တနေ့ ထိုင်းနိုင်ငံတွင် အာဆီယံအစည်းဝေးသို့ တက်ရောက်အပြီး သတင်းစားရှင်းလင်းပွဲလုပ်ရန် ဗိုလ်ချုပ်သန်းရွေ၊ ဗိုလ်ချုပ်မောင်အေး နှင့်ဗိုလ်ချုပ်သိန်းစိန်တို့ သုံးဦး ခန်းမထဲသို့ ဝင်လာလေသည်။ အခန်းနာမှုးထိုင်းလူမျိုးမှ ခန်းမတွင်းဝင်ရောက်လာသူများအား အမည်ကြေငြာလေသည်။
ယခုရှေ့ ဆုံးမှ ကြွရောက်လာသူကတော့ မြန်မာနိုင်ငံမှ နံပါတ် ၁ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး သန်းရွေဖြစ်ပါတယ်ခင်ဗျား၊ ဗိုလ်ချုပ်ကြီး သန်းရွေစင်မြင့်ပေါ်နေရာယူပေးပါရန်။ ကြေငြာအပြီး ဗိုလ်ချုပ်ကြီးသန်းရွေ အခန်းနာမှုးနောက်နားမှ ဖြတ်ကာ စင်မြင့်ပေါ်တက်ပြီး ထိုင်ခုံတွင်ဝင်ထိုင်လိုက်လေသည်။ ထို့ နောက် အခန်းနားမှုးမှ ထပ်မံပြီး ဗိုလ်ချုပ်မောင်အေး နံပါတ် ၂ ခေါင်းဆောင် စင်မြင့်ပေါ်သို့ ကြွရောက်ပါရန်ပန်ကြားပါသည်။ ဗိုလ်ချုပ်မောင်အေး စင်ပေါ်အတက်အခန်းနားမှုးမှ ၄င်း၏ပုခုံးအားလက်နှင့်တိုက်မိသွားလေသည်။ ထိုအခါ အခန်းနားမှုးမှ တောင်းပန်စကားပြောလိုက်သည်။ "Oh I am so sorry" ထိုအခါ ဗိုလ်ချုပ်မောင်အေးမှ "Me too" ဟုပြန်ပြောလိုက်သည်။ ဤတွင် ဗိုလ်ချုပ်မောင်အေး အနောက်နားမှ ကပ်ပါလာသော ဗိုလ်ချုပ်သိန်းစိန် ယခု သမ္မတဦးသိန်းစိန်မှ အခန်းနားမှုးအား အလျင်မြန်ပင် အော်ပြောလိုက်သည်။ "Me three"
Objective Burma Burma blog
Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။
ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။
Apr 30, 2011
Apr 29, 2011
မြန်မာနိုင်ငံတွင်သုံးခဲ့ပြီးသော အလံများ
ဘယ်အလံရဲ့ အောက်မှာ မြန်မာလူမျိုးနှင့်တိုင်းပြည်ဟာ အကျော်ကြားဆုံး၊ အတိုးတက်ဆုံး၊အလွတ်လပ်ဆုံးဖြစ်ခဲ့ ပြီး ဘယ်အလံအောက်မှာ အဆိုးရွားဆုံးပြည်သူတွေခံစား ပြီး ကမ္ဘာအဆင်းရဲဆုံးဖြစ်သွားလဲ သလဲဆိုတာခုနှစ်များနှင့်တိုက်ဆိုင်ကြည့်နိုင်ပါသည်။ ဒါဆိုလျှင်ဘယ်အစိုးရသောက်သုံးမကျဆုံးလဲဆိုတာအထင်ရှားဆုံးသိမြင်နိုင်သည်။ ပုံကိုနှိပ်ပြီး အကြီးချဲ့ကြည့်ပါ။
Apr 28, 2011
ရှမ်းပြည်နယ်တွင် ကျေးရွာများကိုသိန်းစိန်အစိုးရတပ်မှ မီးရှို့ ဖျက်ဆီးလိုက်ခြင်း
27 Apr 2011
ရှမ်းပြည်နယ် မောင်းပိုင်မြို့နယ် တွင်းရှိ ရွာများမှ လားဟူနှင့် ပလောင်လူမျိုးများနေအိမ်ခြေ ၇၀ခန့် ကို ယခုလ ၁၉ ရက်တွင် ၄င်းနယ်တွင်း အခြေစိုက်သော ခလရ ၄၃ သိန်းစိန်အစိုးရတပ်များမှ ၄င်းရွာသားများအား SSA ရှမ်းတော်လှန်ရေးတပ် နှင့်ဆက်နွယ်သည် ဟုစွပ်စွဲပြီး အိမ်ခြေများကို မီရှို့ ဖျက်ဆီးလိုက်ကြသည်ဟု ထွက်ပြေးလွတ်မြောက်လာသူရွာသားများက ပြောပြကြသည်။ အချို့ သောသူများကို ဖမ်းဆီးရိုက်နှက်ပြီး နှိပ်စက်မှုများ ပြုလုပ်နေသည်ဟုလည်း ထွက်ပြေးလာသူများမှပြန်လည်ပြောပြကြသည်။
Source: Shan Herald

အမေရိကန်မှာ
27 Apr 2011
သမ္မတ အိုဘားမားသည်၊ သူသည် အမေရိကန်နိုင်ငံတွင် မွေးဖွါးသူမဟုတ်ဟု ကောလဟလများထွက်ပြီး လူပြောများနေသောကြောင့် ကောလဟလများ ကိုချေဖျက်ရန်သူ့ ၏မွေးစာရင်းလက်မှတ်ကို အများပြည်သူသို့ မီဒီယာမှ တဆင့်ထုတ်ပြလိုက်ရသည်။
အမေရိကန်၏ အခြေခံဥပဒေအရ သမ္မတနှင့်ဒုသမ္မတတို့ သည် အမေရိကန်တွင်မွေးဖွါးသူများသာဖြစ်ရမည်ဖြစ် သည်။ အိုဘားမား၏မွေးစာရင်းလက်မှတ်အရ သူသည် အမေရိကန်ပြည်ထောင်စု ဟာဝါရီတွင် သြဂုတ်လ ၄ ၇က် ညနေ ၇နာရီ ၄၂ မိနစ် ၁၉၆၁ ခုနှစ်တွင် Kapiolani Maternity and Gynecological ဆေးရုံမှာမွးဖွါးသည်ဟုဖေါ်ပြထားသည်။

