ရှေးဟောင်းလူသားမျိုးနွယ်စုကို ရှာဖွေမှတ် တမ်းတင်ထားသော ပထမဆုံးဗွီဒီယိုမှတ်တမ်းဖြစ်သည်။ ၂၀၀၈ ခုနှစ်တွင် ၄င်းရွာပေါ် မှဖြတ်သန်း သွားသော လေ ယဉ်ပျံကို မြှားနှင့်ဝိုင်း ပစ်ပုံကို လေယဉ်ပေါ်မှ ဓါတ်ပုံရိုက်ထားသော ပုံကို နိုင်ငံတကာ သတင်းများမှ ဖေါ်ပြအပြီး ယခုဘရာဇီးအစိုးရ၏ခွင့်ပြုချက်ဖြင့် ထိုလူသားမျိုးနွယ်စုကိ ဆက်သွယ် မှတ်တမ်းတင်ခြင်းဖြစ်သည်။
"This video is no longer available" ဆိုတဲ့  စာတမ်းပေါ်လာလျှုင် ဘလောက်ဇာ (Blowser) ကို flash-Reload ပြန်လုပ်လိုက်ပါ။ ထိုမှ ကြည့်လို့ မရသေးလျှင် Adobe Flash player ကို update လုပ်ဖို့ လိုပါမည်။

Sep 2, 2011
ခွေးဇာတိနှင့် သာသနာဖျက် သိန်းစိန်အစိုးရလုပ်ရပ်
ရန်ကုန်မရမ်းကုန်းရှိ ဇမ္ဗူသီရိ ဗိမာန်တွင် မနေ့ညဟောရန်စီစဉ်ထားသော ရွှေည၀ါဆရာတော်၏ တရားပွဲကို သိန်းစိန်အစိုးရအဖွဲ့ မှ ပိတ်ပင်တားမြစ်လိုက်သည်။ မည်သည့်အကြောင်းကြောင့် ပိတ်သည်ဖြစ်စေ ဗုဒ္ဓဘာသာ တိုင်းပြည်မှာ ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဟောမည့်တရားပွဲကို ပိတ်ပင်ခြင်းဟာ သာသနာဖျက် လုပ်ရပ် ပဲဖြစ်သည်။
ဒါကြောင့်သိန်းစိန်အစိုးရသည် သာသနာဖျက်အစိုးရတရပ်ဖြစ်သည်ဟု သတ်မှတ်နိုင်သည်။ ခွေးတစ်ကောင်၏ အမြီးသည် ဘယ်လိုပင် ကျဉ်ထောင့်စွပ်ဖြောင့်စေသော်လည်း နဂိုမှ ခွေးဇာတိအတိုင်း ပြန်ပြန်ကောက်လေ့ရှိ သကဲ့ သို့ သိန်းစိန်အစိုးရသည်လဲ နာမည်ဘယ်လိုပြောင်းပြောင်း ခွေး၏ဇာတိမှန်တို့ အတိုင်းအကျင့်က ပျောက် ရိုးထုံးစံမရှိဖြစ်နေသကဲ့သို့ ပင် ဖြစ်လေသည်။

Subscribe to:
Posts (Atom)