Apr 26, 2011
ဗိုလ်ချုပ်ကြီးများ ၏ အိုင်ကျူ
တခါက ဗိုလ်ချူပ်သန်းရွေသည် ကုလသမ္မဂအစည်းအဝေးသို့ အသွားတွင် သမ္မတ အိုဘားမားနှင့် မျက်နှာချင်းဆိုင်စကားပြောနေရင်း။
ဗိုလ်ချုပ်သန်းရွေ။ ။ ကျုပ်က ကမ္ဘာကြီးနဲ့ အဆက်သွယ်ပြတ်နေတာကြာပြီးဆိုတော့ မေးရဦးမယ်။ ခင်ဗျားက လုပ်ငန်းဆောင်တာတွေလုပ်ဖို့ တွက် အမေရိကန်နိုင်ငံကြီးရဲ့ အထွေထွေ အတွင်းရေးမှုး အဖြစ်အရည်ချင်းရှိသူတွေကို ဘယ်လိုရွေးချယ်တာလဲ။
အိုဘားမား။ ။ ကျုပ်ကမေးခွန်းလေးတွေမေးပြီး ဖြတ်ထိုးညာဏ်ကောင်းသူတွေကို ရွေးတယ်။ ဒီမှာ ကျုပ်သက်သေပြမယ်။
အိုဘားမားက အနားမှဟယ်လီကလင်တန်ကို ခေါ်မေးလိုက်သည်။

ဗိုလ်ချုပ်နေ၀င်းဓါတ်ပုံနှင့်သူဌေးဖြစ်သွားသူ
ကျွန်တော်ငယ်စဉ်ကမိသားစုမှာ လက်္ဘရည်ဆိုင်ဖွင့်ထားသောကြောင့် ကျွန်တော်လဲ ကျောင်းအားရက် မိသားစုလက္ဘ်ရည်ဆိုင်တွင် စားပွဲထိုး ၀င်လုပ်ပေးလေ့ရှိသည်။ လက်္ဘရည်ဆိုင်ဆိုသည်မှာအများသိကြတဲ့တိုင်းလူ စုံ အကြောင်းရာစုံပြောကြဆိုကြနှင့်အချိန်ဖြုံးစရာ၊ ယောကျာင်္းများအတင်းတုပ်ရာနေရာတစ်ခုမဟုတ်ပါလော။
အဲဒီချိန်က လူကြီးများပြောများသည့်အကြောင်းရာတစ်ခုကတော့ဗိုလ်ချုပ်နေ၀င်း ဓါတ်ပုံနှင့်သူဌေးဖြစ်သွားသူအကြောင်းဖြစ်သည်။
ဗိုလ်ချုပ်ကြီးနေ၀င်းကြီး အိမ်စောင့်အစိုးရလက်ထက်မှ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသို့ စစ်ဝတ်စစ်စား အစိုးရမှသည် အရပ်သားအ၀တ်အစားဝတ်အစိုးရအဖြစ်သို့ ကူးပြောင်းစဉ်ကာလပေါ့၊
ဦးနေ၀င်းတွင် ငယ်စဉ်စာတိုက်တွင်အလုပ်လုပ်စဉ် ငယ်သူငယ်ချင်းလုပ်ဖေါ်ကိုင်ဖက် ဦးချိုဆိုတစ်ဦးရှိလေသည်။ တနေ့ တွင်၎င်း၏လူယုံ ထမင်းချက်ကုလားမူတူး (နာမည်မှန်မေ့နေသည်)။ နှင့် စကား ပြောဆိုရင်း ထို၎င်းသူငယ်ချင်းဦးချိုဆိုသူအား သတိတရရှိသည်နှင့် ဘေးနားမှ ဗိုလ်ချုပ်တစ်ဦးအား ငေါငေါက်ကာ "ဟေ့ကောင် ဟိုဗိုလ်ချုပ် ငါ့သူငယ်ချင်းမောင်ချိုကိုရှာပေးစမ်းကွာ"
ထိုဗိုလ်ချုပ်လဲ ဦးချိုအားရှာဖွေကာ ဦးနေ၀င်းရှေ့မှောက်ခေါ်လာခဲ့လေသည်။ဦးချိုမှာ စားရမဲ့ သောက်ရမဲ့ ဖြင့် လွန်စွာ ဆင်းရဲနေသည်ကိုဦးနေ၀င်းတွေ့ ရှိသွားလေသည်။
အဲဒီချိန်က လူကြီးများပြောများသည့်အကြောင်းရာတစ်ခုကတော့ဗိုလ်ချုပ်နေ၀င်း ဓါတ်ပုံနှင့်သူဌေးဖြစ်သွားသူအကြောင်းဖြစ်သည်။
ဗိုလ်ချုပ်ကြီးနေ၀င်းကြီး အိမ်စောင့်အစိုးရလက်ထက်မှ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသို့ စစ်ဝတ်စစ်စား အစိုးရမှသည် အရပ်သားအ၀တ်အစားဝတ်အစိုးရအဖြစ်သို့ ကူးပြောင်းစဉ်ကာလပေါ့၊
![]() | ||
အာဏာရှင်ဟောင်းနေ၀င်း |
ထိုဗိုလ်ချုပ်လဲ ဦးချိုအားရှာဖွေကာ ဦးနေ၀င်းရှေ့မှောက်ခေါ်လာခဲ့လေသည်။ဦးချိုမှာ စားရမဲ့ သောက်ရမဲ့ ဖြင့် လွန်စွာ ဆင်းရဲနေသည်ကိုဦးနေ၀င်းတွေ့ ရှိသွားလေသည်။
Apr 25, 2011
တတိုင်းပြည်လုံးပျော်အောင်လို့ 
အချိန်က နာဂစ်မုန်တိုင်းတိုက်အပြီး ယခင်ဗိုလ်ချုပ်ကြီးသိန်းစိန် (ယခုသမ္မတ)နှင့် ပြန်ကြားရေး ၀န်ကြီးဗိုလ်ချုပ်ကျော်ဆန်း၊ စက်မှုဝန်ကြီး ဦးသောင်း တို့ ရဟတ်ယဉ်ဖြင့် ဧရာဝတီတိုင်းတွင်း ပျက်စီးမှုများကို လိုက်လံကြည့်ရှုစဉ်တွင်။
သိန်းစိန်။ ။ ကျော်ဆန်း ငါခုနေ ပိုက်ဆံတစ်သိန်းပစ်ချလိုက်ရင် ရ့တဲ့ သူ တစ်ယောက်တော့ ဝမ်းသာမှပဲ
ကျော်ဆန်း။ ။ ဗိုလ်ချုပ်ကြီးခင်ဗျား ကျွန်တော်မျိုးကြီးကတော့ တစ်သောင်းထုပ် ၁၀ထုပ်ချရင် ၁၀ယောက်လောက်ဝမ်းသာမယ်ထင်တယ်။

ဘန်ကီမွန်းနှင့်ဗိုလ်ချုပ်ဦးနှောက်
ကုလသမ္မဂအထွေထွေအတွင်းရေးမှုး မစ္စတာ ဘန်ကီမွန်းသည် ရုရှားနိုင်ငံသို့ အရောက် စားသောက်ဆိုင်တစ် ဆိုင်သို့ ဝင်သွားရာ စားသောက်ဆိုင်တွင်း ဆိုင်းဘုတ်တွင် ရေးထားသောယနေ့ အထူးဟင်းလျှာများကိုဖတ်ရှု လိုက်ရာ အောက်ပါတိုင်းတွေ့ ရလေသည်။
ဗိုလ်ချုပ်မှုးကြီး နှင့် နိုင်ငံတော်အကြပ်အတည်း
တနေ့ ရန်ုကုန်မြို့ တော်ဝန်ကြီးရုံးတက်လာစဉ် ဦးဝိစာရ အ၀ိုင်းအနီးယဉ်များ ခါတိုင်းနေ့ထက်ပိုမိုပိတ်ဆို့နေသည် ကိုသတိထားမိသည်။ ဒါနဲ့ သူက ယဉ်ထိန်းရဲကို ခေါ်ပြီး အကျိုးကြောင်းမေးမြန်းကြည့်လိုက်ရာ။
ဦးသိန်းစိန်နှင့် အခြေခံဥပဒေထောက်ခံသောခွေးကလေးများ
တချိန်ကမြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်းတိုက်အပြီး ၀န်ကြီးချုပ်ဗိုလ်ချုပ်သိန်းစိန်ယခုသမ္မတကြီးဦးသိန်းစိန် သည် ဧရာဝတီတိုင်းတွင်း ကြည့်ရှုစဉ် ဘုန်းကြီးကျောင်းတကျောင်းသို့ အရောက် ဘုန်းကြီးကျောင်းသားလေးမှ
ကျောင်းအောက်မှ မွေးကင်းစခွေးကလေးများကို မွေးစားချင်သူများအားဝေငှပေးနေသည်။
ဘုန်းကြီးကျောင်းသား။ ဗိုလ်ချုပ်ကြီးခင်ဗျား ကျွန်တော့ရဲ့ ခွေးကလေးတစ်ကောင်လောက်မွေးစားပါလား။ သူတို့ ကအခြေခံဥပဒေကိုထောက်ခံကြပါတယ်။

Apr 24, 2011
ကိုကျော်သူဦးဆောင်သော နာရေးကူညီမှုအသင်း ၁၀နှစ်ပြည့်အခန်းနား
နာရေးကူညီမှုအသင်း၁၀နှစ်ပြည့်အခန်းနားကို ဧပြီလ ၂၃ ရက်တွင်ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဗိုလ်မှူးဗထူးလမ်း ရှိအသင်းရုံးတွင်ကျင်းပရာ ဒေါ်အောင်ဆန်းစုကြည်မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးစဉ်။
ဓါတ်ပုံ။ Eleven Media Group မှ
ဓါတ်ပုံ။ Eleven Media Group မှ
21 ရာစု စစ်ပွဲ၏ အဆင့်မြင့်ကွန်ပျုတာဂိမ်းနည်းပညာများ
ယမန်နေ့က US president Obama မှ မောင်းသူမဲ့ Remote Control ဖြင့်ထိန်းချုပ်ထားသည့် Drone တိုက်လေယဉ်ကို လစ်ဗျားနိုင်ငံတွင် အသုံးပြုရန် ခွင့်ပြုချက်ချပေးလိုက်ပါသည်။ အာဏာရှင် ကဒါဖီမှ မစ်ဇလာတာမြို့ ရှိ အရပ်သားများကို ၄င်း၏စစ်တပ်အင်အားဖြင့် ချေမှုန်းနေမှုကြောင့်အရပ်သားများစွာနေအိမ်မှထွက်ပြေးနေရပြီး နေ့စဉ်သေ
ကြေမှုများနှင့်ရင်ဆိုင်နေရသည် မှာ တလကျော်ခဲ့ပြီး၊ ထိုကဒါဖီ၏တပ်အားချေမှုန်းရန်တွက် ၄င်းရေဒီယို အဝေးထိန်းစံနစ်မောင်းနှင်သော တိုက်လေယဉ်ကို အသုံးပြုရန် US Air force မှယမန်နေ့ မှစတင်နေပြီးဖြစ်သည်။ ထို တိုက်လေယဉ်တိုက်ခိုက်မှုကြောင့် အစွမ်းကြောင့်တာလီဘန်များ နှင့် အယ်ကိုင်ဒါး၏အရေးပါသောခေါင်းဆောင်များအာဖဂန်နစ်စတန်တွင် အကြီးကျုယ်ထိခိုက်ကျဆုံးမှုနှင့်ရင်ဆိုင်ခဲ့ရပါသည်။
အိုဘားမားမှ၎ငိးမောင်းသူမဲ့ ကွန်ပြူတာဖြင့်ထိမ်းချုပ်ထားသော လေယဉ်ကိုသုံးရန်ဆုံးဖြတ်ချက်ချအပြီး ကဒါဖီ၏လက်ကျန် နောက်ဆုံးအစိုးရမှ၎င်း၏တပ်များကို မစ်ဇလာတာမြို့ မှပြန်ဆုပ်ခွါပေးမည်ဟု ပြည်ပမီဒီယာများမှတဆင့်ကြေငြာခဲ့ပါသည်။

![]() |
မောင်းသူမဲ့အဝေးထိန်းစံနစ်တိုက်လေယဉ် |
![]() |
၎င်းကို ထိမ်းချုပ်ရာအခန်းနှင့်အရာရှိများ |
Apr 23, 2011
Apr 22, 2011
ဒေါ်စု အင်တာဗျုးနှင့်အတူ ရွေးကောက်ပွဲတွင်း လျို့ဝှက်ရိုက်ထားသော ရုပ်သံ ၂၄ ဧပြီ
လာမည့် တနင်္ဂနွေနေ့  ဧပြီ ၂၄ သြစတျေးသျနိုင်ငံ ဆစ်ဒနီ၊ မဲဘုန်း အချိန် ည ၈း၃၀ တွင် သြစတျေးသျှနိုင်ငံရှိ တီဗွီလိုင်းတစ်ခုဖြစ်သော SBS Channel မှ ဒေါ်အောင်ဆန်းစုကြည် အားမေးမြန်းခန်းနှင့် ရွေးကောက်ပွဲတွင်း ညစ်ပတ်မှုများကို သတင်းထောက်အချို့ လျို့ဝှက်ရိုက်ကူးထားသော ဗွီတီယို မှတ်တမ်းကို ထုတ်လွင့်မည်ဟုသိရပါသည်။
သြစတေးသျှနိုင်ငံ ပြင်ပတွင် နေသူများလည်း ဤနေရာကို နှိပ်ပြီး ကြည့် နိုင်သည်ဟုသိရပါသည်။
မှတ်ချက်။ အင်တာနက်ပေါ်ကြည့်လိုသူများ ကြည့်မရပါက နောက်ဆုံးပေါ် Flash Player ကို
ဟောဒီကနေ Download လုပ်ပြီး install လုပ်ထားရပါမည်။
မှတ်ချက်။ အင်တာနက်ပေါ်ကြည့်လိုသူများ ကြည့်မရပါက နောက်ဆုံးပေါ် Flash Player ကို
ဟောဒီကနေ Download လုပ်ပြီး install လုပ်ထားရပါမည်။
Apr 21, 2011
မြန်မာစစ်သားများ ရှမ်းတော်လှန်ရေးတပ်ထံ လက်နက်ချခြင်း
During these days, a large number of soldiers from Burma Army troops fighting with the Shan State Progress Party/ Shan State Army (SSPP/SSA) in Shan State South, have reportedly been deserting from the battlefields, local sources reported.
Apr 20, 2011
အင်းသား၊ စစ်စားကား နှင့် ဖက်ဆစ်စစ်ဗိုလ်များ
မော်လမြိုင်နေ တော့ မော်လမြိုင်သား၊ မန္တလေးနေတော့မန္တလေးသား၊ အညာကလာတော့အညာသား၊ ကျုပ်အင်းလေးမှာ အလုပ်လုပ်တုန်းက အင်း သားတွေ နဲ့ နေ့စဉ်သိကျွမ်းခဲတယ်။ ညညဆို လသာသာ အောက်မှာ မီးပုံပုံလို့ စောင်ခြုံ လို့ ဟိုအကြောင်းဒီအကြောင်းပြောနှင့် အဲဒီ ချိန်ကအရသာဟာ နိုငံတကာရောက်မြန်မာ မိသားစု များရဲ့ စနေ၊တနင်္ဂနွေနေ့ ဝိုင်းတွေ နဲ့ ဘာမှနှိုင်းလို့  ယှဉ်လို့ မရလောက်အောင်ကိုပါပဲ။ အင်းသားဆိုတာက၊ သူတို့ အပြောမတော့ ဟိုးယခင် အလောင်းစည်သူမင်းလက်ထက် တိုင်းခန်းလှည့်စဉ် ထားဝယ်ဖက် ကခေါ်ဆောင်လာ တဲ့ ကျေးတော်ကျွန်တော်၊ ဒါက စာအုပ်ထဲပြောတာပဲ၊ ဟုတ်မဟုတ်တော့ မသိဖူး။ လွန်ခဲ့တဲ့ ၂၀ နှစ်က သမိုင်း ကိုတောင်ကမောက်ကမ ဖြစ်နေမှတော့ ဟိုးနှစ်တစ်ထောင်ဝန်းကျင်ဆိုဘယ်လိုနေမလဲပဲ။ စကားစပ်မိလို့ ကျေးကျွန်ခေါ်ဆောင်တယ်ဆိုတာ ပိုရှင်းအောင်ပြောရရင် ဂျပန်ခောတ်ချွေးတပ်ဆွဲ ပြီး သေမင်းတမန်လမ်းခင်းသလို၊ ယခုခောတ် နအဖ စစ်တပ်များမှ ပေါ်တာဆွဲ ပြီး မိုင်းရှင်ခိုင်းသလို၊ ပစ္စည်းထမ်းခိုင်းသလိုပေါ့ဗျာ။ အဲဒီ ထားဝယ်နယ်သားတွေကို အလောင်းစည်သူမင်းကြီးက သူ့ တပ်အင်အားနှင့်ချွေးတပ်ဆွဲဖမ်းခေါ်ပြီး
Apr 19, 2011
မြန်မာဗိုလ်ချုပ်ကြီးများ တည်တွင်ခဲ့သော အုပ်ချုပ်ရေးစံနစ်သစ်
စစ်ဗိုလ်ချုပ်ကြီးများမှ ၁၉၆၂ ခုနှစ်မှစတင်ကာ နှစ်ငါးဆယ်ကြာ သုတေသနပြုလုပ်ရာ အောက်ပါ မြန်မာ့နည်း မြန်မာ့ ဟန်အုပ်ချုပ်ရေး စံနစ်သစ်ကြီးကို ရှာဖွေ တွေ့ ရှိခဲ့ ပါသည်။
အောက်ခြေ၀န်ထမ်းများ
ဟေ့လူ ကျုပ်တို့ ကို အပြစ်မတင်နဲ့ ဗျ၊ ဒါတာဝန်အရ အထက်က အမိန့် ပေးလို့ လုပ်ရတာ။ ကျုပ်တို့ ကအထက် က အဆင့်ဆင့် အမိန့် ပေးလာလျှင် လိုက်လုပ်ရမှာပဲဗျ။ ကျုပ်တို့ လဲ ခင်ဗျားတို့ ကို လုပ်ချင်လွန်းလို့ လုပ်နေတာ မဟုတ်ဖူး နားလည်ပေးပါဗျာ။
××××××××××××××××××××××××××××××××××××××××××××××××××××
အထက်လူကြီးများ၊ ဗိုလ်ချုပ်ကြီးများ။
ဟေ့ ဒါ မင်းတို့ အောက်ခြေက အစီရင်ခံတဲ့ အတိုင်းပဲလေ ငါတို့ နိုင်ငံတော် အဆင့်ကမင်းတို့ အောက်ခြေက အစီရင်ခံတဲ့အတိုင်း လိုက်ပြီး လိုအပ်သည်များကို ညွန်ကြား၊ ပံ့ပိုးရတာပဲ။
×××××××××××××××××××××××××××××××××××××××××××××××××××××
နိဂုဏ်းမတော့ စာရေးဆရာ အီကြာကွေး ပြောသလို ကောင်းလှောင့်တေး၊ ကောင်းလှောင့်တေး။
(မှတ်ချက်။ ကြက်ဥ နှင့် ကြက်မ ဘယ်ကစဖြစ်လဲဆိုတာတော့ တလောကသိပ္ပံပညာ ရှင်တွေရှာဖွေတွေ့  ရှိသွားပြီးတဲ့ ။ ခုလဲအထက်ပါကိစ္စကျုပ်တို့  သုသေသနပြုသင့်တယ်ဗျိုး)

Apr 18, 2011
စစ်ဗိုလ်ချုပ်ကြီးများ တန်ခိုး အရိုးအိုးမှသည် ဘုရားဆံတော်ရှင်သို့ 
ပါးစပ်သမိုင်းသာ ရှိခဲ့သော ထိုသီလရှင် အရိုးအိုးဘုရား ကြီးဟာ န၀တ (နအဖ) လက်ထက် အရောက် နေ့ ချင်း၊ ညချင်း မြတ်ဘုရား ဆံတော်ကိန်းအောင်းရာ စေတီဘုရားတဆူ အဖြစ်သို့ ပြောင်းလဲ သွားပါတော့သည်။
ယနေ့ က နှစ်ဆန်းတစ်ရက်နေ့ ဆိုတော့ အချိန်ကာလ နှင့်ဆက်စပ်ပြီး ကြားဖူးနားဝ သမိုင်းကြောင်းလေးတစ်ခု ဖောက်သည်ပြန်ချပါရစေ။
ဘုရား၊ကျောင်း၊ကန်၊ ရွာ ဆိုပြီး မြန်မာ့လူ့ ဘောင် အဖွဲ့ အစည်းမှာ ရှေးယခင်တည်းက ရွာ ရှိလျှင် ကိုးကွယ်ဆည်းကပ်စရာ ဘုန်းတော်ကြီး ကျောင်းရှိရမည်။ ကျောင်းရှိလျှင် ဘုရားရှိရမည်။ ဘုရားရှိလျှင် ကန်ရှိရမည်။ စသည်ဖြင့် ဘု၇ားကျောင်းကန် ဆိုပြီး တွဲ ခေါ်ခဲ့သလို မုဒုံမြို့ ရှိ ကျေးရွာလေး တရွာ၊ ခုတော့ ရွာကြီးပေါ့ဗျာ။ အဲဒီယခင် ရွာလေး၊ ယခုရွာကြီး မှာ ဘုရားတစ်ဆူရှိတယ်။ ဘွဲ့ အမည်ကတော့ဖြင့် ရိုးဂိုးဘုရား၊ ထိုဘုရားကို အမှုပြု ပြီး ပဝေဿဏီကာလက နာမည်မရှိဘာမရှိနှင့် ဒီတိုင်း လယ်ယာလုပ်သူများ စုပြီးနေထိုင်ရာအိမ်ခြေအနည်းငယ်သာရှိရာကရွာ၇ယ်ဖြစ်လာခဲ့တာကိုး။ရွာဖြစ်လျှင်အမည်သညာခေါ်တွင်စရာ ရှိရမယ်လေ။ သို့ ကလို နဲ့ ပဲ ထိုရွာအား ထိုရိုးဂိုးဘုရားကို အစွဲပြုပြီး ရိုးဂိုးရွာ ဟုခေါ်တွင်လေသတည်း။ ဤကားမွန်လူကြီးများတဆင့်စကားနှင့်တဆင့်နားနှင့်ပြောကြားခဲ့ကြသောပါးစပ်သမိုင်းကြောင်းဖြစ်ပါသည်။ ယနေ့ မော်လမြိုင်ရှိ အသက် ၇၀ ကျော်လူကြီးများ မေးကြည့်လျှင်သိနိုင်ပါသည်။
Apr 16, 2011
ရန်ကုန်တိုက်ကြီးရှိ ခမရ ၇၀၉ နှင့် ၇၁၀ တို့ အားရည်ညွန်းချက်။
တပ်မတော်သားတွေ မိမိ အခွင့်အရေးတွက် မိမိကိုယ်တိုင် တိုက်ယူမှရမည်။ ယနေ့ မြန်မာစစ်သားတွေ ကြည့်လိုက်ရင် စားရမဲ့ သောက်ရမဲ့၊ ဒီအခြေနေတွေက ကျော်ချင်ရင် မိမိတို့ ကိုင်ထားတဲ့ လက်နက်နှင့် မိမိတို့ ဖာသာ ရုန်းထွက် တိုက်ပွဲ ၀င်မှရမည်။ ပြည်သူ ၀မှ တပ်သားဝမည်။ စစ်ဗိုလ်ချုပ်တစ်ဦး ကောင်းစားတာ ယူမလား စစ်တပ်တတပ်လုံးကောင်းစားတာယူမလား၊
သေချာစဉ်းစားဖို့ ၊ ပြတ်သားဖို့ ရဲရင့်ဖို့ အချိန်တန်ပြီ။
မင်းတုန်းမင်းလက်ထက် အမေရိကန် နှင့် ဆက်ဆံရေး
မင်းတုန်းမင်းမှ အမေရိကန် သမ္မတ James Buchanan ထံသို့ ပေးပို့ သော နှစ်နိုင်ငံ မဟာမိတ်ပြုရန် ဿဝန်လွှာ၊ မူရင်းမှာ ပါးလွှာစွာ ခတ်ထားသော ရွေအစစ်ဖြင့် ပြုလုပ်ထားသည့် ရွှေပေစာဖြစ်သည်။ မကြာသေးခင်က ဂျာမဏီနိုင်ငံပြတိုက်တွင် အများပြည်သူ ကြည့်ရှုရန် ခေတ္တထုတ်ပြထားသေးသည်။
အမေရိကန်မှ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ခန့် အပ်
![]() |
Mr. Derek Michell |
Apr 15, 2011
သီပေါမင်း ရဲ့ နောက်ဆုံး စာတစ်စောင် ၁၉၀၈ ခုနှစ်
စာက နှစ်မျက်နှာ၊ ဒုတိယ စာမျက်နှာက တခြားတဖက်မှာ လေလံပစ်သူက တဖက်ပဲ နမှုနာ ပြထားသည်။ တကယ်ဆို သန်းရွေ အစိုးရနှင့်ယ ခုသိန်းစိန်အစိုးရထ မြန်မာ့ ရှေးဟောင်း အမွေ နှစ်များ ကိုဖေါ်ထုတ်သည် ဟု ပြောနေငြားလည်း သမိုင်းဝင် အရာများကို ထိထိရောက် အရေးတယူစောင့်ရှောက်မှု လိုအပ်သလောက် လုပ်ဆောင်မှုကို သိသာစွာမတွေ့ ရသေးပါ။ ယခုကဲ့ သို့ သမိုင်းဝင် နောက်ဆုံးမြန်မာ မင်းဆက်၏စာကို ပုဂ္ဂိုလိက ပိုင်ဆိုင်မှုလက်ထဲမှ ပြန်လည် ၀ယ်ယူ၍ ပြတိုက်တွင် ထားရှိသင့်ပါသည်။ လူတစ်ဦး ချင်းအနေ နှင့် ဒေါ်လာ ၄၊၅ ထောင် ပေးဝယ်ရလောက်အောင် တတ်နိုင်သူ မရှိပါ။
ရန်ကုန်တိုက်ကြီးရှိ ခမရ ၇၀၉ နှင့် ၇၁၀ တို့ ဒုတိယအကြိမ် ပစ်ခတ်
တပ်မတော်သားတွေ အခွင့်ရေးဟာ တပ်မတော်သားတွေကိုယ်တိုင် တိုက်ယူမှရမည်။ ရဲရင့်မှုမှသည် အောင်ပွဲဆီသို့ ။
ယခင်တကြိမ်ပစ်ခတ်ပြီး တိုင်းမှုး နှင့် ဒကစမှုး ဗိုလ်မှုးကြီး အောင်သီဟ ကိုယ်တိုင် ဖြေရှင်းသော်လည်း ယခုထိ မကျေလည်သေးကြောင်း။ တပ်တွင်း တောင်းဆိုမှုကတော့ အခြေခံဥပဒေပြင်ဆင်ရေး။ လစာတိုးရေး။ စစ်မှုထမ်းဟောင်း ဥပဒေပြင်ဆင်ရေး။ ပြည်သူထောက်ခံသော အစိုးရဖွဲ့ စည်းရေးတို ဖြစ်ကြောင်း။ ယခုတကြိမ်တွင် နှစ်ဖက်လုံး လက်နက်ကြီးများ ပါ ပြင်ဆင်ထားကြောင်း။
BBC NEWSး ဒီမှာနှိပ်ပြီး တိုက်ရိုက်ဖတ်ပါ။
Apr 14, 2011
Apr 13, 2011
Europe Union (EU) မှ အသစ်ဖွဲ့ အစိုးရအဖွဲ့ ဝင် အရပ်သား အချို့ အား ဗီဇာပိတ်ပင်မှု ယာယီ တစ်နှစ် ရုတ်သိမ်း
အောက်ပါ သတင်းအရ ဥရောပတိုင်းပြည်ရှိ မြန်မာ အင်အားစုများတွက် စိန်ခေါ်ချက် အသစ်ဖြစ်ပေါ်လာပါပြီး။ အမတ်မင်းများ တသက်တခါ နိုင်ငံခြားထွက်ချင်ဇောနှင့် အခွင့်ရေး၇ရတုန်း လာကြမှာပါ။ ဘယ်လို ဘယ်ချောင်ကနေ ဆန္ဒပြခံရမယ်ဆိုတာတော့ သိရှိသေးပုံမပေါ်ပါဖူး။ ဒီမိုကေ၇စီ အစိုးရအဖြစ် ၄င်းတို့ ဖာသာ သတ်မှတ်နေတော့ ကာ၊ အဲဒီမိုကရေစီရဲ့ အခြေခံ ဖြစ်တဲ့ ဆန္ဒပြပိုင်ခွင့် ကို ထိုအမတ်မင်းများ သိရှိအောင် တော့လုပ်ပြရမှာပဲ။
The EU will lift visa bans for one year on certain civilian members of the government, including the foreign minister. It also says a ban on high level visits to Burma would be lifted, anticipating access to senior levels of the government and key opposition figures. The EU says it would assess the new government by its deeds and review the sanctions accordingly.
အပြည့် စုံသို့ ။ VOA: Newsဥရောသမ္မဂ အဖွဲ့ မှ အသစ်တက် မြန်မာ အစိုးရအဖွဲ့ ဝင် အရပ်သား အချို့ အား ပြည်ဝင်ခွင့် ဗီဇာ ရုပ်သိမ်းပြီး လည်းကောင်း၏ အဆင့်မြင့် အရာရှိများ မြန်မာနိုင်ငံလည်ပတ်ခွင့် ကိုလည်း ခွင့် ပြုမည်ဟုပြောပါသည်။ သို့ သော် စီးပွါးရေး ပိတ်ဆို့ အရေးယူမှုကိုမူ အခြေနေပေါ်မူတည်ပြီး လေးလေးနက်နက် ဆန်းစစ်ပြီး မှ ပြန်လည်သုံးသပ်မည်ဖြစ်သည်။
Apr 12, 2011
Baby Government - အစိုးရ လက်သစ်ကလေး စောင့်ကြည့်ပေးစေချင်သူများသို့ 
တချို့ ကပြောကြတယ် အစိုးရက ခုမှ ရက်ပိုင်းကလေးပဲ ရှိသေးတယ် စောင့်ကြည့်ကြပါဦး ဆိုလို့  နှိုင်းယှည်ကြည့်မိတာပါ။ အရင် အစိုးရနှင့် ခု အစိုးရဘာကွာလဲ ဆိုတာ။ ပုံအရတော့၊ ၀တ်ပုံစားပုံကွာတယ်။ ဘယ်လို ၀တ်မယ်ဆိုတာကတော့ ဓါတ်ပုံမှာ တွေ့ ပြီး။ အဲဘယ်လို စားမယ်ဆိုတာတော့ ခင်ဗျားတို့ ပြောသလို စောင့်ပြီး တော့ ကြည့်ရမှာပဲ။
Apr 11, 2011
သိက္ခာမဲ့ ကြသူများ
---ဘုန်းကြီးတစ်ပါး တည်းရှိတဲ့ ကျောင်းက ဂေါပက ဥက္ကဌတောင် စားပွဲ လေးလုံးထဲ ရှိ တဲ့  လမ်းဘေး စားသောက် ဆိုင်လေးမှာ ထမင်းလာစားတာ ရှေ့ တော်ပြေး လွှတ်ပြီး...
တခါကအနောက်တိုင်းဟာသပုံပြင်တခု။
တနေ့ ၊ အရက်ဘားတစ်ခုမှာ အင်္ဂလိပ်လူမျိုးတစ်ဦးနှင့် ပိုလန်လူမျိုးတစ်ဦးတို့ ဟာ ဘားကာင်တာမှာ ဆုံမိရင်း စကားစမြည်ပြောကြတယ်။
- အင်္ဂလိပ်။ ။ ဟေ့ မင်းတို့ ပိုလန်တွေက ငွေဆို အရမ်းမက်မောတာပဲ။ ငွေကိုပဲ ငမ်ငမ်းတက် ရှာနေကြတယ်။ ငါတို့ အင်္ဂလိပ်တွေက ဂုဏ်သိက္ခာကို ငွေထက်ပိုမက်တယ်ကွ။ ငါတို့ က ဂုဏ်သိက္ခာကို ပိုငွေထက်ပိုတန်ဖိုးထားတယ်တဲ့ ။
Apr 10, 2011
ကူညီပါရစေ ရဲ့ ကူညီမှု ဘယ်သူ့ တွက်လဲ

Apr 9, 2011
မင်းမဲ့ စားရိုက်နှင့် စည်းကမ်းမဲ့ အစိုးရ လူစိတ်မဲ့ အရာရှိတို့ ရဲ့ တပ်မတော်
ဂစ္ဆပသတင်းဌာန မှ သတင်း
ခလရ ၂၃၃ တပ်ရင်းမှ တပ်သား ၂ ဦးကို ၄ လအတွင်း ပစ်သတ်ဖြတ်
ခလရ ၂၃၃ ရှေ့တန်း (ရတ)တပ်ရင်းမှ လက်နက်အပြည့်အစုံဖြင့် ၄ လအတွင်း အသီးသီး တိမ်းရှောင်သည့် တပ်သား တင်ထွန်းနှင့် မင်းဇော်ဦး ၂ ဦးကို ပစ်သတ်ဖြတ် လိုက်ကြောင်း သတင်းရရှိသည်။

အာဏာရှင် ရဲ့ နောက်ဆုံး တောင်းခံစာ
ဗုံးကျဲမှုတွေ ရပ်ပေးပါဟု ကဒါဖီမှ တောင်းခံစာ။ လွန်ခဲ့သော ၄ ပတ်က အကုန်မျိုးဖြုတ်ပစ်မည်ဟုကြိမ်းဝါး နေသူအာဏာရှင် ဒီနေ့ တော့ ရုပ်ဝါဒီထက် စိတ်ဓါတ်ရေးရာအရ ပိုမိုထိခိုက်မိပါသည် ဟုအသနားခံ စာရေးပြီး ဗုံးကျဲမှုတွေ ရပ်ပေးရန် US နှင့် NATO သို့ တောင်းခံ။
Apr 8, 2011
မှော်ဘီတပ် နှင့် ရန်ကုန်တိုင်းတပ်တို့ ပစ်ခတ်ကြ
ဘီဘီစီသတင်း
ဧပြီ (၇) ရက် နံနက် ၄နာရီတွင် ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်တွင် ရှိသော ခမရ (၇၀၉) တပ်ဖွဲ့ အချို့ နှင့် ခမရ (၇၁၀) များ ပစ်ခတ်မှုဖြစ်ပွါးပြီး တစ်ဦးသေ၊ တစ်ဦး ဒါဏ်ရာရ ဟု တပ်ကြပ်တစ်ဦးပြော။
ဧပြီ (၇) ရက် နံနက် ၄နာရီတွင် ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်တွင် ရှိသော ခမရ (၇၀၉) တပ်ဖွဲ့ အချို့ နှင့် ခမရ (၇၁၀) များ ပစ်ခတ်မှုဖြစ်ပွါးပြီး တစ်ဦးသေ၊ တစ်ဦး ဒါဏ်ရာရ ဟု တပ်ကြပ်တစ်ဦးပြော။
ပုဂ္ဂလိကကျောင်းများအောင်စာရင်းဧပြီလ ၁၈ တွင်ထုတ်
၂၀၁၀-၂၀၁၁ ပညာသင်နှစ်တွင် ရန်ကုန်၌ စမ်းသပ် လုပ်ကိုင်ခွင့် ပြုခဲ့သည့် ပုဂ္ဂလိကကျောင်းများ၏ စာသင်နှစ် ပြီးဆုံး၍ အောင်စာရင်း ထုတ်ပြန် ကြေညာခြင်းအား ဧပြီလ ၁၈ ရက်နေ့တွင် ၎င်းတို့နှင့် တွဲဖက်ထားသည့် အခြေခံပညာ ကျောင်းများ၌ ထုတ်ပြန် ကြေညာသွားမည် ဖြစ်ကြောင်း သတင်း ရရှိပါသည်။
နိုင်ငံတော်ကြီးနှင့် Airport Tax in U$$$$
င်္င်္ဧပြီလ ၁ရက်မှစတင်ပြီး ရန်ကုန်လေဆိပ်ရှိ Airport tax ကို U$ 1၀ (၁၀ ဒ်ါလာ)နှုန်းနှင့် ကောက်ခံနေပါပြီး။ ကျပ်ငွေ နှင့် ပေးမရတော့ပါ။ အဲတော့ နိုင်ငံတော် ကြီးတို့ သတ်မှတ်ထားတဲ့ ဥပဒေဖြစ်တဲ့ နိုင်ငံခြားငွေ လက်ဝယ်တွေ့ ရှိသူများ ဥပဒေအရ အရေးယူမည်ဆိုတော့ ကျုပ်တို့  နိုင်ငံသားတွေက ဘယ်က နိုငံခြားငွေ အမေရိကန်ဒေါ်လာကို ရှာပြီး တရားဝင် အခွန်ဆောင်ရမှာလဲ နိုင်ငံတော်ကြီးတို့ ရေ။ ကိုယ်ထုတ်တဲ့ဥပဒေနဲ့ ကိုယ် ထုတ်တဲ့ စည်းကမ်း ကိုယ့်ဖာသာလဲ ပြန်စမ်းစစ်ကြည့်ပါဦး နိုင်ငံတော်ကြီးတို့ ခင်ဗျား။ နိုင်ငံတော်ကို ချစ်လှစွာသော နိုင်ငံတော်ကြီးတို့ ကဘာကြောင့် များ ကိုယ်ထုတ်တဲ့ ပိုက်ဆံ ကျပ်ငွေကို ကိုယ်ပြန်လက်မခံရလည်း ဆိုတာ နိုငိငံတော်ကြီး ဦးသိန်းစိန် အဖြေပေးပါခင်ဗျား။
ခွေးသေကောင် စားသော စစ်သားများ
ကဒါဖီ ယနေ့ သမတ္တအိုဘားမားထံ စာတစ်စောင် လိပ်မူပို့ လိုက်ရာ၊ စာတွင့် ဗုံးကျဲတိုက်ခိုက်မှုများ ရပ်တန့် ပေးရန်တောင်းဆိုထားပါသည်။ အောက်ပါ ဗွီဒီယို ပုံမှာ ကဒါဖီ ယနေ့ အသုံးပြုနေသော အာဖရိက မှ ကြေးစား စစ်သားများအား လေ့ ကျင့်ပေးနေပုံဖြစ်သည်။ ခွေးသေကောင်အား အစိမ်းစားခိုင်း ပြီး လူစိတ်ပျောက်အောင် လေ့ကျင့်ပေးထားသော စစ်သားများကို ခါးပိုက်ဆောင် ကြေးစား တပ်အဖြင့် အသုံးချပြီး လစ်ဗျားတွင် မိမိအာဏာတည်မြဲ ရေးတွက် ကိုယ့်ပြည်သူ ကိုယ်ပြန် ပစ်သတ်နေသော အာဏာရှင် ဘယ်သို့ ပင် အင်အားကြီးပါစေ နောက်ဆုံး ကိုယ့်အလှည့် ရောက်တော့ သေမှာ ကြောက်ကြသည်ချည်းသာ။ ကဒါဖီတွင် ၄င်း၏ သားများနှင့် ထိုကြေးစား စစ်သား တစ်စုသာ ကျန်ပါတော့သည်။
Apr 7, 2011
သင်္ကြန်မှာ ရေပက်မှာလား စစ်တိုက်ထွက်ရမှာလား နိုင်ငံတော်ကြီးတို့ ရယ်
ယခုနှစ်သင်္ကြန်မှာ ရေကစားလို သူများတွက် မဏ္ဍပ်တွင် မိုင်းစွန့်ကျင်း၊ သဲအိတ်၊ တာယာကွင်းများ ထားရှိရမည်။ ဘလဲဟ ရေကစားမှာလားစစ်တိုက်မှာလား ပြောပါဦးသိန်းစိန်။
ဒီနစ်သင်္ကြန်စည်းကမ်း (သူတို့ အခေါ်ပေါ့လေ)
မဏ္ဍပ်ကြီးများတွင် CCTV ကင်မရာများ တပ်ဆင်ရန်အတွက် သက်ဆိုင်ရာ ကုမ္ပဏီများနှင့် ညှိနှိုင်းဆောင်ရွက်ရန်။ မသင်္ကာဖွယ်ရာများကို အနီးကပ် ဓာတ်ပုံ မှတ်တမ်းတင်နိုင်ရန်အတွက် သီးခြားဓာတ်ပုံ ရိုက်သူများ ထားရှိရမည်။
- လုံခြုံရေး ဆောင်ရွက်ရန်အတွက် တာဝန်ပေးအပ်ရာတွင် လုံခြုံရေးကုမ္ပဏီများမှ အတွေ့အကြုံရှိသော လုံခြုံရေးဝန်ထမ်းများ ငှားရမ်း၍ စည်းကမ်း ထိန်းသိမ်းရေးနှင့် လုံခြုံရေးကော်မတီမှ သတ်မှတ် ပေးထားသည့်အင်အားအတိုင်း တာဝန်ချထားရမည်။ လုံခြုံရေးကုမ္ပဏီများမှ လေ့ကျင့်ပြီး လုံခြုံရေး အနည်းဆုံး ၁၀ ဦး ငှားရမ်းအသုံးပြုရမည်။
Burma Profile
မြန်မာပြည်ရဲ့ အရေးပါသော နေ့ စွဲ များ ဘီဘီစီ မှမှတ်တမ်း အပြည့် ကြည့်ချင်လျှင် ဤနေရာကို နှိပ်ပါ။
1057 - King Anawrahta founds the first unified Burmese state at Pagan and adopts Theravada Buddhism.
1287 - Mongols under Kublai Khan conquer Pagan.
1531 - Toungoo dynasty, with Portuguese help, reunites Burma.
1755 - Alaungpaya founds the Konbaung dynasty.

Apr 6, 2011
ပြောက်ကျားတိုက်ပွဲ
RFA မှ ယနေ့ ထုတ်လွင့်ချက်အရ ရှမ်းပြည်နယ်ကွမ်ဟိန်းမြို့မှာ ရဲစခန်း အဆောက်ဦး အား လက်ပစ်ဗုံးခွဲ တိုက်ခိုက်မှုတစ်ခု ဖြစ်ပွါးခဲ့ပြီး တစ်ဦး သေဆုံး သုံးဦးဒါဏ်ရာရှိသွားခဲ့ သည်။
စစ်မှန်သော လွတ်လပ်ရေး တိုင်းပြည်မှာ မရသေးမခြင်း ဤသို့ သော ပြောက်ကျားတိုက်ပွဲများ ဆက်လက်ရှိနေမည်။ အာဏာရ ပုဂ္ဂုလ်များ အသိဥာဏ်ပညာရှိလျှင် ပြည်တွင်းစစ်အဆုံးသတ်ချင်လျှင် လွတ်လပ်သော တရားမျှတသော စစ်မှန်သည့် ပြည် သူ့ ဆန္ဒကို အဓီက အားပြုထားသည့် ရိုးသားသော စံနစ်ကို လက်တွေ့ အကောင်ထည် ဖေါ်ဖို့ လိုအပ်နေပါပြီး။ လွတ်တော် ထဲဝင် လက်ညှိုးထောင်ခေါင်းညိတ်၊ အတွင်းကြိတ်နှင့် လက်သိပ်ထိုးပြီး မိမိဘာသာ
Subscribe to:
Posts (Atom)